Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ လက်ရှိတာဝန်မှ အနားယူတော့မည်
  2. နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်
  3. DKBA နှင့် KNU/KNLA လက်အောက်ခံအဖွဲ့များ အများပိုင်တောင်ယာများအား ရောင်းချ

PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ လက်ရှိတာဝန်မှ အနားယူတော့မည်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဗိုလ်မှူးကြီးခွန်ဥက္ကာမှ အဖွဲ့၏ သုံးနှစ်တစ်ကြိမ်တာဝန်ထမ်းဆောင်မှု သက်တမ်းပြည့်ခြင်းနှင့် ကျန်းမာရေးချို့ယွင်းမှုအချို့တို့ကြောင့် လက်ရှိတာဝန်မှ အနားယူ တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ ထိုင်းနိုင်ငံ မဲပောာင်ဆောင်ဒေသ၌ ကျင်းပမည့် PNLO ညီလာခံတွင် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးနှင့် မပာာမိတ်ရေးရာများကို ကျွမ်းကျင်သည့်အတွေ့အကြုံရင့် လူငယ်လူရွယ် ခေါင်းဆောင်များ ကို ဒီမိုကရေစီနည်းနှင့်အညီ မဲခွဲရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ အသက်မှာ ၆၇ နှစ်ရှိပြီဖြစ်ပြီး ၎င်းသည် ၁၉၇၂ ခုနှစ်တွင် ရဲဘော်ဘဝဖြင့် ပအိုဝ်းတော်လှန်ရေးတပ်သို့စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှစတင်၍ PNLO တွင်ဥက္ကဋ္ဌ တာဝန်စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏လက်ထက်တွင် ရှမ်းပြည်နယ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ပြည်ထောင်စုအဆင့်သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုယ်စားလှယ်အဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၂၃ ရက်နေ့တွင် Myanmar Peace Center ၌ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီး အချက်(၉)ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

YC


နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်

ဧပြီ ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၂၂ ပါတီတို့ တွေ့ဆုံမည့်ပွဲ ကျင်းပမည်ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သော မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဖြစ်စဉ်များ အတွင်း နိုင်ငံရေး ပါတီဝင်များ ပါဝင်ပက်သက်ခဲ့မှုနှင့် ပက်သက်၍ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ဆိုင်ရာကိစ္စ ရပ်များ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဗဟို ကော်မတီဝင် ဦးဟန်ရွှေက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီများထံသို့ ပေးပို့ထားသော ဆွေးနွေးပွဲ ခေါင်းစဉ်များမှာ လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်း ပြည့်စုံမှန်ကန်မှုရှိရေး၊ မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှုများ၊ ပါတီများ၏ ကျင့်ဝတ်များ၊ ပါတီများ၏ ဘဏ္ဍာငွေ သုံးစွဲမှုများ အခြေအနေများ ၊ လူမှုရေးအသင်းအဖွဲ့များ နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်မှုများ အကြောင်း စသည့်အကြောင်းအရာများ ပါဝင်ကြောင်း ဖိတ်ကြားခံရသော ပါတီတချို့ မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါတီဝင်များအနေဖြင့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက် ဆက်နွှယ်ကြရာတွင် ပါတီဗဟိုပိုင်းမှ ညွှန်ကြားမှုမျိုး မဟုတ်ဘဲ သီးခြား ကိုယ်တိုင် ပါဝင်မှုဖြစ်ပါက ပါတီဘက်မှ ထုတ်ပယ် အရေးယူရမည်ဖြစ်ပြီး ပါဝင်မှုထင်ရှား ပါက နိုင်ငံတော်၏ တည်ဆဲ ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိတိကျကျ တိုင်ကြားမှုမျိုး မရှိသေးသော ကြောင့် မည်သည့်ပါတီကိုမှ အရေးယူခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်စဉ်များအတွက် လှုံ့ဆော်မှုများကို တချို့ ပါတီများက ပြုလုပ်နေ သည်ကို ကြားသိရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံရေးပါတီများ အနေဖြင့် ပဋိပက္ခ ဖြစ်စေမည့် ဟောပြောမှု၊ စည်းရုံး မှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချမှုမျိုး မပြုလုပ်ရန် ပြဌာန်းထား ကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည့်ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့၊ ကရင်ပြည်သူ့ပါတီ၊ တအောင်း (ပလောင်) ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ စဝေါ် ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း သိရှိရသည်။


DKBA နှင့် KNU/KNLA လက်အောက်ခံအဖွဲ့များ အများပိုင်တောင်ယာများအား ရောင်းချ

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် KNU/KNLA တပ်ဖွဲ့တို့၏ လက်အောက်ခံအဖွဲ့အချို့မှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အများပိုင်တောင်ယာများအားခုတ်ထွင်ရှင်းလင်းခြင်းများပြုလုပ်၍ ကျိုက်ဒုံမြို့ရှိ လုပ်ငန်းရှင်ထံသို့ ရာဘာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များမှ တောင်ယာများခုတ်ထွင်ရှင်းလင်း၍ ရောင်းချနေမှုများအပေါ် ဒေသခံများအနေဖြင့် ကြောက်ရွံ့မှုများရှိသည့်အတွက် မပြောကြားနိုင်သော်လည်း လက်ရှိ ခုတ်ထွင်ထားသည့်နေရာထက် ပိုမို၍ နေရာချဲ့ထွင်ရောင်းချမှုများပြုလုပ်ပါက တောင်သူများအနေဖြင့် အခက်အခဲနှင့်တွေ့ကြုံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါအဖွဲ့များမှ ခုတ်ထွင်ပြီးတောင်ယာများအား မီးရှို့ရှင်းလင်းခြင်း၊ သစ်၊ ဝါးနှင့် အင်ဖက်များအား ခုတ်ထွင်ရှင်းလင်းရောင်းချမှုများ ပြုလုပ်လျက်ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံများမှာ လည်း နေထိုင်ဆောက်လုပ်ရေး အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါဒေသခံတစ်ဦးက ပြောကြားသည်။

ကွင်းကလေး၊ ငယ်ဖာထော၊ မောကဲခီးနှင့် ကော့တနော် အစရှိသည့်ကျေးရွာများမှာ တိုင်းရင်းသားလက်နက်ကိုင်များ ခုတ်ထွင်ရှင်းလင်းလျက်ရှိသည့် အများပိုင်တောများကို အမှီသပဲာပြု၍ လုပ်ကိုင်စားသောက်ရလျက်ရှိကြောင်း သိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment