Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများအတွက် ကလေးနှစ်ဦးဥပဒေကို အာဏာပိုင်များထပ်မံကျင့်သုံး

(AFP မှ 27 May 2013 ရက်စွဲပါ “ Myanmar reaffirms two-child rule for Rohingyas : Official” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနှင့် အမေရိကန်- နောက်ဆုံးထောက်ခံချက်

(25 May 2013 ရက်စွဲပါ The Economist မှ Myanmar and America: The Ultimate endorsement ကို ဘာသာပြန်ဆိုသည်)


ရိုဟင်ဂျာများအတွက် ကလေးနှစ်ဦးဥပဒေကို အာဏာပိုင်များထပ်မံကျင့်သုံး

(AFP မှ 27 May 2013 ရက်စွဲပါ “ Myanmar reaffirms two-child rule for Rohingyas : Official” သတင်းကို ဘာသာပြန်ဆိုသည်။)              

အငြင်းပွားဖွယ်ဥပဒေကို ရှားရှားပါးပါး အသိအမှတ်ပြုသည့်အနေဖြင့် ရိုဟင်ဂျာများအား ကလေးနှစ်ဦး ထက် ပိုမယူ ရန်တားမြစ်ထားသော ယခင်ဥပဒေကို ထပ်မံအတည်ပြုကြောင်း ရခိုင်ပြည်နယ်မှ အာဏာပိုင်များက မနေ့ကပြောကြား ပါသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက စက်ဆုပ်စရာဟုသမုတ်ကြသော စစ်အစိုးရခေတ်မူဝါဒကို ရခိုင်ပြည် နယ်အတွင်း မြို့နယ်နှစ်ခု၌ကျင့်သုံးရန် ထပ်မံအတည်ပြုသည်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်၏အဆိုအရသိရှိ ရသည်။

“ဒီဒေသမှာ မွေးဖွားနှုန်းက သိပ်မြင့်နေလို့ပါ။ အရင်ကတည်းက ကလေးနှစ်ဦးထက်ပိုမယူဖို့ ခရိုင်ဥပဒေ ထုတ်ပြန် ထားပြီးသားပါ။ ပြီးခဲ့တဲ့အပတ်က ပြန်လည်အတည်ပြုတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

မနှစ်ကသွေးစွန်းသောအဓိကရုဏ်းကြောင့် ရိုဟင်ဂျာအများစုဖြစ်သော ဒုက္ခသည် ၁၄၀,၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ ရသည့် ရခိုင်ပြည်နယ်တွင် နှစ်ဖက်အသိုင်းအဝိုင်းများကြား ပဋိပက္ခများ ဖြစ်ပွားနိုင်ခြေကို စိုးရိမ်ရသောကြောင့် ထိုမူဝါဒကို ယခင်ကတည်းကချမှတ်ထားခြင်းဖြစ်သည်ဟု ဦးဝင်းမြိုင်ကဆိုပါသည်။

မနှစ်ကလူ ၂၀၀ ခန့် သေဆုံးကာ ရွာလုံးကျွတ်ပျက်စီးမှုများဖြစ်ပွါးခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ အာဏာပိုင် များသည် လူမျိုးတုံးသန့်စင်မှု ပြုလုပ်သူများဖြစ်နေကြောင်း Human Rights Watch အုပ်စုက ပြစ်တင်စွပ်စွဲထားသည်။

ပဋိပက္ခတရားဝင်စုံစမ်းရေးကော်မရှင်၏ ဧပြီလက အစီရင်ခံစာတွင် ရိုဟင်ဂျာမွေးဖွားနှုန်းမြင့်မားနေခြင်းသည် တင်းမာမှုများကိုလှုံ့ဆော်နေကြောင်းနှင့် အသိုင်းအဝိုင်းနှစ်ခုကိုယာယီခွဲခြားထားသင့်ကြောင်း အကြံပြု ထားသည်။

စုံစမ်းရေးကော်မရှင်၏အကြံပြုမှုကြောင့် ရိုဟင်ဂျာလူဦးရေများသော မြို့နယ်များမှာ အာဏာပိုင်များက ကလေး နှစ်ဦးမူဝါဒကို အကောင်အထည်ဖော်ရန်ကြိုးစားနေသည်ဟု ဦးဝင်းမြိုင်က ဆိုပါသည်&