Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မဲခေါင်မြစ် မူးယစ်နှိမ်နင်းရေးစီမံချက်တွင် တရားခံ 1100ခန့်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

(Yinhua မှ 30 May 201 ရက်စွဲပါ Police arrest 1100 in Mekong anti-drug campaign သတင်းကို ဘာသာ ပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် ဘာသာရေးအဓိကရုဏ်းထပ်မံဖြစ်ပွါးပြီးနောက် တည်ငြိမ်အောင်ထိန်းသိမ်း

( AFP မှ 29 May 2013 ရက်စွဲပါ “ Myanmar Urges calm after fresh religious violence” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် ၂၀၃၀ တွင် စီးပွားရေးလေးဆ တိုးမည်ဟု McKinsey ဆို

(29 May 2013 ရက်စွဲပါ CNBC မှ Shivali Nayak ရေးသာသော Myanmar to quadrauple economy by 2030: McKinsey ကိုဘာသာပြန်ဆိုပါသည်)


မဲခေါင်မြစ် မူးယစ်နှိမ်နင်းရေးစီမံချက်တွင် တရားခံ 1100 ခန့်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

(Yinhua မှ 30 May 2013 ရက်စွဲပါ Police arrest 1100 in Mekong anti-drug campaign သတင်းကို ဘာသာပြန် ဆိုပါသည်)

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံရဲများသည် ဧပြီလတွင် မူးယစ်ဆေးဝါးပူးတွဲ နှိမ်နင်းရေးစီမံချက် စတင်ပြီး နောက်ပိုင်း မူးယစ်ဆက်စပ် မှုခင်း ၈၀၄ ခုမှ သံသယရှိသူ ၁၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက ဗုဒ္ဓ္ဒ္ဓဟူးနေ့တွင် ပြောကြားသည်။

စီမံချက်ကာလအတွင်း မူးယစ်ဆေးအမျိုးစုံ စုစုပေါင်း ၂.၉၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ မဲခေါင်မြစ်အတွင်း မူးယစ်ဆက်စပ်မူခင်းများ မကြာခဏဖြစ်ပွားနေမူကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဝန်ကြီးဌာနကြေညာချက် တွင် ဖော်ပြသည်။

မြန်မာနိုင်ငံထုတ် မီသိုင်းအင်ဖက်တာမင်းကို တရုတ်နိုင်ငံသို့ တရားမဝင်ခိုးသွင်းရာတွင် ပတ်သက်နေသော မြန်မာ ကွင်းဆက်တစ်ခုကို မေလ ၁၂ ရက်တွင် တရုတ်- မြန်မာရဲများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းသည် အကြီးမားဆုံးဖမ်းဆီးရ မိမူတစ်ခု ဖြစ်သည်ဟု သိရှိရသည်။ ထိုသို့ ဖမ်းဆီးနိုင်ခဲ့ခြင်းသည် ယင်းမူခင်းနှင့်ပတ်သက်၍ (၃) လကြာ ပူးပေါင်း ဆောင်ရွက်မှု ရလာဒ်ဖြစ်သည်ဟု ဆိုသည်။

ရဲများက တရားခံသုံးဦးကိုဖမ်းဆီးခဲ့ပြီး ၄င်းဂိုဏ်း၏ မူးယစ်ဆေးဝါးထုတ်လုပ်သော အလုပ်ရုံမှ မီသိုင်းအင်ဖက်တာ မင်း ၂၀ ကီလိုဂရမ်ကို သိမ်းဆည်းခဲ့သည်ဟု ကြေညာချက်တွင်ပါရှိသည်။ ၂၀ ကီလိုဂရမ်ကို သိမ်းဆည်းခဲ့သည်ဟု ကြေညာ ချက်တွင် ပါရှိသည်။

၎င်းဖမ်းဆီးရမိမူတွင် ပစ္စတိုတစ်လက်နှင့် မော်တော်ယာဉ်နှစ်စီးကို သိမ်းဆည်းခဲ့သည်ဟု တရုတ်ရဲများက ပြောကြား သည်။ ရဲများက ပြောကြားသည်။

မေလ ၁၂ ရက်နေ့ကလည်း လေးနိုင်ငံမူးယစ်ပူးတွဲနှိမ်နင်းရေး စီမံချက်ဌာနချုပ်များ၏ ကွပ်ကဲမှု ဖြင့်ဟူနန် ပြည်နယ်နှင့် ယူနန်ပြည်နယ်ရဲများက အဓိကမူးယစ်မှောင်ခိုဂိုဏ်းဝင် 35 ဦး ကိုဖမ်းဆီးခဲ့ကြပြီး မူးယစ်ဆေး ၁၂ ကီလိုကို သိမ်းဆည်းရမိခဲ့ကြသည်။

၎င်းမူးယစ်မှောင်ခိုဂိုဏ်းသည် နိုင်ငံခြားတိုင်းပြည်များမှာ မူးယစ်ဆေးဝါးပမာဏမြောက်များစွာကို တရုတ်နိုင်ငံသို့ အဓိကတင်သွင်းပြီး ဆက်လက်ဖြန့်ဖြူးရန်အတွက် ဟူနန်ပြည်နယ်မြို့တော် ချန်ရှားကဲ့သို့ မြို့ကြီးများ၌ တစ်ထောက်နား ကြခြင်းဖြစ်သည်။

ဘေးကင်းသောမြစ် Safe River ဟုအမည်ပေးထားသော ပူးတွဲမူးယစ်နှိမ်နှင်းရေးစီမံချက်ကို ဧပြီလ ၁၉ ရက်က ယူနန်ပြည်နယ်တွင် စတင်ခဲ့သည်။ နှစ်လကြာစီမံချက်သည် အရှေ့တောင်အာရှ၏ အဓိကရေလမ်းကြောင်းတစ်ခုဖြစ်သော မဲခေါင်မြစ်ကြောင်းပေါ်တွင် မူးယစ်မှောင်ခိုမူကင်းရှင်းအောင် ထိန်းချုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သော မတ်လကုန်ရက်ပိုင်းက ယူနန်ပြည်နယ်တွင် ဆေးထိုးကွပ်မျက်ခံခဲ့ရသူ ရွှေတြိဂံမူးယစ်ရာဇာ စိုင်းနော်ခမ်း သည် မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံတွင် ဘေးကင်းစွာသွားလာလှုပ်ရှားနိုင်ခဲ့သော်လည်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမူကြောင့် ဒေါသထွက်နေသော တရုတ်အာဏာပိုင်များ၏ ဖိအားပေးမှုကိုမလွန်ဆန်နိုင်သည့် လာအိုရဲများ၏ ဖမ်းဆီးခြင်းခံရကာ တရုတ်တို့လက်သို့ ကျရောက်သွားခဲ့ခြင်းဖြစ်သည်။ အလားတူပင် မြန်မာအာဏာပိုင်များကလည်း လက်နက်ချအဖမ်းခံထားသူ စိုင်းနော်ခမ်း၏ လက်ထောက်အချို့ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။


မြန်မာနိုင်ငံတွင် ဘာသာရေးအဓိကရုဏ်းထပ်မံဖြစ်ပွါးပြီးနောက် တည်ငြိမ်အောင်ထိန်းသိမ်း

( AFP မှ 29 May 2013 ရက်စွဲပါ “ Myanmar Urges calm after fresh religious violence” သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ဘာသာရေးအဓိကရုဏ်းအသစ် ထပ်မံဖြစ်ပွါးရာ၌ ဆူပူသူလူစုလူဝေးက မွတ်ဆလင်မိဘမဲ့ဂေဟာ၊ ဗလီနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် အခြေအနေ တည်ငြိမ်အောင် မြန်မာအစိုးရ က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

ဒေသခံ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မွတ်ဆလင်အမျိုးသားတစ်ဦးက အကြမ်းဖက်တိုက်ခိုက်ရာမှ အစပြုခဲ့ သော အဓိကရုဏ်းသည် လားရှိုးမြို့တွင် ညမထွက်ရအမိန့် ကာဖြူး ထုတ်ပြန်ပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင် ခဲ့ပြီဟု ရဲတပ်ဖွဲ့ကဆိုပါသည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးအလွန် ပြုပြင်ပြောင်းလဲရေးအစိုးရအပေါ် အဓိကစိမ်ခေါ်မှု ဖြစ်နေသော တစ်သီ တစ်တန်း ဘာသာရေးအဓိကရုဏ်း ဖြစ်စဉ်များအတွင်း နောက်ဆုံးအနေဖြင့် လားရှိုးမြို့ အကြမ်းဖက် ဖြစ်ရပ်တွင် တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာ ရရှိသည်ဟု အစိုးရက တရားဝင်ထုတ်ပြန် ကြေညာထားပြီး၊ နောက်ထပ် ထိခိုက်မှုသတင်းများ မရရှိသေးပါ။

“မွတ်ဆလင်မိဘမဲ့ဂေဟာရယ်၊ ဗလီရယ်မီးလောင်သွားပြီးတော့ အနီးတစ်ဝိုက်က အဆောက်အဦးတွေလည်း ပျက်စီးသွားပါတယ်” ဟု လားရှိုးမှ အမည်မဖော်လိုသော အစိုးရတာဝန်ရှိသူ တစ်ဦးက  AFP သို့ ပြောကြားပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို လောင်းရိပ်မိုးကာအနှောင့်အယှက်ပေးနေသော ဘာသာရေး အဓိက ရုဏ်း ဖြစ်စဉ်များတွင် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကမ္ဘာက အာရုံစိုက်လာအောင် လှုံ့ဆော်လိုသော အစ္စလာမ်အဖွဲ့ များ၏ လှုပ်ရှားမှုများ၊ ပညာဗဟုသုတနည်းသော သာမန်ပြည်သူများအကြား မွတ်ဆလင်ဆန့်ကျင်ရေး အယူအဆ ဖြန့်ဖြူး နေသည့် ဘာသာရေးအစွန်းရောက် မြန်မာဘုန်းကြီးများ၏ လှုပ်ရှားမှုများ၊ နိုင်ငံ၏ပြောင်းလဲမှု အရှိန်ကို ထိန်းချုပ်ထား လိုသော ကန့်လန့်ကာ နောက်ကွယ်မှ ပုဂ္ဂိုလ်အချို့၏ ကြိုးကိုင်လှုပ်ရှားမှုများ ရောယှက်ပတ်သက်နေသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားသည်။


 မြန်မာနိုင်ငံသည် ၂၀၃၀ တွင် စီးပွားရေးလေးဆ တိုးမည်ဟု McKinsey ဆို

(29 May 2013 ရက်စွဲပါ CNBC မှ Shivali Nayak ရေးသာသော Myanmar to quadrauple economy by 2030: McKinsey ကိုဘာသာပြန်ဆိုပါသည်)

အာရှ၏ နောက်ဆုံးထွက်ပေါ်လာသော ဈေးကွက်မျက်နှာသစ် မြန်မာနိုင်ငံသည် လာမည့်နှစ်များတွင် ကြီးစွာသော စီးပွာရေးတိုးတက်ကြီးထွားမှုရှိမည်ဖြစ်ကြောင်း Mckisey Global Institute (MGI) လေ့လာမှုအသစ်အရ သိရှိရပါသည်။ ၄င်းလေ့လာမှုအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနစ်၌ ဒေါ်လာ (၄၅) ဘီလီယံသာရှိရာမှ ၄င်း၏စီးပွားရေးသည် ၂၀၃၀ ခုနှစ်၌ လေးဆတိုး၍ ဒေါ်လာ (၂၀၀) ဘီလီယံရှိနိုင်ကြောင်း သိရှိရပါသည်။

လက်ရှိအားဖြင့် တိုင်းပြည်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် အာရှ GDP ၏ ၀.၂% သာရှိပါသည်။ မြို့တော်ကြီးများ၏ ပမာဏနှင့် နှိုင်းယှဉ်လျှင် ဒေလီနှင့် ဂျိုဟန်နဘတ်မြို့ နှစ်ခုလောက်ကွာခြားပါသည်။

“၂၀ ရာစုမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာစီးပွါးရေး တိုးတက်မှုနှင့် အာရှတိုက်ရဲ့တိုးတက်မှုကနေ ကင်းလွတ်နေ ပါတယ်။ ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံဟာ အာရှမှာ လျှင်မြန်စွာတိုးတက်မှုရှိတဲ့ နိုင်ငံထဲမှ တစ်ခုဖြစ်ပေါ် လာနိုင်ပါတယ်။” ဟု MGI နှင့် McKinsey+company မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Richard Drbbs ကပြောသည်။

သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် ၂၀၁၁ မှစ၍ နိုင်ငံရေးနှင့် စီပွာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများကိုတွေရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပြီးခဲ့သည့်နှစ်ကထက်စာလျှင် ၂၀၁၃ မတ်လတွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်အတွင်း ငါးဆမြင့်တက်လာသည်ကိုတွေရသည်ဟု Reuters က သတင်းထုတ်ပြန်ပါသည်။

စွမ်းအင်နှင့်သတ္တုတွင်း၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အဦး ထိုကဲ့သို့သော ကဏ္ဍအနည်းငယ် သည် မြန်မာနိုင်ငံ၏ တိုးတက်ကြီးထွားမှုကို မောင်းနှင်ပေးသည် ဖြစ်ပါသည်။ အဆိုပါကဏ္ဍများသည် တိုင်းပြည်၏ စုစုပေါင်း စီပွားရေး အလားအလာများ၏ ၈၅% ကျော် ရှိသည်ဟု MGI အစီရင်ခံစာကဆိုပါသည်။

မြန်မာနိုင်ငံ၏ အလုပ်သမား လုပ်ခများသည် နိမ့်ကျနေဆဲဖြစ်ခြင်းကြောင့် အထည်လိပ်၊ အထည်ချုပ်နှင့် ပရိဘောဂ များကဲ့သို့သော လုပ်သားအင်အားများများ သုံးရသော ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများရှိပါသည်။

McKinsey ၏ အချက်အလက်များအရ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုသည် ၂၀၁၀ တွင် စုစုပေါင်း GDP ၏ ဒေါ်လာ ၉.၈ ဘီလီယံသာရှိပြီး တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

အစီရင်ခံစာတွင် ဝင်ငွေများတိုးတက်လာမှုကြောင့် စားသုံးသူ လူတန်းစားပိုမို ကြီးထွားလာမည် အလားအလာရှိ ကြောင်း ညွန်ပြထားပါသည်။

“ဝင်ငွေတိုးလာမှုကြောင့် ပိုမိုသုံးစွဲအားတက်လာမှုဟာ ဒီနေ့ ၂.၅ သန်းလောက် တက်လာရာကနေ၊ ၂၀၃၀ မှာ လူ (၁၉) သန်းထိ တက်လာနိုင်ပါတယ်။ စားသုံးသူတွေရဲ့သုံးစွဲမှုဟာ ဒီနေ့ ဒေါ်လာ (၃၅) ဘီလီယံ ရှိရာကနေ ၂၀၃၀ မှာ ဒေါ်လာ ဘီလီယံ (၁၀၀) ထိရှိနိုင်ပါတယ်”ဟု McKinsey+Company မှ အကြီးတန်းပါတနာ Heang Chhor ကပြောပါသည်။ McKinsey+Company မှ အကြီးတန်းပါတနာ Heang Chhor ကပြောပါသည်။ McKinsey+Company မှ အကြီးတန်း ပါတနာ Heang Chhor ကပြောပါသည်။

သို့သော် အနာဂါတ်မြန်မာနိုင်ငံ၏ အောင်မြင်မှုသည်၊ မြန်မာ့ဒီမိုကရေစီမှ နိုင်ငံရေးတည်ငြိမ်မှု ဆက်လက်ထိန်းသိမ်း နိုင်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ကိုင်နိုင်မှုပေါ် မူတည်ကြောင်း အစီရင်ခံစာကပြောပါသည်။ “မြန်မာနိုင်ငံ အနေနဲ့ပိုမိုမြင့်မားလာတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်လက်အထောက်ကူဖြစ်ဖို့ဆိုရင် မှန်ကန်တဲ့ အခြေအ နေ အခြေခံနိုင်ငံရေးနဲ့ မက်ခရိုစီးပွားရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု တို့ရှိရမည်ဖြစ်သည်အပြင် ကျွမ်းကျင်မှုနှင့် အခြေခံ အဆောက်အဦးများ ရနိုင်ပါမယ်”ဟု အစီရင်ခံစာကဆိုပါသည်။


 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment