![]() | INTERNATIONAL MEDIA (1) |
နိုင်ငံတကာသတင်းများ
- အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၅)
(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)
(UPI မှ 18 April 2013 ရက်စွဲပါ No meddling allowed, Myanmar says သတင်းကို ဘာသာပြန်ဆိုသည်)
(Reuters မှ 18 Apr 2013 ရက်စွဲပါ “Muslims must be made to feel secure: Suu Kyi”သတင်းကိုဘာသာပြန်ဆိုသည်)
အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး
(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)
အပိုင်း ၅
မိတ္ထီလာလူသတ်ပွဲကြီးတွင် မျက်မြင်တစ်ဦးဖြစ်သူ ဦးလှသိန်းကပြောကြားရာတွင် အာဏာပိုင်များသည် အဆိုပါ ဖြစ်ရပ်များကို ဘာမှမလုပ်နိုင်ခဲ့ခြင်းမှာ အံ့သြဖွယ်ဖြစ်ကြောင်း ဆိုပါသည်။
“သူတို့ကြည့်ရတာ ဘယ်တော့မှ လာမှာမဟုတ်တဲ့ အထက်အမိန့်ကို စောင့်နေပုံပဲ”ဟု ၎င်းက ဆိုပါသည်။
အကြီးတန်းရဲအရာရှိကြီးတစ်ဦးက Reuters သို့ ပြောကြားရာတွင် ၎င်းအနေဖြင့် အဓိကရုဏ်းလုပ်ဆောင်နေသော လူအုပ်ကြီးကို အင်အားသုံးရပ်တန့်ရန် အမိန့်ပေးလာချိန်ကို မျှော်လင့်နေသော်လည်း ရဲများသုံးသည့် နံပါတ်တုတ် အသုံးပြုရန်ပင် ညွှန်ကြားလာခြင်းမရှိကြောင်း ဆိုပါသည်။
ယခုပုံစံမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော မူဆလင်ဆန့်ကျင်ရေးဖြစ်ရပ်များတွင် Reuters သတင်းထောက်များ တွေ့ရှိခဲ့သော ပုံစံနှင့် တထေရာတည်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော သေလောက်အောင် ဆိုးဝါးသည့်ဖြစ်ရပ်များမှာ စနစ်တကျလုပ်ဆောင်ထားသော ဖြစ်ရပ်များဖြစ်ကြောင်း ဗဟိုအစိုးရစစ်တပ် သတင်းရင်းမြစ်များအရ သိရပါသည်။ အဆိုပါဖြစ်ရပ်များကို ဗုဒ္ဓဘာသာမျိုးချစ်ရခိုင်များက ပြည်နယ်တွင်းရှိ အင်အားကြီး ရခိုင်ပါတီနှင့် ပူးပေါင်းကာ ဘုန်းတော်ကြီးများ၏ လှုံ့ဆော်မှုလည်း ရှိခဲ့ပြီး ဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၏ အကူအညီပင် ပါဝင်ကြောင်း အချို့မျက်မြင်များက ပြောပါသည်။
နောက်ဆုံး မိတ္ထ