Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ကချင်ပြည်နယ်မှ သဘောတူညီမှုကို နော်ဝေကြိုဆို

( Norway Post မှ 2 Jun 2013 ရက်စွဲပါ “Norway welcomes agreement in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ပစ်ခတ်မူတွင် မူယစ်ဆေးကယ်ရီ တစ်ဦးသေဆုံး

(Bangkok Post မှ 2 Jun 2013 ရက်စွဲပါ `Drug courier killed in Chiang Rai Clash’ သတင်းကို ဘာသာပြန် ဆိုသည်)


ကချင်ပြည်နယ်မှ သဘောတူညီမှုကို နော်ဝေကြိုဆို

( Norway Post မှ 2 Jun 2013 ရက်စွဲပါ “ Norway welcomes agreement in Myanmar” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်နက်ကိုင်အုပ်စုတို့အကြား သဘောတူညီမှုအချို့ ရရှိခြင်းကို နော်ဝေနိုင်ငံက ကြိုဆိုလိုက်ပါသည်။

ကချင်ပြည်နယ်ပဋိပက္ခ ပြေလည်စေမည့်နည်းလမ်းနှင့် နှစ်ဖက်စလုံးနီးကပ်လာအောင် ယခုသဘောတူညီမှုက ဆောင်ယူပေးမည်ဟု ယူဆရသည်။

လတ်တလော မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော နော်ဝေနိုင်ငံခြားရေးဝန်ကြီးတော်ဂျယ်လာဆင်က “မြန်မာတစ်နိုင်ငံ လုံးငြိမ်းချမ်းရေးရဖို့ လှေကားတစ်ထစ် နီးကပ်လာတာကို ဒီသဘောတူညီမှုက ထင်ဟပ်နေပါတယ်”ဟု ပြောကြားသည်။

မြန်မာအစိုးရသည် ၂၀၁၁ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ အနက်မှ ၁၀ ဖွဲ့နှင့်အပစ်ရပ်သဘော တူညီမှုများ ရရှိထားပါသည်။ တရုတ်နိုင်ငံနှင့် ထိစပ်နေသော နိုင်ငံမြောက်ပိုင်းဒေသ ကချင်ပြည်နယ်မှ ပဋိပက္ခသည် မြန်မာ နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသော တိုင်းရင်းသားပဋိပက္ခဖြစ်သည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော နှစ်ဖက်စလုံး ကြာသပတေးနေ့က လက်မှတ်ထိုးခဲ့ကြသော သဘောတူညီ ချက်တွင် နိုင်ငံရေးဒိုင်ယာလော့ ဆက်လက်ဆွေးနွေးရန်၊ ရန်စတိုက်ခိုက်မှုများ လျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီ ပိုမိုရရှိစေရေးနှင့် လက်တွေ့အခြေအနေအပေါ် ဖြစ်နိုင်ချေလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ရေးတို့ ပါဝင်ပါသည်။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားသော ကချင်ပြည်နယ်တွင် လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍တိုက်ပွဲများ ပြန်လည် ဖြစ် ပွားနေမှုနှင့်ပတ်သက်ပြီး အစိုးတပ်နှင့် ကချင်တပ်ဖွဲ့တို့ နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေးလိုလားသူများက ပြစ်တင်ဝေဖန်ခဲ့ကြ သည်။ သို့သော် ပြီးခဲ့သောနှစ်ဆန်းပိုင်းက KIA ဋ္ဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်မှနယ်မြေများကို အစိုးရတပ်ကလေကြောင်း အင်အားသုံး၍ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ချိန်တွင် ပြည်တွင်း၊ပြည်ပမှ ပြစ်တင်ဝေဖန်မှုအားလုံး အစိုးရနှင့် တပ်မတော် အပေါ်သို့ စုပြုံကျရောက်လာခဲ့သည်။ ကချင်ပဋိပက္ခ၏ အဓိကပဲ့ကိုင်ရှင်မှာ ကန့်လန့်ကာနောက်ကွယ်တွင် ရှိနေသည်ဟုလည်း ရန်ကုန် မြို့မှ အကဲခတ်အချို့က မှတ်ချက်ပေးကြသည်။

မည်သို့ပင်ဖြစ်စေ နော်ဝေနိုင်ငံခြားရေးဝန်ကြီးလာဆင်က “ပဋိပက္ခနဲ့ပတ်သက်တဲ့နှစ်ဖက်စလုံးငြိမ်းချမ်းရေး လုပ်ငန်း စဉ်တိုးတက်ဖို့ စစ်မှန်တဲ့ဆန္ဒရှိကြောင်း ပြသခဲ့ကြတဲ့အတွက် ချီးကျူးရမှာဖြစ်ပါတယ်”ဟု ပြောကြားလိုက်ပါသည်။


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ပစ်ခတ်မူတွင် မူယစ်ဆေးကယ်ရီ တစ်ဦးသေဆုံး

(Bangkok Post မှ 2 Jun 2013 ရက်စွဲပါ `Drug courier killed in Chiang Rai Clash’ သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း-မြန်မာနယ်စပ်အနီး ချင်းရိုင်ခရိုင်မယ်ဖာလန်တွင် စနေနေ့ညက မူးယစ်မှောင်ခိုအဖွဲ့နှင့် ကင်းလှည့်တပ်ဖွဲ့တို့ အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးကယ်ရီတစ်ဦး သေဆုံးကာ မီသိုင်းအင်ဖက်တာမင်းဆေးပြား ၂၉၀၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ချင်းမိုင်အုပ်ချုပ်ရေးမှူး ပေါင်ဆပ်၊ ခရိုင်ရဲမှူး ၀မ်ချိုင်၊ အမှတ်(၃၁) ရိမ်းဂျားတပ်မှူး ဗိုလ်မှူးကြီးဗာချာရာပေါင်းတို့ နှင့်အတူ မှုခင်းဆရာဝန်များ အမူလိုက်အရာရှိများ လိုက်ပါကာ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အခင်းဖြစ်နေရာကို စစ်ဆေးရန် ရဟတ်ယာဉ်များဖြင့် သွားရောက်ခဲ့ကြသည်။

လက်နက်ကိုင် မူးယစ်မှောင်ခိုဂိုဏ်းသည် `၀’အုပ်စုထံမှ မီသိုင်းအင်ဖက်တာမင်း ဆေးပြားအနည်းဆုံး တစ်သန်းခန့် ကို နယ်စပ်ဖြတ်ကူး၍ မယ်ချာလောင်ရွာမှတဆင့် မယ်ဖာလန်သို့ သယ်ဆောင်လာမည်ဟု သတင်းရရှိသောကြောင့် အမှတ် ၃၁ ရိမ်းဂျားတပ်ရင်းမှ ကင်းလှည့်အဖွဲ့က စနေနေ့ ညတွင် အဆိုပါနယ်မြေကို တပ်ဖြန့်စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

ညဥ့်နက်ပိုင်းတွင် ကျောပိုးအိတ်ကိုယ်စီဖြင့် မယ်ဖာလန်သို့ ဦးတည်နေသော လက်နက်ကိုင် ၂၀ ခန့်ကို ကင်းလှည့် အဖွဲ့ကတွေ့ရှိကာ ရှာဖွေစစ်ဆေးဖို့အတွက် ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။

၎င်းလက်နက်ကိုင်များက ရိမ်းဂျားကင်းလှည့်အဖွဲ့ကို စတင်ပစ်ခတ်ကာ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ ထို့နောက်တွင် လက်နက်ကိုင် မူးယစ်မှောင်ခိုများက နယ်စပ်ဖြတ်ကူး၍ လာလမ်း အတိုင်း ဆုတ်ခွာထွက်ပြေးခဲ့ကြရာ၊ သေနတ်ထိမှန် သေဆုံးသော အလောင်းတစ်လောင်း ကျန်ရစ်ခဲ့ပြီး ၄င်း၏ကျောပိုးအိတ်မှ မီသိုင်းအင်ဖက်တာမင်း ဆေးပြား ၂၉၀ ၀၀၀ ကို  ကင်းလှည့်တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ မယ်ချာလန်ရွာသည် နယ်ခြားတောင်ကြောတစ်လျှောက် မူးယစ်ဆေးဝါး ဖြန့်ချီရေးလမ်းကြောင်း ပေါ်တွင်တည်ရှိပြီး နယ်စပ်တစ်ဖက်နယ်မြေမှာ UWSA `၀`တပ်ဖွဲ့ထိန်းချုပ်ဧရိယာဖြစ်ပြီး၊ ယင်းတို့၏မူးယစ်ဆေးဝါး ထုတ် လုပ်မှုမှာ မိုင်းယဉ်းတွင် အခြေစိုက်သည်ဟု ဖာမောင်း တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

UWSA ထုတ်လုပ်သော မူယစ်ဆေးဝါးများသည် ချင်းရိုင်ခရိုင် မယ်ဖာလန်နှင့် မယ်ချန်၊ ချင်းမိုင်ခရိုင် မယ်အိတို့မှ တဆင့် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်မှောင်ခိုအဖွဲ့များက သယ်ဆောင်နေကြခြင်းဖြစ်သည်ဟု သိရှိရ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment