Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြစ်ဆုံစီမံကိန်းပြည်လည် စတင်ရန် တရုတ်ဆန္ဒရှိ
  2. အမေရိကန်နိုင်ငံရောက် မြန်မာများ အမိမြေပြန်လည်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဖိတ်ခေါ်
  3. ဗပာိုဘဏ်မှ ဦးဆောင်၍ နိုင်ငံခြားငွေကြေးဈေးကွက် တည်ထောင်မည်

မြစ်ဆုံစီမံကိန်းပြည်လည် စတင်ရန် တရုတ်ဆန္ဒရှိ

မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၎င်း၏အစိုးရသက်တမ်းအတွင်း ဆက်လက်လုပ်ဆောင်ခြင်းမပြုဟု ပြည်သူများအား ကတိပြုထားခဲ့သည့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်လိုကြောင်း တရုတ်ဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်ပာု တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ ၁၀ ရက်ကြာလေ့လာရေးခရီး သွားရောက်ခဲ့သည့် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေး ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံစီမံကိန်းအား သမ္မတဦးသိန်းစိန် ရပ်ဆိုင်းထားသော ကာလမတိုင်မီတွင် ပြန်လည် စတင်လိုသည့်အကြောင်းနှင့် လက်ပံတောင်းတောင် စီမံကိန်းကိစ္စတွင် တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ခြင်း အတွက် တရုတ်နိုင်ငံမှ အထူးကျေးဇူးတင်ရှိကြောင်းကို ၎င်းတို့မှတစ်ဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သို့ ပြောကြားပေးစေလိုသည်ဟု တောင်းဆိုခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

သို့သော် ၎င်းအနေဖြင့် အဆိုပါမြစ်ဆုံစီမံကိန်းသည် နိုင်ငံတော်သမ္မတ၏အမိန့်ဖြင့် ရပ်ဆိုင်းခြင်းဖြစ်သည့်အတွက် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မည့်သည့်မှတ်ချက်မှပေးခဲ့ခြင်းမရှိဘဲ ခရီးစဉ်အတွေ့အကြုံများကို အစီရင်ခံစာ ရေးသားတင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း  ကွန်မြူနစ်ပါတီနိုင်ငံခြားရေး ဝန်ကြီးနှင့် သက်ဆိုင်ရာ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ နှစ်နစ်နိုင်ငံချစ်ကြည်ရေးကိစ္စများနှင့် ရေရှည်လက်တွဲလုပ်ဆောင်နိုင်မည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေးမှုများပြုလုပ်ခဲ့သည့်အပြင် ယူနန်၊ ဖူကျင်းနှင့် ဘေဂျင်းမြို့များသို့ သွားရောက်၍ ယူနန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများမှ ကုန်သွယ်မှုလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအကြောင်းကို NLD ဗဟိုအလုပ်မှုဆောင်များမှ လေ့လာခဲ့ရကြောင်း သိရှိရသည်။

တရုတ်အာဏာရကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာလေ့လာရေးခရီး သွားရောက်ခဲ့သော NLD ဗဟိုအလုပ်မှုဆောင်များအပါအဝင် ပါတီဝင် ၁၂ ဦးသည် မေလ ၁၈ ရက်နေ့မွန်းလွဲ ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

YC


အမေရိကန်နိုင်ငံရောက် မြန်မာများ အမိမြေပြန်လည်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်

မေလ ၁၇ ရက်နေ့ညပိုင်းမှ စတင်၍ အမေရိကန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်လည်ပတ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အမေရိကရောက် မြန်မာလူမျိုးများအနေဖြင့် အမိမြေကိုပြန်လာ၍ နိုင်ငံတည်ဆောက်ရေးတွင် တစ်အားတပ်အား ပါဝင်ဆောင်ရွက်ရန် မေလ ၁၈ ရက်နေ့တွင်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၁၇ ရက်နေ့ညပိုင်း၌ ဝါရှင်တန်ဒီစီမြို့တော်၊ အနောက်မြောက်ရပ်ကွက်ရှိ မြန်မာသံရုံး၌ မိန့်ခွန်းပြောကြားရာတွင်လည်း အာရှိတိုက်၏ ထိပ်တန်းနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်တွင် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နောက်ကျကျန်နေပြီဖြစ်သည့်အတွက် အမေရိကန်ရောက် မြန်မာလူမျိုးများအနေဖြင့် အမိမြန်မာနိုင်ငံသို့ပြန်လာ၍ ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် အမြဲတမ်းနေထိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသော်လည်း လတ်တလောပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၁၈ ရက်နေ့ညနေတွင် အမေရိကရောက် မြန်မာနိုင်ငံသားအချို့က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးများကို ထိရောက်စွာလုပ်ကိုင်ရန်၊ နိုင်ငံတကာအား  လိမ်ညာခြင်းများကို ရပ်ဆိုင်းရန်နှင့် စစ်တပ်မတော်မှ နိုင်ငံဆင်းရဲစေရန် ပြည်သူ့ဆန္ဒနှင့် ပြည်သူ့အခွင့်အရေးပိတ်ဆို့ထားမှုများအတွက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်အား လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် စုံစမ်းစစ်ဆေးမှုလက်မခံသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့က ဦးဆောင်ကာ ရုံး၊ သမ္မတအိမ်ဖြူတော်၊ ဂျွန်ပောာ့ပ်စကင်းတက္ကသိုလ်နှင့် အမေရိကန်ကုန်သည်ကြီးများ ရုံးရှေ့တို့တွင် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ မေလ ၁၇ ရက်နေ့ညပိုင်းတွင် သမိုင်းဝင်ခရီးစဉ်အဖြစ်ထွက်ခွာသွားပြီး ၎င်းနှင့်အတူ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများလည်း လိုက်ပါသွားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့် တွေ့ဆုံကာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးသွားနိုင်ဖွယ်ရှိပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံ၏ ပင်တဂွန်စစ်ဌာနချုပ်သို့ သွားရောက်လေ့လာရန် အိုဘားမားအနေဖြင့်ဖိတ်ခေါ်သင့်ကြောင်း ဝါရှင်တန် အခြေစိုက် အမေရိကန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများ လေ့လာသုံးသပ်ရာတွင် သြဇာရှိအဖွဲ့ အစည်းတစ်ခု ဖြစ်သည့်CSIS အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။

 YC


ဗပာိုဘဏ်မှ ဦးဆောင်၍ နိုင်ငံခြားငွေကြေးဈေးကွက် တည်ထောင်မည်

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်ရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ သတ်မှတ် ရောင်းဝယ်နိုင်ရန် မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှဦးဆောင်၍ နိုင်ငံခြားငွေကြေးဈေးကွက်ကို လာမည့် ဇွန်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နိုင်ငံခြားငွေဈေးကွက်ပေါ်ပေါက်လာပါက နိုင်ငံခြားငွေရောင်းဝယ်ခြင်းလုပ်ငန်းများကို ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချင်းချင်းသာမက ပြည်ပဘဏ်များနှင့်ပါ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် ပြင်ပ နိုင်ငံခြားငွေ ရောင်းဝယ်ရေး ဈေးကွက်တွင်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါငွေကြေးဈေးကွက်ဖော်ဆောင်နိုင်ရန် JICA(ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (အေဂျင်စီ) အကူအညီဖြင့် မေလအကုန်တွင် သင်တန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲနှုန်းများသတ်မှတ်ရာတွင် ဗပာိုဘဏ်အနေဖြင့် လေလံစနစ်ဖြင့်သာ ဆောင်ရွက်၍ နိုင်ငံခြားငွေအရောင်းအဝယ် ဈေးကွက်ကိုဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲလှယ်နှုန်းထားများမှာ ယခင် ကျပ် ၈၅၀ ဝန်းကျင်ဖြင့် ဗပာိုဘဏ်က ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း မေလအတွင်း တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၉၃၆ ကျပ်သို့ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး လပိုင်းအတွင်း တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၀၀၀ ကျပ်ကျော်အထိ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

ယခုကဲ့သို့ ဒေါ်လာဈေးမြင့်တက်လာရခြင်းမှာ ဗပာိုဘဏ်က မြန်မာ့ငွေကြေးဈေးကွက်ရှိ FEC များအား ပြန်လည်သိမ်းယူလိုက်ခြင်း၊ အမေရိကန်ဒေါ်လာ ဝယ်လိုအားများလာခြင်း၊ ပို့ကုန်အားပေးမူဝါဒကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်း၊ ရွှေဈေးကျဆင်းမှုများနှင့် ဒေါ်လာဝယ်ယူစုဆောင်းမှု များပြားလာရခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံတော်ဗပာိုဘဏ်အား လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးခဲ့သည့်အပြင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ဥပဒေကိုလည်း တရားဝင်ပြဋ္ဌာန်းပေးခဲ့ကြောင်း သိရသည်။

YC


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment