Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ကို ဒီဆွေးနွေးပွဲအောင်မြင်မှုရတယ်လို့ ပြောကြားပါတယ်။ Process ကြီးတစ်ခုလုံး အောင်မြင်သွားသေးတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာအောင်မြင်မှုတစ်ခုပါပဲ။ အောင်မြင်မှုကို ထိန်းသိမ်းရတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် ကေအိုင်အိုအနေနဲ့ကတော့ အောင်မြင်မှုများကိုဆက်လက်ပြီး ထိန်းသိမ်းနိုင်အောင်၊ ဆက်ပြီး ရှေ့ဆက်သွားနိုင်အောင် လုပ်ပါ့မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဒီနေ့အောင်မြင်မှုရလဒ်နဲ့ ပတ်သက်တဲ့ သဘောထားပါပဲ။”

မေလ ၃၁ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးအောင်မြင်မှု ရလဒ်များ ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့  အပစ်အခတ်ရပ်ရေး လုပ်ဆောင်သွားမယ်လို့ သိရတယ်။ ကေအိုင်အို အနေနဲ့ မျှော်မှန်းတာကတော့ ပြည်ထောင်စုအရေးလို့ပြောတဲ့အခါ ကေအိုင်အိုတစ်ဖွဲ့တည်းနဲ့ မပြီးနိုင်ပါဘူး။ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ဖို့ဒီလိုအခြေအနေမျိုးလိုအပ်တယ်လို့ယူဆပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး အသွင် ဆောင်ဖို့ ဖန်တီးပေးတဲ့အစိုးရက ခွင့်ပြုတာကိုလည်း ကြိုဆိုပါတယ်။”

မေလ ၃၁ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အို နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်မည့် အချက်ပါသော သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးနိုင်” သတင်းမှ ဝန်ကြီးဦးအောင်မင်း  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းပြည်တစ်ခုရဲ့စီးပွားရေးအခြေအနေကို ဖော်ပြတဲ့ GDP မှန်ကန်ဖို့ဆိုတာ အစိုးရအတွက် အင်မတန်အရေးပါတဲ့ ကိစ္စပါ။ ယနေ့အချိန်ထိတော့ မြန်မာနိုင်ငံရဲ့ GDP ကတော့ ပကတိအခြေအနေနဲ့ လွဲနေဆဲပါပဲ။ ဒါဟာလည်း အခြေခံလိုအပ်တဲ့ လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ Data ကိန်းဂဏန်းတွေ ခေတ်အဆက်ဆက် ပြုစုမှု အားနည်းခဲ့တာကြောင့်ပဲ ဒါအမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်တဲ့ကိစ္စပဲ။”

ဇွန်လ ၄ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၁၀၀) တွင်ပါရှိသော “ကိန်းဂဏန်း အချက်အလက်အားနည်းချက်ကြောင့် နိုင်ငံတော် GDP အညွှန်းကိန်းမှာ မှန်ကန်မှုမရှိဟုဆို” သတင်းမှ ရေထွက်ပို့ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်တိုးနန္ဒာတင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“ဝန်ကြီးဌာနတွေမှာ တစ်ခုခုစာတင်ပြီဆိုရင် အောက်ကနေအပေါ်၊ အပေါ်ကနေဝန်ကြီးခွင့်ပြုမိန့် မရရင် ပြန်လုပ်ခွင့်ပြုလို့ မရဆိုတာမျိုးတွေ ပြုပြင်ဖို့လိုပြီ၊ ဒါလာရင် ဒါပေးနိုင်တယ်။ ပုဂ္ဂလိကဘက်က မေးမြန်းလာရင်လဲ ချက်ချင်းတုန့်ပြန် ဆောင်ရွက်ပေးနိုင်တာမျိုး အဖွဲ့အစည်းဖြစ်ဖို့လိုတာပါ။”

မေလ ၃၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၉) တွင်ပါရှိသော “မြန်မာ့စီးပွားအရှေ့ကိုရွေ့ဖို့ တွန်းအား နည်းနေသလား” သတင်းမှ ရခိုင်ရွှေမြေကုမဏီလုပ်ငန်းရှင် ဦးလှမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံ ကင်းထောက်ဖွဲ့စည်းပုံကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာကင်းထောက်အဖွဲ့က ကွယ်ပျောက်နေတာ နှစ်ပေါင်း ၅၀ လောက်ရှိနေပါပြီ။ အခု ကင်းထောက်အဖွဲ့ ပြန်ဖွဲ့တဲ့နေရာမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတကြီးညွှန်ကြားထား တဲ့အတိုင်း ပြင်ဆင်သွားမယ်။”

မေလ ၃၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကင်းထောက်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲမည်” သတင်းမှ မြန်မာနိုင်ငံကင်းထောက်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ညို၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


သတင်းတိုများ

အစိုးရ၏ ဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ မြန်မာကျပ်ငွေဖြင့်သာသုံးစွဲရန် ညွှန်ကြားချက် ထုတ်ပြန်

နိုင်ငံအတွင်း နိုင်ငံခြားငွေ(သို့) အမေရိကန်ဒေါ်လာဖြင့် အခွန်အခများကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံလွှဲပြောင်း ခြင်းများဆောင်ရွက်မှုတို့သည် ပြည်တွင်းဈေးကွက်၌ ဒေါ်လာလိုအပ်ချက်ပမာဏကို ပိုမိုမြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှုအခန်းကဏ္ဍကိုလည်း လျော့ကျစေနိုင်သည့်အတွက် သာသနာရေးဝန်ကြီးဌာနမှအပ ကျန်အစိုးရ၏ ဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံအသုံးပြုရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီးသို့ ညွှƛ