Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ဝ သူပုန်များထံ တရုတ်က စစ်ဘက်သုံးရဟတ်ယာဉ်များပို့

(HIS မှ 29 April 2013 ရက်စွဲပါ China sends armed helicopters to Myanmar separatist သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရွေးကောက်ပွဲကိစ္စကို မြန်မာအစိုးရ စိစစ်သုံးသပ်လျက်ရှိ

(UPI သတင်းဌာနမှ 29 April 2013 ရက်စွဲပါ Myanmar examining election issues ကိုဘာသာပြန်ဆိုသည်)


ဝ သူပုန်များထံ တရုတ်က စစ်ဘက်သုံးရဟတ်ယာဉ်များပို့

(HIS မှ 29 April 2013 ရက်စွဲပါ China sends armed helicopters to Myanmar separatist သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ သူပုန်တပ်ဖွဲ့တစ်ခုဖြစ်သော UWSA ဝ တပ်ဖွဲ့သည် မြန်မြန်ဆန် လက်နက်ပြန်လည်တပ်ဆင်ရေး နောက်ဆုံးအစီအစဉ်အဖြစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်ကို ပထဆုံးအကြိမ် ရရှိသွားပြီဖြစ်သည်။

တရုတ်နိုင်ငံသည် TY – 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် တပ်ဆင်ထားသော Mi 17 Hip စစ်ဖက်သုံး ရဟတ်ယာဉ်များကို ဝ တပ်ဖွဲ့ထံ ပြီးခဲ့သော ဖေဖော်ဝါရီနှောင်းပိုင်းနှင့် မတ်လ အစောပိုင်းတွင် ပေးပို့ခဲ့သည်ဟု တိုင်းရင်းသားအုပ်စုများနှင့် မြန်မာအစိုးရ သတင်းရပ်ကွက်နှစ်ခုလုံးက ပြောကြားကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ခန့်က မြန်မာစစ်တပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်များအကြား စစ်ဖြစ်စဉ်ကာလတွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေစိုက်ခဲ့သော တရုတ်နွယ်ဖွား ဝ တိုင်းရင်းသားတပ်ဖွဲ့ UWSA သည် ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက် ရှည်လျားကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားပြီး လတ်တလောတွင် မြန်မာစစ်တပ်နှင့် ယိုင်နဲ့နဲ့ အပစ်ရပ်သဘောတူညီမှု ရယူထားပါသည်။

အဆိုပါ စစ်ဘက်သုံး Mi 17 ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံဘက်မှ တိုက်ရိုက်လာခြင်းမဟုတ်ဘဲ လာအိုနိုင်ငံဘက်မှ မဲခေါင်မြစ်ကို ကျော်ကာ နယ်မြေထဲသို့ ပျံသန်းရောက်ရှိလာခြင်းဖြစ်ပြီး အရေအတွက်မှာ ၅ စီးဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်သတင်းရပ်ကွက်က ပြောကြားသည်။ မြန်မာအစိုးရသတင်းရပ်ကွက်ကမူ UWSA သို့ ရဟတ်ယာဉ်များ ရောက်ရှိလာမှုကို အတည်ပြုသော်လည်း အရေအတွက်မှာ ၂ စီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ Mi 17 ရဟတ်ယာဉ်များတွင် TY – 90 တရုတ်လုပ် ဝေဟင်မှ ဝေဟင် တာတိုပစ်ဒုံးကျည် တပ်ဆင်ထားပုံရပြီး ဤသတင်းသာ မှန်ကန်ပါက မြန်မာစစ်တပ်က မကြာသေးမီက ရုရှားထံမှ ရရှိထားပြီး ကချင် KIA တပ်များအား တိုက်ခိုက်ရာတွင် အသုံးပြုနေသော Mi 24 P Hind တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ထိထိရောက်ရောက် တားဆီးနိုင်လိမ့်မည်ဟု တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်က ဆိုပါသည်။

ဝ တပ်ဖွဲ့ သည် မြန်မာနိုင်ငံတွင် တရားဝင်တိုင်းရင်းသားအဖြစ် အကျုံးဝင်သော်လည်း ၎င်းအုပ်စုကို ဗမာနှင့် တိုင်းရင်းသားအများစုက လိုလားကြခြင်း မရှိပေ။

ယခုကဲ့သို့ တရုတ်တို့က ဝ တပ်ဖွဲ့ကို စစ်ဘက်သုံးရဟတ်ယာဉ်များ ထောက်ပံ့ပေးလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုက မြန်မာနိုင်ငံအပေါ် ယခင်ကချမှတ်ထားခဲ့သော လက်နက်အရောင်းအဝယ် ပိတ်ပင်မှုကို မြန်မြန်ဆန်ဆန်ရုတ်သိမ်းပေးဖွယ်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးကြသည်။


ရွေးကောက်ပွဲကိစ္စကို မြန်မာအစိုးရ စိစစ်သုံးသပ်လျက်ရှိ

 (UPI သတင်းဌာနမှ 29 April 2013 ရက်စွဲပါ Myanmar examining election issues ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးစနစ်တွင် မဲပေးမည့်သူများ မှတ်ပုံတင်သည့်ကိစ္စနှင့် မဲပေးရမည့်အသိစိတ်တို့၌ အားနည်းချက်များဖြစ်ပေါ်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အကြီးအကဲပုဂ္ဂိုလ်ကပြောကြားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မြန်မာအစိုးရသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြန်လည်စိစစ်သုံးသပ်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကပြောသည်။ အဆိုပါ ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူအရာရှိကြီးများအဆိုအရ မဲပေးသူများမှတ်ပုံတင်ခြင်းနှင့် မဲပေးမှုနှင့်ပတ်သက်သည့်အသိတို့တွင် အားနည်းချက်များရှိနေသည်။ တရုတ်နိုင်ငံပိုင်သတင်းဌာနအဆိုအရ မြန်မာ့နိုင်ငံရေးပါတီများအတွက် ရန်ပုံငွေနှင့်ပတ်သက်၍လည်း ကွာဟချက်များ ကြီးမားစွာရှိနေသည်။

၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့သည့် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းရွေးကောက်ပွဲကျင်းပပြီးနောက် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီး ၂၀၁၂ ခုနှစ်၌ ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံလာရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအစိုးရတို့က ပိတ်ဆို့အရေးယူမှုများဖယ်ရှားပေးခဲ့သည်။ သို့သော် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ထိုသို့ဖယ်ရှားပေးမှုအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများကြောင့် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာကြောင်း ပြောကြားသည်။

International Crisis Group က ကျင်းပသော လူ့အခွင့်အရေးဆိုင်ရာ အခမ်းအနားသို့တက်ရောက်ခဲ့သော မြန်မာအရာရှိကြီးများအဆိုအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးရယူနိုင်ရန် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မည့် အစီအစဉ်များမရှိသေးကြောင်း NLD ပါတီဝင်များကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ အခြားနိုင်ငံသားများဖြစ်နေသောကြောင့် သူမအနေဖြင့် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့်မရှိပေ။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment