Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က ဒီမိုကရေစီမရင့်သန်သေးဘူး။ ပြီးခဲ့တဲ့စနစ်မှာတောင် ပီပီပြင်ပြင်အလေ့အကျင့်မရသေးဘူး။ အနောက်ဥရောပမှာလို ပညာအားဖြင့် လည်းကောင်း၊ ဥာဏ်အားဖြင့်လည်းကောင်း၊ မရင့်ကျက်သေးဘူး။ သူတို့နဲ့ ဒီမှာကမတူဘူး။ ဒီမှာက တိုင်းရင်းသာတွေအမျာကြီးရှိတယ်။ ခံစားချက်တွေအများကြီးရှိတယ်။ အဲဒါတွေကို ထည့်တွက်ဖို့လိုတယ်။ အဲဒါတွေကြောင့် လက်ရှိအခြေအနေအရ နဂိုမူလစနစ်ကိုပဲ ပိုကောင်းအောင် လုပ်သင့်ပါသေးတယ်။”

မေလ ၁၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃၁) အမှတ် (၈) တွင်ပါရှိသော “လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို မကျင့်သုံးသင့်သေးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များသုံးသပ်” သတင်းမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ သမ္မတကြီးရဲ့ အမေရိကန်ပြည်ထောင်စု တရားဝင်အလည်အပတ်ခရီးမှာ GSP Generalized System of Preferences, ကိစ္စလိုမျိုးတွေ အတည်ပြုဖြစ်လာနိုင်တယ်။ ပြီးတော့ အမေရိကန်ရဲ့ရင်းနှီးမြှပ်နှံမှုကိစ္စတွေ လက်မှတ်ရေးထိုးတာမျိုးတွေလဲ ရှိလာနိုင်ပါတယ။်”

မေလ ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)၊အမှတ်(၁၁) တွင်ပါရှိသော “သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း  ရင်းနှီးမြှုပ်နှံမှုကိစ္စများ လက်မှတ်ထိုးနိုင်ဖွယ်ရှိ”  သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒါကတော့ ရွေးချယ်တာကပါတီတွေကနေ ရွေးချယ်တာကိုး။ လွှတ်တော်ကိုယ်စားလှယ် အရွေးခံချင်တဲ့သူ တွေက မြို့နယ်အလိုက်ရွေးချယ်တဲ့နေရာမှာ မြို့နယ်ရဲ့အများဆန္ဒနဲ့ ဆင်းလာမှာပေါ့။ ဗဟိုကော်မတီ၊ အလုပ်အမှုဆောင် ကော်မတီထိရောက်လာတဲ့အခါ အားလုံးတွေ့ဆုံပြီးပါတီရဲ့မူဝါဒတွေ ပြောမယ်။ ဘာ့ကြောင့် နိုင်ငံရေးလုပ်ချင်ရတာလဲ ဆိုတာမေးမယ်။ နောက်ခံအကြောင်းကို စုံစမ်းမယ်။ အကျင့်စာရိတ္တပိုင်းရော ပါလာမှာပေါ့။ ပညာအရည်အချင်းကတော့ ဘွဲ့ရမှ၊ ၁၀ တန်းအောင်မှဆိုတာတွေကတော့ သတ်မှတ်ချက်တစ်ခုပေါ့။ ကြည့်ရမှာပေါ့။ တကယ်တော့ ၁၀ တန်းမအောင်ဘဲ နိုင်ငံရေးအတွေးအမြင်ရှိမယ်။ အတွေ့အကြုံလည်းရှိခဲ့တယ်။ တကယ် လူထုကြားထဲမှာ ထဲထဲဝင်ဝင် လူထုအလုပ်ကျွေးပြုတဲ့ အရာတွေ ပြုလုပ်ခဲ့တယ်။ နိုင်ငံရေးအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ၁၀ တန်းအောင်ခြင်း၊ မအောင်ခြင်းက အဓိကမကျ တော့ပါဘူး။ ပြည်သူကို အလုပ်အကျွေးပြုချင်တဲ့စိတ်၊ စေတနာရယ်၊ နိုင်ငံရေးခံယူချက်ရယ် ရှိမယ်ဆိုရင် အဲဒါကို ကြည့်ပြီး အကဲဖြတ် ရမှာပေါ့။ ၁၀ တန်းအောင်မှ နိုင်ငံရေးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ဂဠုန်ဦးစောလည်း ၄ တန်းပဲအောင်တာလေ။ ဝန်ကြီးချုပ်ဖြစ်သွားတယ်။ သူ့ရဲ့ ကြိုးပမ်းမှု၊ ကြိုးစားမှုကြောင့် တရားရုံးစာရေးဘဝကနေ ရှေ့နေစာမေးပွဲဝင်ဖြေတာ အောင်သွားတယ်လေ။ ဒါက ကြိုးစားမှုအပိုင်းကိုပြောတာပါ။ ဦးတို့ပါတီ အနေနဲ့ကတော့ ပညာအရည်အချင်းကို တင်းတင်းကျပ်ကျပ်ကြီး လုပ်မထားပါဘူး။”

မေလ ၁၆ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ် အတွဲ (၁) အမှတ် (၉) တွင်ပါရှိသော “လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာတွင် ကိုယ်စားလှယ်များ၏ ပညာအရည်အချင်းပေါ်မူတည်ပြီး ရွေးချယ်သတ်မှတ်သင့်သလား” သတင်းမှ ဦးခင်မောင်ဆွေ (ဗဟိုဌာနချုပ်ဥက္ကဋ္ဌ) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်တွင်းငြိမ်းချမ်းရေးကာလမှာ IDP (Internally Displace Person) တွေကို နေရာချထားဖို့ ကြိုးစားနေ ပါတယ်။ အချိန် ၃ နှစ်ထိယူရပါတယ်။ ပြည်တွင်းအခြေအနေတည်ငြိမ်တဲ့အထိစောင့်ရမှာပါ။ ဒီကြားထဲ တိုက်ပွဲ ဖြစ်တာတို့၊ စီမံကိန်းတိုးချဲ့ပြီး တရားမဲ့ပြုကျင့်တာတို့ရှိရင် ဖြေရှင်းလို့ရသေးမှာ မဟုတ်ပါဘူး။”

မေလ ၁၅ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၉) တွင်ပါရှိသော “ပြည်တွင်းဒုက္ခသည် IDP ပြဿနာဖြေရှင်းရန် ပြည်တွင်းစစ်နှင့် စီမံကိန်းများအပေါ်၌ မူတည်” သတင်းမှ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးနိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အန်ကယ်က ကော်မရှင်ဥက္ကဋ္ဌကြီးကို တရားဥပဒေစိုးမိုးဖို့လိုတယ်။ ပဋိပက္ခတွေ စဖြစ်လျှင် ဖြစ်ခြင်းထိန်းသိမ်း ဖို့လိုတယ်။ မထိန်းနိုင်ရင် ပြဿနာပိုကြီးလာမယ်။ အခု ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုပြီး လူမျိုးစုအတု လုပ်နေ တယ်။ အတွင်းအပြင် ပူးပေါင်းကြံစည်နေတယ်။ ဒါကြောင့်နိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာလို့ပြောရရင် သတိ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။”

မေလ ၁၆ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၅၀) တွင်ပါရှိသော “ရိုဟင်ဂျာအမည်ခံသူ နိုင်ငံရေးပါတီများနှင့် ပါတီများကို အရေးယူမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြောကြား” သတင်းမှ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

၉၆-၉၈ မျိုးဆက်ကျောင်းသားများ MID အဖွဲ့တည်ထောင်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး ကိစ္စများဆောင်ရွက်ရန်အတွက် ၁၉၉၆-၉၈ ကာလများအတွင်း ဖြစ်ပေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ ပြန်လည်စုစည်း၍ Myanmar Institute of Democracy (MID) ကို မေလ ၁၂ ရက်နေ့တွင် မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်ပြီး ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ MID မှာအကျိုးအမြတ်မယူသည့် လူမှုအဖွဲ့အစည်းအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး အဖွဲ့၏ လုပ်ငန်းစဉ်များတွင် ပါဝင်လိုပါကလည်း အဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

မြန်မာ့လယ်ယာကဏ္ဍအတွက် IFAD မှဒေါ်လာ ၃၆ သန်းထုတ်ချေးမည်

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် အမေရိကန်မှ အကူအညီပေးနေသည်ဖြစ်ရာ အမေရိကန်နိုင်ငံ အခြေစိုက် International Fund for Agricultural Development (IFAD) မှအမေရိကန်ဒေါ်လာ ၃၆ သန်းကို သက်သာသော အတိုးနှုန်း ဖြင့်ထုတ်ချေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့အစည်းသည် မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်နိုင်ရန် လိုအပ်သည့် နည်းပညာ အကူအညီများလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

 ICT ကဏ္ဍသည် အခြားကဏ္ဍများတိုးတက်စေရန် စွမ်းဆောင်ပေးနိုင်မည်ဟုယုံကြည်

Asian Oceanian Computing Industry Organization (ASOCIO) Mid Year Plenary Meeting 2013 ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ MICT Park တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ရေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရ ဖြစ်စေရေးအတွက် အောင်မြင်မှုများရရှိစေရန် ICT ကဏ္ဍမှ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံတကာအဆင့်မီ ဖြစ်လာစေရန် အတွက်မှာလည်း နိုင်ငံတကာမှ နည်းပညာအကူအညီများ ရယူသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

 

တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင် ပြပွဲ

 မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

မြန်မာနိုင်ငံရေရှားပါးသော ကျေးလက်ဒေသများတွင် လုံလောက်သော Budget ချပြီးဖြေရှင်းပေးမည်

ကျေးရွာပေါင်း ခုနှစ်ရာကျော် ရေရရှိရေးအတွက် ငွေကျပ် ၇ ဒဿမ ၅ ဘီလီယံ အသုံးပြုပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း နယ်စပ်ရေး ရာဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့လွင်က ပြောကြား လိုက်သည်။

ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေရှားပါးမှု ပြဿနာများ ဖြစ်ပေါ်နေပြီ ဖြစ်သောကြောင့် သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသည့် အပြင် စိုက်ပျိုးရေးအတွက် များစွာ အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ငွေကြေးများကို ပြည်နယ် နှင့် တိုင်းဒေသကြီးတစ်ခုလျှင် ၃၅ ရာခိုင်နှုန်းဖြင့် ရေပြဿနာကို ဖြေရှင်းပေးသွားမည်ဟု သိရသည်။

 

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး လျှော့ချမည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး၌ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၃ ဒဿမ ၆ ရာခိုင်နှုန်းမှ ၃၁ ဒဿမ ၈ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ကြောင်း ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။

လယ်ယာကဏ္ဍကြီး၏ အစိတ်အပိုင်းများဖြစ်သော လယ်ယာကဏ္ဍကို ၂၄ ဒဿမ ၈ ရာခိုင်နှုန်းမှ ၂၃ ဒဿမ ၃ ရာခိုင်နှုန်းသို့၊ သားငါးကဏ္ဍကို ၈ ဒဿမ ၂ ရာခိုင်နှုန်းသို့၊ သစ်တောကဏ္ဍကို ၀ ဒဿမ ၄ ရာခိုင်နှုန်း မှ ၀ ဒဿမ ၃ ရာခိုင်နှုန်းသို့ စသည်ဖြင့် ကဏ္ဍအလိုက် အသားတင်ထုတ်လုပ်မှု တန်ဖိုးများကို လျှော့ချမည်ဖြစ်သည်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကဏ္ဍက စွမ်းဆောင်မှုတွေ အများကြီးပေးနိုင်တယ်။ သန့်ရှင်းတဲ့အစိုးဖြစ်ဖို့ အတွက်လဲအိုင်တီကဏ္ဍက အများကြီး ကူညီပေးနိုင်ပါတယ်”

မေလ ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ အတွဲ(၁)၊ အမှတ်(၁၁)တွင်ပါရှိသော” မြန်မာနိုင်ငံ၏ကဏ္ဍအလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီကဏ္ဍမှ စွမ်းဆောင်နိုင်ဟု ဝန်ကြီးချုပ်ပြောကြား” မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment