Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့ရဲ့ ကော်မတီ၊ ကော်မရှင်တွေဆိုတာ လွှတ်တော်ကြီးကနေတရားဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေပါ။ ကျွန်မ တို့အနေနဲ့ ပြည်သူတွေရဲ့တင်ပြစာတွေကို စိစစ်ပြီး သူတို့နစ်နာတယ်ဆိုတာတွေ၊ ဥပမာ မြေသိမ်းခံရတာတွေ စတာ တွေနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ သူတို့ဘက်ကနေပြီးတော့ ကော်မရှင်ဆိုတာကို ဘာလုပ်ရမှာလဲ။ ကော်မ ရှင်က လူတွေကရောဘာတွေလဲ။ စသဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိတဲ့အပြင် မကောင်းမြင်တာ၊ အလေးမထားတာ တွေလုပ်ကြတယ်။ ဘယ်သူရယ်၊ ဘယ်ဝါရယ်၊ ဘယ်အဖွဲ့အစည်းရယ်လို့တော့ ကျွန်မ မပြောလိုပါဘူး။ ကျွန်မတို့က ပြည်သူ့ကိုယ်စားလှယ် တွေဖြစ်တဲ့အတွက် ပြည်သူနဲ့တစ်သားတည်းနေပြီး ပြည်သူကိုကူညီတယ်။ အဲဒီမှာတစ်ဖက်က ပူးပေါင်းပါဝင်မှုတွေ အပြန်အလှန် ဆွေးနွေးအဖြေရှာမှု တွေလုပ်ရမယ်။ ကျွန်မတို့ကော်မရှင်တွေ၊ ကော်မတီတွေကို ကူညီ တာဟာ ပြည်ထောင်စုလွှတ်တော်ကြီးကို ကူညီတာပဲ။ အစိုးရကိုကူညီတာပဲ။ ကျွန်မတို့ကော်မရှင်တွေ အပေါ် လူအချို့ကနေပြီးတော့ ဂရုမစိုက်တာဟာ  အလေးမထားတာဘဲ။”

မေလ ၃၁ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၄၂) တွင်ပါရှိသော “ကော်မရှင်၊ ကော်မတီများကို အလေးမထားခြင်းမှာ ပြည်ထောင်စုလွှတ်တော်ကြီးကို အလေးမထားရာရောက်” သတင်းမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လုပ်ဖို့လိုအပ်ပါတယ် လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကလည်း ဒီမြန်မာပြည်ထဲမှာတင် မကဘူး။ ပြည်ထောင်စုရဲ့အပြင်မှာ ပါရှိတဲ့အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ခေါ်ပြီးလုပ်မှသာလျှင် အားလုံးပြည့်စုံတဲ့ အဖွဲ့အစည်း တွေ အားလုံးပါဝင် လာမယ်လို့ မြင်ပါတယ်။ သမ္မတကြီးအနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အရင်ကျေညာရမယ်။ ပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို ခေါ်ပြီးတော့ ဆွေးနွေးသင့်ပါတယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၂၁) တွင်ပါရှိသော “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်သော ဆွေးနွေးပွဲပြုလုပ်ရန် နိုင်ငံတော်သမ္မတစိတ်အားထက်သန်” သတင်းမှ SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တပ်က အမျိုးသားနိုင်ငံရေးဦးဆောင်ကဏ္ဍယူရသလဲဆိုတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဖြစ်တယ်။ အဲဒီလုံခြုံရေး အကြောင်းပြချက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငြင်းဖို့ခက်တယ်။ မြန်မာပြည်မှာ ဗကပ မရှိတော့တဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအားလုံးဟာ တစ်သိန်းအထက်မှာ ရှိတယ်။ အစိုးရစစ်တပ်က လေးသိန်းနီးပါးရှိမယ်။ လူဦးရေနဲ့အချိုးချကြည့်ရင် မြန်မာပြည်ဟာ ကမ္ဘာမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစု အများဆုံး။ ဒီလိုတိုင်းပြည်မျိုးမှာ စစ်တပ်ကလုံခြုံရေးအကြောင်းပြချက် နဲ့ကိုင်ထားတော့ ငြင်းရခက်တယ်။”

ဇွန်လ ၁ ရက်နေ့ထုတ် Trade Times Journal အတွဲ (၂) အမှတ် (၅၉) တွင်ပါရှိသော “နိုင်ငံရေးတွင် စစ်ဘက်မှ လွှမ်းမိုးနေမှုကို ပြည်တွင်းငြိမ်းချမ်းရေးဖြင့်သာ ချိန်ညှိယူနိုင် ” သတင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေး ဆရာဦးကျော်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီကနေ့ ဆွေးနွေးတဲ့အပိုင်းကို ကျေနပ်ပါတယ်။ နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိတယ်ဆိုတာကို ဆိုတဲ့အပိုင်း ကို မူအားဖြင့် အကောင်အထည်ဖော်လို့ရတယ်ဆိုတာကို အပေါ်ယံပြောလို့ရပါတယ်။ ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာတော့ အဓိကကတော့ ကျွန်တော်တို့ နောက်ပိုင်းမှာ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို  တကယ်လုပ်ချင်တဲ့ဆန္ဒကို ပြည်သူကို အတိ အကျဖော်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မေလ ၃၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၂) အမှတ် (၆၂၃) တွင်ပါရှိသော “တပ်မတော်နှင့် ကေအိုင်အို တပ်ပိုင်းဆိုင်ရာဆွေးနွေး” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား  ကောက်နှုတ်ချက်။


“အများသဘောတူရွေးချယ်တာ ကောင်းပေမယ့်အလုပ်အမှုဆောင်သက်တမ်းတစ်နှစ်ရှိမှ အမှုဆောင်ဒါရိုက်တာ အဖြစ်ဝင် ရောက်အရွေးခံရမယ်ဆိုတဲ့ သတ်မှတ်ချက်ကတော့ လူငယ်တွေကို နည်းနည်းပိတ်ထားသလိုဖြစ်နေတယ်။ ဒီအချက်ကို ပြန်စဉ်းစားသင့်တယ်။ လူငယ်တွေမှာလဲ သူတို့ဘာသာ လုပ်ကိုင်နိုင်စွမ်းတွေရှိတဲ့အတွက် အခွင့်အရေးပေးသင့်တယ်။”

မေလ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဒီမိုကရေစီနည်းကျ ကုန်သည် စက်မှုအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များအား ပြန်လည်ရွေးချယ်မည်” သတင်းမှ ကုန်သည်စက်မှု အသင်းအဖွဲ့ဝင် တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


သတင်းတိုများ

အခြေခံလုပ်ခလစာနှင့်ပတ်သက်၍ အစိုးရမှ လစာနှုန်းထားသတ်မှတ်ပေးမည် 

၂၀၁၂ ခုနှစ်မှ စတင်ကာ အခြေခံအလုပ်သမားလုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ် မှုများ ဖြစ်ပေါ်နေသောကြောင့် အစိုးရမှ အခြေခံလုပ်ခလစာအား အသင့်တော်ဆုံးနှုန်းထားဖြင့် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌဦးမြတ်သင်းအောင် ထံမှသိရသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထား သော ယာယီ အခြေခံလစာသာရှိသေးပြီး အတည်တကျဖြစ်သော ဥပဒေတစ်ရပ်ဖြစ်ပေါ်ရန်အတွက် လွှတ်တော်တွင် တင်ပြ သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုလမကုန်မီတွင် အလုပ်သမားအဖွဲ့အစည်း ၆၀ ကျော်နှင့် အလုပ်သမား ၁၀၀၀ ကျော်တို့မှ အနိမ့်ဆုံးအခြေခံလစာ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေးအတွက် သမ္မတနှင့်လွှတ်တော်တို့ လက်မှတ်ရေးထိုးကာ လွှတ်တော်သို့ တင်ပြ သွားမည်ဖြစ်ကြောင်း ၎င်း၏ ဆက်လက် ပြောဆိုသွားချက်အရသိရှိရသည်။


တစ်အိမ်ထောင်ကလေးနှစ်ဦးမူဝါဒ ချမှတ်မှုအပေါ် ဝေဖန်မှုများအား ရခိုင်ပြည်နယ်အစိုးရ ပယ်ချ

ဘူးသီးတောင်နှင့် မောင်တောဒေသများနေ ဘင်္ဂါလီမိသားစုများအတွက် တစ်အိမ်ထောင်ကလေးနှစ်ဦး မူဝါဒကျင့် သုံးရန် စီစဉ်မှုသည် ဖိနှိပ်ခြင်းဖြစ်သည်ဟူသော ဝေဖန်မှုများကို ရခိုင်ပြည်နယ် ဒေသန္တရအာဏာပိုင်များက ငြင်းဆို ခဲ့ပြီး အဆိုပါ မူဝါဒများကို မိသားစုစီမံကိန်းများအတွက် ကျင့်သုံးခဲ့ခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆို ခွင့်ရှိသူက ပြောဆိုခဲ့သည်ဟု သိရသည်။ ဘင်္ဂါလီလူဦးရေကို ထိန်းချုပ်ရေးအတွက် ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ကျင့်သုံးခဲခြင်းမရှိသော တစ်အိမ်ထောင် ကလေးနှစ်ဦးမူဝါဒကို ဘင်္ဂါလီလူဦးရေ တိုးပွားနှုန်းမြင့်မားသည့် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ၌ ကျင့်သုံးရန် ဒေသဆိုင်ရာအာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြပြီး ဘင်္ဂါလီလူမျိုးများ၏ လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ အကြောင်းတရားများအတွက် တစ်အိမ်ထောင် ကလေးနှစ်ဦးမူဝါဒကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရှိရ သည်။


အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဦးမြငြိမ်းနှင့်အဖွဲ့ ရက်ရှည်ဆန္ဒပြနေသော Esquare စက်ရုံသို့ လာရောက် ညှိနှိုင်း သော်လည်းအဆင်မပြေ

အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဦးမြငြိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ညှိနှိုင်းရေးအဖွဲ့သည် ရက်ရှည်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသော Esquare ဖိနပ်စက်ရုံသို့ သွားရောက်၍ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ညှိနှိုင်းသော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း သိရသည်။ Esquare ဖိနပ်စက်ရုံတွင် အလုပ်သမားဦးရေ ၂၀၀ ခန့်သည် ဖိနပ် စက်ရုံ၏ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင် ငါးဦးကိုအလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင်း ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများ၏ ပြောဆိုချက်အရသိရသည်။


လားရှိုးမြို့ ပဋိပက္ခ လုံခြုံရေးတိုးမြှင့်ချထား၊ ပျက်စီးမှု ကာလတန်ဖိုးသိန်း ၆၀၀ ရှိ

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့သောပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆၀၀ နီးပါးရှိပြီး ယခုလုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေကြောင်း လားရှိုးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးမှ သိရှိရသည်။ ယခုဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်းဗလီတစ်လုံး၊ အစ္စလာမ်မိဘ မဲ့ ကျောင်းတစ်ကျောင်း၊ ပြန်/ဆက် ဌာနဆိုင်ခန်းနှစ်ခန်း အပါအဝင် ပုဂ္ဂလိကဆိုင်ခန်းများ၊ ဂိုထောင်များ မီးလောင်ကျွမ်းခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


စတော့ရှယ်ယာဈေးကွက် ဥပဒေကြမ်းလာမည့်လွှတ်တော်တွင် တင်သွင်းမည်

စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်ရန် လိုအပ်သည့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကိုလာမည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် များ လဲလှယ်ရောင်းဝယ်ရေးဌာန (Myanmar Securities Exchange Centre- MSEC) မှ အကြီးတန်းဒါရိုက်တာ ဦးစိုးသိန်း၏ ပြောကြားချက်အရသိရသည်။ ၁၉၉၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်နှင့် ပူးပေါင်းရေးဆွဲခဲ့ သောအဆိုပါ ဥပဒေကြမ်းကို ၁၀ ကြိမ်ခန့် ပြန်လည်ပြင်ဆင်ပြီးသော်လည်း အတည်မပြုနိုင်ခဲ့ဘဲ ယခုအချိန်တွင် သမ္မတရုံးဝန်ကြီးဌာန၏ မှတ်ချက်သုံးခုနှင့် အတူလာမည့် ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။


အမေရိကန်ဒေါ်လာဈေးနှုန်းများဆက်လက်ကျဆင်း

ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သည့် ဒေါ်လာလဲလှယ်နှုန်း Reference Exchange Rate ရောက်သည်အထိ အမေရိကန်ဒေါ်လာလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ပြန်လည်ကျဆင်းလာပြီး မေလ ၂၉ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၉၄၅ ကျပ်အထိသတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၃ ကျပ်ဖြင့် လဲလှယ်လျက် ရှိကြောင်းသိရသည်။ ဗဟိုဘဏ်မှ ယခုလပိုင်းအတွင်း နေ့စဉ်နီးပါး အမေရိကန်ဒေါ်လာငွေလဲနှုန်းကို တိုး၍သတ်မှတ်လျက် ရှိခြင်း၊ ကျပ် ၁၀၀၀ အထိဆွဲတင်မည်ဟူသော သတင်းများကြောင့် ဒေါ်လာဈေးမှာ မေ ၂၃ ရက်နေ့က ၉၆၁ ကျပ် အထိ ဆက်တိုက်ထိုးတက်သွားခဲ့သော်လည်း မေလ ၂၉ ရက်နေ့တွင် တစ်ဒေါ်လာ ၉၄၃ ကျပ်သာ ဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။


စွမ်းအင် နည်းပညာကုမ္ပဏီ ပြည်တွင်းသို့ဝင်ရောက်တော့မည်

             ကမ္ဘာ့ရေနံကုမ္ပဏီကြီးများကိုရေနံ၊ သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာ အကူအညီပေးနေသည့် Vinarco သည်မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းများလာရောက် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ကြေညာချက်အရသိရှိရသည်။ အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Vinarco Myanmar Co.,Ltd အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ၎င်းတို့၏ အကြံပေးဆောင်ရွက်ချက်များကြောင့် အသေးစိတ်အချက်အလက်များရရှိကာရေရှည်တွင် လုပ်ငန်းအတွက် ဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိဦးအောင်မြင့်၏ ပြောကြားချက်အရသိရသည်။ Vinarco ကုမ္ပဏီသည် ကမ္ဘာ့ရေနံကုမ္ပဏီများ ဖြစ်သော BP ၊ Chevron ၊ Exxon Mobil ၊ Petro Vietnam ၊ Premier Oil ၊ PTTEP ၊ Shell ၊ Total E&P ၊ BHP ၊ Daewoo တို့၏ အကြံပေးအဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် Vinarco သည် ဗီယက်နမ် ၊ တရုတ် ၊ ဟောင်ကောင် ၊ တောင်ကိုရီးယား ၊ မလေးရှား ၊ အင်ဒိုနီးရှားနိုင်ငံ တို့တွင်လည်းလုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။


ရှမ်းပြည်နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခွင့်  ပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးတော့မည်

ရှမ်းပြည်နယ်တွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်အား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးတော့မညဖြစ်ကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစိုင်းထွန်းရင်၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ လွှဲပြောင်း လုပ်ကိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိစေရန် တင်ဒါစနစ်ဖြင့် လျှောက်လွှာခေါ်ယူခဲ့ပြီး အစိုးရက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းဖြင့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးမည်ဖြစ်သော်လည်း မြို့နယ်အလိုက် ဈေးနှုန်းကွာခြားခြင်း ရှိနိုင်ပြီး မဟာဓာတ် အားလိုင်း နှင့် ဝေးသောမြို့နယ်များအနေဖြင့် လျှပ်စစ်ဓာတ်အားခ ပိုမိုကျသင့်နိုင်ကြောင်း သိရှိရသည်။ ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် အိမ်သုံးမီတာခတစ်ယူနစ် ၂၅ ကျပ်နှင့်လုပ်ငန်းသုံး ၅၀ ကျပ် ကောက်ခံနေ ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment