Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားရဲ့ အဓိကတာဝန်က သစ္စာစောင့်သိမှုပါ၊ နိုင်ငံသားဖြစ်ပြီးတဲ့သူတွေ၊ နိုင်ငံသားဖြစ်ဖို့လျှောက်ထားတဲ့ သူတွေ နိုင်ငံတော်သစ္စာစောင့်သိမှုနဲ့ လက်ခံလာအောင် အများကြီးကြိုးစားရပါလိမ့်မယ်”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ရခိုင်ပဋိပက္ခအစီရင်ခံစာ ရှင်းလင်းပွဲပြုလုပ်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့လက်ရှိ ပြုပြင်ပြောင်းလဲရေးစနစ်တွေက စစ်မှန်တဲ့ ဒီမိုကရေစီကို ဦးတည်နေတယ်လို့ ပြောလို့ မရဘူး။ မြန်မာနိုင်ငံရဲ့အသွင်ပြောင်းလဲမှုစနစ်တွေက အရမ်းကိုပွင့်လင်းမြင်သာတယ်။ ဒါပေမယ့် ဘယ်သူကမှ သေချာတဲ့ ရလဒ်ကို မသိနိုင်သေးပါဘူး။ နိုင်ငံရေးစနစ်တွေ ပွင့်လင်းလာပြီဆိုပေမယ့် ဆုံးဖြတ်လို့မရတဲ့သမိုင်း ကြောင်းထဲမှာပဲရှိနေပါသေးတယ်။”

ဧပြီ ၃၀ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄) တွင်ပါရှိသော “ခိုင်မာတဲ့အပြောင်းအလဲဖြစ်ဖို့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိဖို့လို” သတင်းမှ မြန်မာနိုင်ငံရေးကို လေ့လာသူ ချက်သမ္မတနိုင်ငံ Masaryk University of Brno မှ မစ္စတာ အီဂေါ်ဘလာဇီဗစ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီဆန်ဆန် ကူးပြောင်းလာတဲ့ဒီအချိန်မှာ ပြည်သူတွေက သူတို့ရဲ့နစ်နာမှုတွေကို သူတို့ရဲ့ဘဝနဲ့ရင်းပြီး တောင်းဆိုကြတာပါ။ အဲဒါကို သဘောထားကြီး၊ နားကြီးကြီးနဲ့ နားထောင်မှုအားနည်းပြီး အရေးယူအပြစ်ပေးမှုတွေကို ထပ်မံမြင်တွေ့နေရပါတယ်။  အဲဒါကြောင့် ပြည်သူနဲ့ အစိုးရနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ရတဲ့ ဒီအချိန်မှာ တရားဥပဒေစိုးမိုးမှု တရားမျှတမှုနဲ့ညှိနှိုင်းမှုတွေလုပ်ပြီး အဖြေရှာသင့်ပါတယ်။”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် အကြမ်းဖက်ခံရသူများအား အရေးမယူသေးခြင်းကြောင့် ဆူးလေစေတီအနီး ဆန္ဒပြ” သတင်းမှ ပြည်သူ့အကျိုး ဆောင် ကွန်ရက်မှ ကိုဝေဋ္ဌု၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကိုဟန်ဝင်းအောင် အပါအဝင်လူရှစ်ဦးကို ဖမ်းဖို့လုပ်တဲ့အတွက် ဒေသခံရွာသားတွေက သူတို့ကို ဖမ်းမယ်ဆိုရင် ရွာသားအားလုံးကိုလည်း ဖမ်းပါဆိုပြီး ရဲစခမ်းမှာ လာအဖမ်းခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ ပတ်သက်တဲ့လူတွေ အားလုံးကိုဖမ်းမယ်ဆိုတဲ့ သတင်းကြားတဲ့အတွက်လည်း လာအဖမ်းခံတာပါ”

မေ ၂ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင် ဆန္ဒပြသူ ၅၀၀ ခန့် ရဲစခန်းတွင်လာရောက်အဖမ်းခံ” သတင်းမှ ဒေသခံ မယဉ်သွဲ့၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျမတို့ ရရှိထားတဲ့ အောင်မြင်မှုဟာ ပြည့်စုံလုံလောက်တဲ့ တိုးတက်အောင်မြင်မှု အဆင့်ရောက်ဖို့ သိပ်ကို ဝေးပါသေးတယ်။ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမအတွက်ကတော့ တိုးတက်တယ်ဆိုတာက ပြည်သူတွေရဲ့ နေ့တဓူဝဘ၀တွေမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ရှိလာတာကို ဆိုလိုတာ ဖြစ် ပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်းလာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး။ ပြည်သူတွေက သူတို့ရဲ့ ဘ၀တွေ ပိုမို ကောင်းမွန် တိုးတက်လာပြီလို့ ပြောနိုင်တဲ့ အခြေအနေကို ကျမတို့ မရောက်သေးပါဘူး။ အဲ့ဒီအခြေအနေ ရောက်အောင် ကျမတို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာလူမှုဘဝ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးဆဲ ဒေါ်စုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုနှစ်ဆုချီးမြှင့်မည်

Community Of Democracies ၏ ဝန်ကြီးဆိုင်ရာ ညီလာခံသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီစနစ် အောင်မြင်စွာဖော်ဆောင်နိုင်မှုအတွက် ဆုနှစ်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ သတင်းထုတ်ပြန်သည်။

Xpress Money မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံသားများဘဏ်နှင့် အသေးစား အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် ဗြိတိန်အခြေစိုက် Xpress Money ပူးပေါင်း၍ နိုင်ငံပေါင်း ၁၅၀ မှမြန်မာနိုင်ငံသို့ ငွေလွှဲပို့သည့် ဝန်ဆောင်မှုကို ဧပြီလ ၂၉ ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

Korea Bank မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်

အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း SME များအတွက် ဝန်ဆောင်မှုပေးမည့် Industrial Bank of Korea က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲကို ဧပြီလ ၂၉ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သီလဝါစီမံကိန်း အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်မည်

သီလဝါ အထူးစီးပွားရေး စီမံကိန်းဇုန်သည် မြေဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေရာ ပထမအဆင့်တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများသာရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နိုင်ငံတကာကုမ္ပဏီများကို ရင်းနှီးမြှပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

NLD မှစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား ဧပြီလ ၂၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင် ဦးဉာဏ်ဝင်း(ဥက္ကဌ)ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဒေါက်တာမျိုးအောင်၊ ဒေါ်လဲ့လဲ့၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး တို့ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment