Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

ကိုရီးယားကုမ္ပဏီများ ပြည်ပဈေးကွက်သစ် ချဲ့ထွင်ရန် ကြိုးပမ်း

(Korea Joongang Daily မှ 29 April 2013 ရက်စွဲပါ Companies trying out new oversea markets ကိုဘာသာပြန်ဆိုသည်)

ဂျပန်နှင့် တရုတ်နိုင်ငံတို့၏ ပြည်တွင်းစီးပွားရေးနှေးကွေးနေစဉ် တောင်ကိုရီးယားပြည်တွင်း လက်လီကုမ္ပဏီများက မြန်မာနှင့် တူရကီကဲ့သို့ ထူးခြားပြီးဆွဲဆောင်မှုရှိသော ပြည်ပဈေးကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။

အမြန်စား အစားအသောက်လုပ်ငန်းတစ်ခုဖြစ်သည့် Lotteria သည် မြန်မာဈေးကွက်ထဲသို့ဝင်ရောက်ရန် ပြင်ဆင် လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာအစားအသောက်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Lotteria အနေဖြင့် အရှေ့တောင် အာရှဒေသမှ မြန်မာနိုင်ငံတွင် ပထဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။

ထို့အတူ တောင်ကိုရီးယားမှ Home Shopping Mall ဖြစ်သော GS Shop ကလည်း တူရကီနိုင်ငံတွင် လာမည့် မေလမှစ၍ ၂၄ နာရီ Home Shopping TV Channel တစ်ခုစတင်ရန် ပြင်ဆင်လျက်ရှိသည်။

E-Land Group  ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Mixxo သည်လည်း တရုတ်နိုင်ငံတွင် စတိုးဆိုင်တစ်ဆိုင်ကို ပထမဆုံးဖွင့်လှစ်လိုက်သည်။

Lotteria သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အကြီးဆုံး Shopping Mall တစ်ခုဖြစ်သော Junction Square တွင် စတိုးဆိုင်တစ်ခုကို ပထမဆုံးဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ မြန်မာ့ဈေးကွက်ထဲသို့ တိုးချဲ့ဝင်ရောက်ရေးမှာ Lotte Group ၏ ပန်းတိုင်တစ်ခုဖြစ်သည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်စဖွင့်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစားအသောက် ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ထဲကို Lotte Group ဝင်ရောက်နိုင်ရေးအတွက် အနေအထားကောင်း တစ်ခုရအောင် အခိုင်အမာလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

မြန်မာနိုင်ငံသည် ယမန်နှစ်တွင် အစိုးရက ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာသည့်အချိန်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုခံနေရသည်။

Lottee Group ၏ ဥက္ကဌ Shin Dong bin သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာပြီး ပြည်တွင်းအစားအသောက်ကုမ္ပဏီ MYKO နှင့် သြဂုတ်လတွင် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

“Lotteria ကုမ္ပဏီဟာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကဲ့သို့သော ပြည်ပနိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းအတွေ့အကြုံရှိထားပြီး စားသောက်ဆိုင်စီးပွားရေးနဲ့ပတ်သက်လို့ နက်နက်နဲနဲ တတ်သိနားလည်ထားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်” ဟု Lotteria ၏ စီအီးအိုဖြစ်သူ Noh Il sik က ဆိုင်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည်။

“ယခုလို တတ်သိနားလည်မှုတွေနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတွေကို အခြေတကျ တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

Lotteria သည် ဗီယက်နမ်တွင် ၁၄၁ ဆိုင်၊ အင်ဒိုနီးရှားတွင် ၁၉ ဆိုင်၊ တရုတ်တွင် ၁၄ ဆိုင် အပါအဝင် ကမ္ဘာတစ်ဝန်း၌ ဆိုင်ပေါင်း ၁၇၅ ဆိုင်ဖွင့်လှစ်ထားပြီးဖြစ်သည်။

လာမည့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဆိုင်ပေါင်း ၃၀ ထိဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း၊ ရန်ကုန်မြို့လယ်ခေါင်တွင် သုံးဆိုင်၊ ရှော့ပင်းမောလ်များတွင် ခြောက်ဆိုင်နှင့် မော်တော်ယာဉ်ဖြင့်ရွေ့လားရောင်းချမည့် ဆိုင်တစ်ဆိုင်တို့ပါဝင်ကြောင်း Lotteria ကဆိုသည်။

GS Shop သည်လည်း တူရကီရှိ ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ လာမည့် မေလမှစ၍ TV Shopping Channel တစ်ခုကို ထုတ်လွှင့်မည်ဟု ဆိုသည်။

“GS Shop အနေနဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာပါ ဈေးကွက်တိုးချဲ့ပြီး ကမ္ဘာ့အကြီးဆုံး Home Shopping ကုမ္ပဏီတစ်ခုဖြစ်လာဖို့ ရည်မှန်းထားပါတယ်” ဟု ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

တစ်ချိန်တည်းမှာပင် ကိုရီးယားဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သော E-Land Group ကလည်း တရုတ်နိုင်ငံတွင် Mixxo အမှတ်တံဆိပ်ဖြင့် စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းတွင် ပထမဆုံး Mixxo စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment