Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တရားဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အခွင့်အကောင်းယူ၍ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမြင့်တက်
  2. မြန်မာ့ပို့ကုန်ကဏ္ဍမြင့်တက်ရေး အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲမည်
  3. အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိမြန်မာနိုင်ငံနှင့် သင့်လျော်မှုမရှိကြောင်း Mr.Tim ၏ စာတမ်းငယ်တွင် ဖော်ပြ
  4. NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ကြေညာ

တရားဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အခွင့်အကောင်းယူ၍ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမြင့်တက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့၏ စစ်ဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIO တို့ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားနေမှုများကို ရပ်တန့်ထားသော်လည်း ကချင်ပြည်နယ်၌ တရားဥပဒေကင်းမဲ့လျက်ရှိသည့်အပြင် နိုင်ငံဝန်ထမ်းများမှ အဂတိ လိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါလုပ်ရပ်များအပေါ် အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသားများမှ ၎င်းတို့နိုင်ငံသို့ သစ်များခိုးထုတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့တွင် သစ်လုံးကားကြီးများ နေ့စဉ် ဝင်ထွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံမှခိုးဝင်လာသည့် သစ်လုံးကားများကို သစ်တစ်တန်လျှင် ယွမ်ငွေ ၁၂၀၀ အဖြစ် တရုတ် အာဏာပိုင်များက အခွန်ကောက်၍ လက်သင့်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသားတို့၏ မဆင်မခြင် သစ်ခိုးထုတ်မှုများကြောင့် သစ်တော ပြုန်းတီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများမှာလည်း ပိုမိုဆိုးရွားလာခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့် အဆိုပါကိစ္စရပ်များအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုများကို သက်ဆိုင်ရာ တောအုပ်၊ မြို့နယ် သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်သတင်းပို့မှုများရှိသော်လည်း အရေးယူမှုလုံးဝမရှိဘဲ လျစ်လျူရှုထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

YC


မြန်မာ့ပို့ကုန်ကဏ္ဍမြင့်တက်ရေး အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲမည်

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမြင့်တက်လာရေး အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲနိုင်ရေးအတွက် မေလ ၂ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံး၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကောင်စီ(ICT)နှင့် စီးပွား/ကူးသန်း ဝန်ကြီးဌာနတို့မှ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး နိုင်ငံတကာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများ၊ ပြည်တွင်းရှိ ဝန်ကြီးဌာနများ၊ စီးပွားရေး အသင်းအဖွဲ့များနှင့်သက်ဆိုင်ရာ စီးပွားရေးကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတစ်ခု၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာနိုင်ရေးအတွက် ဈေးကွက်၌ အဓိက ဦးစားပေး တင်ပို့ရမည့် ကုန်ပစ္စည်းများအပေါ်မူတည်၍ အမျိုးသားအဆင့်ပို့ကုန်မပာာဗျူပာာရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမူဝါဒဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်၍ နိုင်ငံတကာဈေးကွက်သို့ ပို့ကုန်များတင်ပို့နိုင်ရေးအတွက် အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြည်ပမှမော်တော်ယာဉ်တင်သွင်းမှုများကို ခွင့်ပြု ပေးခဲ့သည့်အတွက် ပြည်ပမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုကဏ္ဍတွင် သွင်းကုန်ထက် ပို့ကုန်ပမာဏမှာ ပိုမိုများပြားခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာသန်း ၉၃၂၀ နှင့် ပို့ကုန် သန်း ၈၉၂၂ သန်းရှိကြောင်း သိရသည်။

YC


အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိမြန်မာနိုင်ငံနှင့် သင့်လျော်မှုမရှိကြောင်း Mr.Tim ၏ စာတမ်းငယ်တွင် ဖော်ပြ

ပြည်တွင်းရှိ တိုင်းရင်းသားမပာုတ်သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများအကြား အငြင်းပွား လျက်ရှိသော အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ သုံးစွဲရန် သင့်လျော်မှုမရှိကြောင်း ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များဆိုင်ရာ ဒါရိုက်တာ Mr.Tim Meislurgrer ၏ ထွန်းသစ်စနိုင်ငံများမှ အချိုးကျကိုယ်စားပြုစနစ် စာတမ်းငယ်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စာတမ်းငယ်တွင် ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချိုးကျကိုယ်စားပြုစနစ်ထက် ကိုယ်စားလှယ် တစ်ဦးကိုသာ ရွေးချယ်ရသည့် မဲဆန္ဒနယ်မြေစနစ်သည် ပိုမိုသင့်လျော်ကြောင်းနှင့် မည်သည့်စနစ်အကောင်းဆုံးဆိုသည်မှာမူ မြန်မာပြည်သူများအပေါ်တွင်သာမူတည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်သည် ပါတီအများအပြား ဦးဆောင်ရသည့်စနစ်ဖြစ်သည့်အတွက် လူနည်းစုများအတွက် အခွင့်အလမ်းကောင်းနှင့်  ပါတီအသစ်များအတွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး အစိုးရမှ ပဋိပက္ခများ ဖြေရှင်းရာတွင် လွတ်လပ်စွာအာဏာခွဲဝေမှုပြုနိုင်သည့် အားသာချက်များရှိသော်လည်း အစွန်းရောက်စနစ်နှင့် တစ်ပါတီ စနစ်ကို ဖြစ်စေသည့် အားနည်းချက်များလည်းရှိကြောင်း သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်မည့် နိုင်ငံများအနေဖြင့် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည့်အပြင် ပါတီများမှာလည်း ဒီမိုကရေစီပါတီများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်း၏စာတမ်းငယ်တွင်ဖော်ပြထားသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ တောင်အာဖရိက၊ ဒိန်းမတ်၊ နော်ဝေ၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော စသည့်နိုင်ငံများဖြစ်သည်။

YC


NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ကြေညာ

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ဧပြီလ ၃၀ ရက်နေ့တွင် NLD ဗပာိုမှထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် NLD ပါတီ၏ ဗပာိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်နှင့် နန်းခင်ထွေးမြင့်တို့အား ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် NLD ပါတီ၏ ဒေသဆိုင်ရာ ပြည်နယ်နှင့်တိုင်း အလုပ်အမှုဆောင်အသီးသီးတို့၏ ဥက္ကဋ္ဌ(သို့)အတွင်းရေးမှူးတို့ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် အဖြစ်အပျက်များကိုပြောဆိုခွင့်ရှိကြောင်း သိရသည်။ ထိုသို့ ပြောဆိုရာတွင် မိမိတို့၏ သက်ဆိုင်သည့် ဒေသအဖြစ်အပျက်များကိုသာ ပြောဆိုရမည်ဖြစ်ပြီး သတင်းမီဒီယာများသို့ ပြောဆိုရာ၌ NLD ဗပာိုအလုပ်အမှုဆောင်အဖွဲ့သို့ အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဗပာိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အဖွဲ့ဝင်စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC


 

 

 

\


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment