Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. K Bank က ကမ္ဘောဒီးယားနှင့် မြန်မာတွင် အသက်အာမခံလုပ်ငန်းအတွက် စဉ်းစား

(4 May 2013 ရက်စွဲပါ Bangkok Post မှ K Bank mulls life insurance niche abroad ကို ဘာသာပြန်ဆို ပါသည်)

  1. အမေရိကန်ကော်မရှင် အစီရင်ခံစာက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟုဆို

(3 May 2013 ရက်စွဲပါ UPI မှ US report : Myanmar’s reforms are failing ကို ဘာသာပြန်ဆိုပါသည်)


K Bank က ကမ္ဘောဒီးယားနှင့် မြန်မာတွင် အသက်အာမခံလုပ်ငန်းအတွက် စဉ်းစား

(4 May 2013 ရက်စွဲပါ Bangkok Post မှ K Bank mulls life insurance niche abroad ကို ဘာသာပြန်ဆို ပါသည်)

ကာဆီကွန်ဘဏ်(K Bank)သည် ၂၀၁၆ ခုနှစ်အာဆီယံဈေးကွက် တစ်ခုတည်းဖြစ်လာချိန်အတွက် ပြင်ဆင်သည့် အနေဖြင့် ရှေ့မှဦးဆောင်နေရာယူသော မဟာဗျူဟာအရ မြန်မာနှင့် ကမ္ဘောဒီးယားတွင် အသက်အာမခံ ဝန်ဆောင်မှုပေးနိုင် ရေး ရှာဖွေလျက်ရှိပါသည်။

ဒုတိယဥက္ကဋ္ဌ Krisada Lamsam ကပြောကြားရာတွင် နိုင်ငံခြားတွင် ငွေကြေးဝန်ဆောင်မှု ဖြည့်ဆည်းရေးကို အပြည့်အဝလုပ်ဆောင်ရာတွင် လွတ်လပ်စွာလုပ်ကိုင်ရန်မလွယ်ကြောင်း၊ ဒေသတွင်းပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် စည်းမျဉ်း ဥပေဒများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မည့်သည့်နယ်ပယ်တွင် လုပ်ကိုင်ရမည်ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်ကြောင်း ဆိုပါသည်။

K Bank သည် ဇန်နဝါရီလက ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းအတွက် အခွင့်အလမ်းရှာခဲ့သည်ဟု ၎င်းကဆိုပါသည်။

မကြာသေးမီ နှစ်များအတွင်း ကမ္ဘောဒီးယားတွင် ငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်သော စည်းမျဉ်းများ ဖြေလျှော့ ခဲ့မှုကြောင့် K Bank ကမျက်စိကျခဲ့ပါသည်။

K Bank သည် ထိုင်းနိုင်ငံတွင် အကြီးဆုံးဘဏ်ဖြစ်ပြီး၊ Maung Thai အသက်အာမခံ၏ အဓိကရှယ်ယာရှင် ဖြစ်ပါသည်။

၎င်းသည် Maung Thai Fortis Holding ၏ ၅၁% ကိုပိုင်ဆိုင်ပြီး ထို့ကြောင့်  Maung Thai အသက်အာမခံတွင် ၇၅%  ပါဝင်ပါသည်။

၎င်းသည် ယင်း၌ငွေစာရင်းရှိသူ ၁၀.၉ သန်းအနက် ၄၅% က နှစ်နှစ်အတွင်း Maung Thai အသက်အာမခံ ပေါ်လစီကျင့်သုံးရန် မျှော်မှန်းထားပါသည်။

ပထမကွာတားအတွက် K Bank ၏ အသားတင်ဝန်ဆောင်မှုနှင့် အခြားဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကထက် တက် လာပြီး(၇.၁၄)ဘီလီယံ ဘတ်ရှိခဲ့ပါသည်။ ၎င်းသည် SET စာရင်းဝင်ဘဏ်ဖြစ်ပြီး K Bank ၏ ဝင်ငွေကို ခြုံငုံကြည့်ပါက မနှစ်ကထက် ၂၈.၅% တက်လာပြီး (၃၃) ဘီလီယံဘတ်ရှိခဲ့ပါသည်။

SET ယမန်နေ့က ပိတ်သိမ်းချိန်တွင် K Bank ရှယ်ယာသည် ၂၀၇ ဘတ်ရှိပြီး၊ (၆၆၃)သန်း ဘတ် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။


အမေရိကန်ကော်မရှင် အစီရင်ခံစာက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မအောင်မြင်ဟုဆို

(3 May 2013 ရက်စွဲပါ UPI မှ US report : Myanmar’s reforms are failing ကို ဘာသာပြန်ဆိုပါသည်)

အမေရိကန်အစိုးရ ကော်မရှင်တစ်ခုက မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဘာသာရေး ဆိုင်ရာလွတ်လပ်ခွင့်ကို စနစ်တကျချိုးဖောက်ရာတွင် တာဝန်ရှိသည့် အမည်မည်းစာရင်းဝင်(၁၅)နိုင်ငံတွင် ဆက်လက်ပါဝင် စေရန် ထောက်ခံချက်ပေးခဲ့ပါသည်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က ၎င်း၏နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာအစိုးရသည် မွတ် ဆလင်အုပ်စုများအပေါ် ခွဲခြားဆက်ဆံ၍ နှိပ်ကွပ်လျက်ရှိနေသေးကြောင်း ဖော်ပြထားပါသည်။ ၎င်းကော်မရှင်သည် ပါတီ နှစ်ခုလုံးအတွက် အကြံပေးဘုတ်အဖွဲ့ဖြစ်ပြီး သမ္မတနှင့် ကွန်ဂရက်က ခန့်အပ်ထားခြင်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံက လက်ရှိအရေးကြီးတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ယုံကြည်မှုအခြေအနေတွေ အရေးတကြီး တိုးတက်လာတာ မတွေ့ရသေးပါဘူ။”ဟု ကော်မရှင်က ပြောပါ သည်။

ရခိုင်ပြည်နယ်မှ ဘာသာရေးအရပြင်းထန်သော ဖြစ်ရပ်များတွင် အစိုးရ၏ ခန့်မှန်းချက်အရ လူ(၁၉၂)ဦးခန့် သေဆုံး သည်ဟုဆိုသော်လည်း အမှန်တကယ်သေဆုံးသူများမှာ ၎င်း၏ငါးဆခန့် ရှိသည်ဟုဆိုခြင်းအပေါ် ကော်မရှင်က မေးခွန်း ထုတ်ခဲ့ပါသည်။

စာမျက်နှာ ၃၇၁ မျက်နှာပါဝင်သော ကော်မရှင်၏အစီရင်ခံစာတွင် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ၊ တရုတ်၊ Eritrea၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗီးယား၊ ဆူဒန် နှင့် အူဇဘက်ကစ္စတန် စသည့်ရှစ်နိုင်ငံအား အထူး စိုးရိမ် ရသည့်နိုင်ငံများ(Countries of Particular Concern – CPC)အဖြစ် တရားဝင်ပြန်လည် ကြေငြာသင့်ကြောင်း ဖော်ပြ ထားပါသည်။

ကော်မရှင်သည် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာချိုးဖောက်မှုနှင့် ပတ်သက်သော သို့မဟုတ် ခွင့်ပြုသော အစိုးရများကို CPC နိုင်ငံများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

အမေရိကန် အစိုးရအနေဖြင့် လက်ရှိအရေးယူ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိသင့်ပြီး၊ ရုတ်သိမ်းပေးခဲ့သော အရေးယူပိတ်ဆို့မှုများကို ဘာသာရေးလွတ်လပ်ခွင့်ကိစ္စတွင် နိုင်ငံတကာသတ်မှတ်ချက်များ ပြည့်မှီသည်အထိ ပြန်လည်ချ မှတ်သင့်ကြောင်း ကော်မရှင်ကပြောပါသည်။

အထူးစိုးရိမ်ရမှုများမှာ ကချင်ပြည်နယ်တွင် စစ်တပ်မှဝင်ရောက်မှုများ၌ ခရစ်ယာန်အရပ်သားများ၏ အခြေအနေနှင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၏ အခြေအနေများဖြစ်ကြောင်း ကော်မရှင်က ပြောပါသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတစ်သိန်းခန့်မှာ လုံခြုံရေးစခန်းများတွင် ဆိုရွားသောအခြေအနေ၌ နေထိုင်နေ ကြရပြီး၊ အစိုးရခန့်မှန်းသော ရိုဟင်ဂျာ ၁၉၀ ကျော်ထက်များစွာပိုမိုကာ ၁၀၀၀ ကျော်အသတ်ခံခဲ့ရ ပါသည်။

“ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံသားအဖြစ် ငြင်းပယ်ခံရပြီး ကျယ်ကျယ်ပြန့်ပြန့်ခွဲခြား ဆက်ဆံမှုကိုခံနေ ရပါတယ်။ သူတို့ရဲ့ဘာသာရေးပွဲတွေ လှုပ်ရှားမှုတွေကိုလည်းတင်းကြပ်စွာထိန်းချုပ်ပြီး လူမှုရေးအရလည်းဖိနှိပ်ထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက တစ်ခါတစ်ရံလှုံဆော်ကြပြီး၊ လူအုပ်ကြီး၊ ရဲများအပါအဝင် ပြည်သူ့စစ်များကလည်း တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရေးယူခံရမှု မရှိပါဘူး”ဟု ကော်မရှင်က ပြောပါသည်။

ယခုအမေရိကန်၏ အစီရင်ခံစာမှာ မြန်မာအစိုးရကော်မရှင်သည် ရခိုင်ပြည်နယ်ကိစ္စကို စုံစမ်းစစ်ဆေးပြီး အစိုးရက လုံခြုံရေးများ တိုးမြှင့်ချထားရန် ထောက်ခံရေးသား ထားလာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဧရာဝတီသတင်း တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မြန်မာအစိုးရကော်မရှင်သည် အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆက်လက်ကျင့်သုံးရန် ထောက်ခံ တင်ပြခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ငြင်းပယ်ထားပြီး နိုင်ငံမဲ့ဖြစ်စေသည်ဟု ဧရာဝတီ သတင်းက ဖော်ပြပါသည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာအကူအညီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအရ အရေးယူမှုများ ရုပ်သိမ်း ရေးကို ကြိုးပမ်းနေချိန်တွင် အမေရိကန်ကော်မရှင်၏ အစီရင်ခံစာသည် မြန်မာအစိုးရအတွက် ထိခိုက်မှုတစ်ခုဖြစ်ပါသည်။

ပြီးခဲ့သည့် မတ်လ ၂၀-၂၁ က မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် ဖြစ်ပွားသော ပြင်းထန်သော ဖြစ်ရပ်များနှင့်  ပတ်သက်၍ ဗီဒီယိုအား BBC မှ ပြသခဲ့ပါသည်။ အဆိုပါ ဗီဒီယိုတွင် ဘုန်းကြီးများအပါအဝင် ဗုဒ္ဓဘာသာလူအုပ်ကြီးသည် မွတ်ဆလင်များပိုင်သော ဆိုင်များကို ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်စဉ် ရဲများက ရပ်ကြည့်နေပုံများပါဝင်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment