Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အာရှ၏နောက်ဆုံးထွက်ပေါ်လာသည့် မျက်နှာစာသစ် မြန်မာနိုင်ငံတံခါးဖွင့်နေပြီ

(2 June 2013 ရက်စွဲပါ BBC News မှ Burma: Asia’s last frontier is opening up ကိုဘာသာပြန်ဆိုသည်)

  1. ဗြိတိသျှစစ်တပ်အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်သည် အရေးပါ

(1st June 2013 ရက်စွဲပါ Sky News မှ UK military chief’s Burma trip significant ကို ဘာသာပြန်ဆိုသည်)


အာရှ၏နောက်ဆုံးထွက်ပေါ်လာသည့် မျက်နှာစာသစ် မြန်မာနိုင်ငံတံခါးဖွင့်နေပြီ

(2 June 2013 ရက်စွဲပါ BBC News မှ Burma: Asia’s last frontier is opening up ကိုဘာသာပြန်ဆိုသည်)

Photo Credit By BBC

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို နောက်ဆုံးထွက်ပေါ်လာသော ဈေးကွက်သစ်ဟုခေါ်ကြပါသည်။ Star Trek ကမူ မြန်မာနိုင်ငံအကြောင်း စေ့ငုစွာသိရှိရန် ကြိုးပမ်းရဦးမည့်သဘောရှိသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့်ချိတ်ဆက်ရန် ကြိုးစားလာသော အာရှ၏ နောက်ဆုံးစီးပွါးရေး တိုင်းပြည်တစ်ခု ဖြစ်ပါ သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ဗြိတိန်နှင့် ပြင်သစ်လူဦးရေ ပမာဏခန့်ရှိပြီး၊ သဘာဝသယံဇာတများပေါများ၍ ကမ္ဘာ ပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသော ဒေသတွင် တည်ရှိပါသည်။ ၎င်းသည် ယခုအခါ တံခါးဖွင့်နေပြီ ဖြစ်ပါသည်။

ထို့ကြောင့် Visa မှအစ Starbucks အဆုံး မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေခြင်းမှာ အံ့သြစရာ တော့မဟုတ်ပေ။

စာရင်းဇယားများကလည်း မြန်မာနိုင်ငံအကြောင်း ပြောနေကြပါသည်။ လူဦးရေ၏ ၁၀% သာ ဘဏ်စာရင်း ဖွင့်ထား နိုင်ကြပါသည်။ လွန်ခဲ့သည့်နှစ်နှစ် မြန်မာနိုင်ငံတံခါးဖွင့်ကတည်းက နိုင်ငံခြားဘဏ်(၂၈)ခု၏ ကိုယ်စားလှယ်ရုံးများ မြန်မာနိုင်ငံ တွင် ရုံးဖွင့်လှစ်ထားကြပါသည်။

အခြားတစ်ခုမှာ လူဦးရေ၏ ၆% ကသာ မိုဘိုင်းဖုန်းကို ကိုင်နိုင်ပါသည်။ အစိုးရသည် ၂၀၁၆ တွင် ၈၀% ထိရောက် လာရန် မိုဘိုင်းလိုင်စင်အတွက် တင်ဒါခေါ်လျက်ရှိပါသည်။ ထိုသို့သုံးနှစ်အတွင်း ဤမျှတိုးတက်ရန် လျာထားခြင်းကြောင့် ဘီလီယံနာ George Soros အပါအဝင် အတော်များများကို ဆွဲဆောင်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူများက နောက်ဆုံးပေါ်ထွက်လာသော ဈေးကွက်သစ်ဟုခေါ်ကြသော်လည်းတိုးတက်ကြီးထွားရန် အ လားအလာကောင်းများ ရှိသည်ဟု ပြသနိုင်သည့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံတွင် စီးပွါးရေးလုပ်ရန်မှာ ပို မို၍ အန္တရာယ်ကြီးပါသည်။

ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် အကြီးဆုံးမိုဘိုင်း ကုမ္ပဏီများတွင်ပါဝင်သော Vodafone နှင့် China Mobile တို့သည် တယ်လီဖုန်းဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါမှ နုတ်ထွက်သွားခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။

မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ ကြာခဲ့ပြီးနောက် အာရှတွင်ဖွံ့ဖြိုးမှု အနိမ့်ဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည်။ သို့သော် မှန်ကန်သောပြုပြင် ပြောင်းလဲရေးပုံစံသည် မသေချာသေးသော်လည်း လျင်မြန်စွာ တိုးတက်ရန် အရေးပါသော အလားအလာများရှိသည်ဟု အဓိပ္ပါယ်ထွက်နေပါသည်။ ၎င်း၏ အရွယ်အစားကြောင့် အာရှ၏ အခြားသေးငယ်သော နိုင်ငံများနှင့်မတူဘဲ မြန်မာနိုင်ငံသည် ပို့ကုန်အပြင် ၎င်း၏ပြည်တွင်း ဈေးကွက်အပေါ်တွင် မူတည်၍ ကြီးထွားနိုင်ပါသည်။

ထိုအချက်ကြောင့်ပင် နိုင်ငံစုံ ကော်ပိုရေးရှင်းက စိတ်ဝင်စားခြင်းဖြစ်ပြီး၊ ဝန်ဆောင်မှုနိမ့်ကျနေသော ဈေးကွက်ကို မျက်စိကျနေကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ရေနံ၊ ဓါတ်ငွေ့နှင့် သတ္တုများကြွယ်ဝလှပါသည်။

မြန်မာနိုင်ငံက နိုင်ငံစုံကော်ပိုရေးရှင်းများကို ဆွဲဆောင်သည့်အချက်သုံးခုမှာ သယံဇာတ၊ စရိတ်သက်သာခြင်းနှင့် ဈေးကွက်များ ဖြစ်ပါသည်။

လူဦးရေ၏ ၇၀% သည် စိုက်ပျိုးရေး ထုတ်လုပ်မှု၏ တစ်ဝက်ကျော်ရှိပါသည်။ ဆိုလိုသည်မှာ တိုင်းပြည်တစ်ခု လျင်မြန်စွာကြီးထွားပြီး၊ အမှီလိုက်နိုင်ရန် လုပ်နိုင်သည့် စက်မှုနိုင်ငံဖြစ်ရန် အခွင့်အလမ်းများစွာရှိသည်ဟူသော အဓိပါယ် ဖြစ်ပါသည်။

အရှေ့အာရှမှ ဖွံ့ဖြိုးတိုးတက်သည့် အံ့သြဖွယ်တောင်ကိုရီးယား၊ ထိုင်ဝမ်၊၊ စင်္ကာပူနှင့် ဟောင်ကောင်တို့လည်း ယခင် က ထိုသို့လုပ်ဆောင်ခဲ့ဘူးပါသည်။ ၎င်းတို့သည် ကမ္ဘာအနှံ့ထုတ်လုပ်မှုနှင့် ချိတ်ဆက်ခြင်းမှတဆင့် စက်မှုနိုင်ငံဖြစ်ရန် ခွင့်ပြု မည့် ကုန်ပစ္စည်းထုတ်လုပ်ရေး ကွင်းဆက်များနှင့် ဒေသတွင်းထုတ်လုပ်မှုကို ပေါင်းစည်းမည့် ပြုပြင်ပြောင်းလဲရေး ရည်မှန်း ချက်များရေးဆွဲခဲ့ပါသည်။

နိုင်ငံက တိုက်ရိုက်ငွေထောက်ပံ့မှု ပေးခြင်းသည် လူစိတ်ဝင်စားမှုနည်းသော နယ်ပယ်များဖြစ်သည့် ထုတ်ကုန်များ ပေါ်တွင်အထူးပြုခြင်းကို ရှောင်ရှားနိုင်ရန် အထောက်အကူပြုပါသည်။

မြန်မာနိုင်ငံအတွက်မူ ကမ္ဘာပေါ်တွင် လူသုံးလျှပ်စစ်ပစ္စည်း ထုတ်ရာတွင် အရေးပါသည့် ဒေသတွင်းထုတ်လုပ်မှု ကွင်းဆက်များနှင့် ချိတ်ဆက်ရန်မှာ အဓိကသော့ချက်ဖြစ်ပါသည်။ သို့မဟုတ်လျှင် သယံဇာတပေါ်တွင်သာအထူးပြုခြင်းသည် အန္တရာယ်များလှပါသည်။

ကမ္ဘာပေါ်တွင် လူသုံးလျှပ်စစ် ပစ္စည်းများ၏ တစ်ဝက်ကျော်ကို အာရှမှထုတ်လုပ်ရာ မြန်မာနိုင်ငံသည်အာရှတွင် ရှိနေ ရာ ဤအခွင့်အရေးကို အသုံးချရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ပုံစံဖြင့်တိုးတက်ရန် အလားအလားရှိပါသည်။ ၎င်းသည် စက်မှုနိုင်ငံအဖြစ် အောင်မြင်စွာထူထောင်နိုင်ပါက လျင်မြန်စွာကြီးထွားနိုင်ပါသည်။ သို့သော် ၎င်း၏အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံ အချို့၏ ခရီးကြမ်းကိုကြည့်၍ အောင်မြင်မှုမှာ သေချာလှပြီဟုမူ မပြောနိုင်ပေ။

အရေးပါသည့် နယ်ပယ်ဖြစ်သည့် လူမှုရေးတည်ငြိမ်မှုရှိရေး အပါအဝင် အစိုးရ၏ မူဝါဒများပေါ်တွင် မူတည်ပါလိမ့် မည်။

အရှေ့အာရှ ကျားများသည် ၎င်းတို့၏ ကြီးထွားလာမှုအတွင်း ပို၍သာတူညီမျှနှင့်အတူ တွဲလျက်ရှိလာစေရန် မြေယာ ပြုပြင်ပြောင်းလဲရေးနှင့် အခြားပြုပြင်ပြောင်းလဲရေးများကို ဥပဒေပြဌာန်းခဲ့ပါသည်။ သို့သော်တရုတ်တွင် ထိုသို့သော မူဝါဒများ မရှိသောကြောင့် မညီမျှမှုအဆင့်မြင့်လာပြီး လူမှုရေးအရမငြိမ်မသက်မှုများကို စိုးရိမ်လာရပါသည်။

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်သည် ထိုကိစ္စနှင့် နပမ်းလုံးနေရသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ကမ္ဘာကြီးဆန်လာမှုကို စီမံခန့်ခွဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ လူမှုရေးသွင်ပြင် လက္ခဏာများကို စီမံခန့်ခွဲခြင်း အပါ အဝင် ပြုပြင်ပြောင်းလဲမှုနှုန်းနှင့် စီစဉ်တကျပြုလုပ်နိုင်ပါက တချိန်ကအရှေ့တောင်အာရှတွင် တောက်ပခဲ့သော မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင်လျင်မြန်စွာ တိုးတက်နေသော အာရှတွင် ၎င်း၏နေရာကို ပြန်လည်ရရှိနိုင်ပါသည်။


ဗြိတိသျှစစ်တပ်အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်သည် အရေးပါ

(1st June 2013 ရက်စွဲပါ Sky News မှ UK military chief’s Burma trip significant ကို ဘာသာပြန်ဆိုသည်)

Photo Credit By Online

ဗြိသျှစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ခရီး လာရောက်မည်ဖြစ် သည်။

၎င်းသည် ကာကွယ်ရေးဦးစီး အရာရှိချုပ်(Chief of the Defence Staff)ဖြစ်ပြီး၊ ဗြိသသျှစစ်တပ်၏ ဝါအရင့်ဆုံး စစ်တပ်ခေါင်းဆောင် တစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနစ် စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသို့ လာရောက်သော ရာထူးအကြီးဆုံး ဗြိတိသျှစစ်တပ် အကြီးအကဲဖြစ်၍ ၄င်း၏ခရီးစဉ်သည် အရေးပါလှပါသည်။

ဆာရစ်ချတ်သည် မြန်မာစစ်တပ် ခေါင်းဆောင်များကို တွေဆုံမည့်အပြင် အရပ်သားအစိုးရသမ္မတ ဦးသိန်းစိန်နှင့် လည်း တွေဆုံမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည် ဆိုသော်လည်း မြန်မာနိုင်ငံစစ်တပ်သည် ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးကိုင်လျှက်ရှိကြောင်း မကြာမီက သတင်းများထွက်ပေါ်နေခဲ့ပါသည်။

မကြာသေးမီက ထုတ်ပြန်သော Human Right watch ၏အစီရင်ခံစာတွင် အများစုဗုဒ္ဓဘာသာနှင့် လူနည်းစုမွတ်ဆ လင်များအကြား အကြမ်းဖက်မှုများတွင် စစ်တပ်သည်တစ်စိတ်တစ်ပိုင်း နောက်ကွယ်မှစီမံခဲ့သည်ဟု ဖော်ပြထားပါသည်။

ထို့နောက် မြန်မာစစ်တပ်သည် တိုင်းပြည်၏ ခေါင်းဆောင်မှုနှင့် လက်ရှိပြုပြင် ပြောင်းလဲရေးတွင် မရှိမဖြစ်ကဏ္ဍမှာ ပါဝင်နေသည်ဟု ရှုမြင်ရပါသည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ တိုးတက်မှုကို နားလည်သဘောပေါက်ရန်နှင့် စောင့်ကြည့်ရန် အပြင် အမြဲထိတွေ့ နေစေရေးအတွက် စစ်တပ်၏ ရာထူးကြီးအဆင့်နှင့် နိုင်ငံရေးအဆင့်များဖြင့် ထိတွေ့ဆက်ဆံရေး အရေး ကြီးသည်ဟု ဗြိသျှအစိုးရက မြင်ပါသည်။ စစ်သားစစ်သားချင်း ဆက်ဆံရေးအတွက် ဗိုလ်ချုပ်ကြီးရစ်ချတ်၏ ခရီးစဉ်ဖြစ်ပေါ် လာရပါသည်။

၎င်းသည် မြန်မာအစိုးရနှင့် စစ်တပ်အား ယခုအထိတိုးတက်မှုများ လုပ်ဆောင်ခြင်းအတွက် လူသိရှင်ကြား ချီးကျူး ဖွယ်ရှိပါသည်။

လူမသိသူမသိ လုပ်ဆောင်ရမည့် ၄င်း၏တာဝန်တစ်ခုမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏အမှန် တရားများနှင့် ပတ်သက်သော ၄င်း၏အမြင်များကို လန်ဒန်ရှိ ၄င်း၏ နိုင်ငံရေးသမားများအား ပြန်လည်တင်ပြရန် ဖြစ်ပါသည်။

သီးခြားပြသနေသောလက္ခဏာတစ်ခုမှာ အနောက်နိုင်ငံကုမ္ပဏီများသည် ယခုအခါမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိုးရိမ်လျှက်ရှိနေပါသည်။ Vodafoneသည် မြန်မာနိုင်ငံ မိုဘိုင်းဖုန်းများကွန်ရက် တည်ဆောက်လုပ်ကိုင်ရန် တင်ဒါမှ နှုတ်ထွက် သွားပါသည်။

Human Right Watch က ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် သတင်းအချက်အလက် ဖော်ပြ မှု၊ လွတ်လပ်ရေးအတွက် ဥပဒေများ ဖြေလျော့လာသည်အထိ စောင့်ကြရန် သတိပေးခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရစ်ချတ်သည် လာမည့်လတွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ နှုတ်ထွက်မည်ဖြစ်ပြီး ဗိုလ်ကြီးဆာနီကိုလပ်ဟောက်တန်က ဆက်ခံမည် ဖြစ်ပါ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment