Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအထူးဆွေးနွေးပွဲကျင်းပမည်
  2. ပြည်တွင်းစက်မှုဇုန်များ နိုင်ငံတကာအဆင့်မီရေးဆောင်ရွက်တော့မည်
  3. အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုဆိုင်းငံ့ခြင်း သက်တမ်းထပ်မံတိုးမြှင့်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအထူးဆွေးနွေးပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေရန် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ၏ စီးပွားရေး ဆိုင်ရာ အထူးဆွေးနွေးပွဲကို မေလ ၂၆ ရက်နေ့မှစတင်၍ သုံးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မန္တလေးနှင့် မုံရွာမြို့များတွင် ၂ ရက်ခွဲ၍ ၄ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် Mr.Ibobi မှဦးဆောင်၍ အိန္ဒိယအရှေ့မြောက်ပြည်နယ်များမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့နှင့်အတူ တက်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှလျှပ်စစ်စွမ်းအား ဝယ်ယူရေးအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် အိန္ဒိယပြည်နယ် မဏိပူရပြည်နယ် စက်မှု/ကုန်သွယ်ဝန်ကြီး Govindas Konthoujam တို့မှ နယူးဒေလီ မြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးနေစဉ် ကာလအတွင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးမှာ အိန္ဒိယနိုင်ငံတွင် ကျင်းပ လျက်ရှိသည့် အရှေ့မြောက်ပြည်နယ်များ စီးပွားရေးဆွေးနွေးပွဲ(NEBS)သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အိန္ဒိယ-မြန်မာ စစ်ဘက်နှင့် အရပ်ဖက်အရာရှိကြီးများ ပါဝင်သည့် အိန္ဒိယ-မြန်မာနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ရေးရာ၊ နှစ်နိုင်ငံ စစ်ဘက်၊ အရပ် ဘက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသော ချင်းတိုင်း ရင်းသားများ အကာအကွယ်ရရန်နှင့် ကူညီထောက်ပံ့မှုများ ရရှိနိုင်စေရန် ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်လွှတ်တော်သို့ တိုက်တွန်း သွားရန် ချင်းအမျိုးသားပါတီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC


ပြည်တွင်းစက်မှုဇုန်များ နိုင်ငံတကာအဆင့်မီရေးဆောင်ရွက်တော့မည်

လက်ရှိအချိန်တွင် လွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဌာန်းပြီးဖြစ်သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်လာချိန်တွင် နိုင်ငံသားနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်စေရန် ပြည်တွင်းရှိ စက်မှုဇုန်များကို နိုင်ငံတကာအဆင့်မီနိုင်ရေးအတွက် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စက်မှုဇုန်များ အဆင့်မှီရေးဆောင်ရွက်ရာတွင် စက်ရုံများတွင်လိုအပ်သည့် ရေ၊ မီးပစ္စည်းများနှင့် ဇုန်စီမံခန့်ခွဲ သည့်အဖွဲ့များ၊ လုံခြုံရေးအဖွဲ့များကိုပါ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် စက်မှုဇုန်မြေကွက်များအား မသမာ သူများက ဈေးကစားမှုမပြုလုပ်နိုင်စေရန်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်းရှိ အသေးစား၊ အလတ်စားစက်မှုဇုန်လုပ်ငန်းများအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲလျက်ရှိပြီး လုပ်ငန်းရှင်အချို့၏ စက်မှုဇုန်မြေဈေး ကစားနိုင်ရေး ၀ယ်ယူထားသည့် မြေကွက်များကိစ္စ ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာရန် ရှိသော်လည်း အခြေခံ လိုအပ်ချက်များဖြစ်သည့် ရေ၊ မီးနှင့် ကျွမ်းကျင်လုပ်သား မပြည့်စုံမှုများကြောင့် ပြည်ပလုပ်ငန်းရှင်များမှာ ရင်းနှီးမြှုပ်နှံမှုများပြု လုပ်ရန်စောင့်ကြည့်လျက်ရှိပြီး အစိုးရမှ အဆိုပါကိစ္စရပ်များအား ဖြေရှင်းပေးနိုင်မှသာ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ၀င်ရောက်လာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် လက်ရှိရေးဆွဲလျက်ရှိသည့် အထူးစီးပွားရေးဇုန်ဥပဒေတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ တန်းတူ အခွင့် အရေးရရှိရေးနှင့် စတော့ရှယ်ယာဈေးကွက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာနိုင်ရေးအတွက်လည်း နိုင်ငံတကာတွင် ပြဌာန်းထားသည့် ဥပဒေများကိုလေ့လာ၍ ရေးဆွဲထား ကြောင်း သိရသည်။

YC


အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုဆိုင်းငံ့ခြင်း သက်တမ်းထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို အား ပေးသည့်အနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုဆိုင်းငံ့ခြင်းကို တစ်နှစ်သက်တမ်းထပ်မံ တိုးမြှင့်ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့မှု ဆိုင်းငံ့ခြင်းကို တစ်နှစ်သက်တမ်း တိုးမြှင့်ပေးခဲ့သော်လည်း လုံးဝရပ် ဆိုင်းလိုက်ခြင်း မပာုတ်သည့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် အခက်အခဲ အနည်းငယ် ရှိနေသေးကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ မြန်မာအစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ပိတ်ဆို့မှုအချို့ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ၂၀၁၂ မေလ ၂၀ ရက်နေ့မှ ၂၀၁၃ ခုနှစ် မေလ ၂၁ နေ့အထိ ကျန်ပိတ်ဆို့ အရေးယူမှုများကို ဆိုင်းငံ့ပေးခဲ့ ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ မြို့တော်သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမားနှင့်လည်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့ သည့် အပြင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment