Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုက ၂၀၁၀ ရွေးကောက်ပွဲက စခဲ့တာဖြစ်ကြောင်း၊ ပထမတော့ သံသယရှိခဲ့ ပေမယ့်၊ အခုနောက်ပိုင်းမှာ တိုးတက်မှုတွေရှိလာကြောင်း၊ အခက်အခဲတွေတော့ ရှိကြောင်း ပြောပြခဲ့ပါတယ်။”

ဇွန်လ ၄ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင်ပါရှိသော “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အဖွဲ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ” သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီဥပဒေကို လာမယ့်ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလုပ်သမားကော်မတီတွေ ဖွဲ့ထားတယ်။ အဲဒီ့ကော်မတီက Servey လုပ်ပြီး၊ ဘယ်ပြည်နယ်၊ ဘယ်တိုင်း ဒေသကြီးမှာ လုပ်ခဘယ်လောက်ဖြစ်သင့်လဲဆိုတာ၊ အမျိုးသားကော်မတီကို တင်ပြမယ်။ အမျိုးသားကော်မတီမှ တစ်ဆင့် သမ္မတကြီးဆီတင်ပြပြီးတော့ အနည်းဆုံးလုပ်ခလစာကို ဘယ်ပြည်နယ်၊ ဘယ်တိုင်းဒေသကြီးမှာ ဘယ်လောက် ရသင့်လဲဆို တာ ဆုံးဖြတ်မယ်။”

ဇွန်လ ၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၅) တွင်ပါရှိသော “အနိမ့်ဆုံးလုပ်ခလစာ နည်းဥပဒေ ဇွန်လအတွင်း ထွက်ရှိမည်” သတင်းမှ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “အစိုးရက လျှို့ဝှက်ပြီးလုပ်ရတဲ့ခေတ်ဆိုတာ ကုန်သွားပါပြီ။ ဆက်သွယ်ရေးဥပဒေကလည်း ထွက်ရှိလာပြီဆို ရင် Public က တကယ်ကို လိုက်နာတဲ့ Law တစ်ခုဖြစ်ချင်လို့ အချိန်ပေးပြီး ပြင်ဆင်ရေးဆွဲနေပါတယ်။”

ဇွန်လ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပွင့်လင်းမြင်သာမှုရှိပြီး အများပြည်သူ လက်ခံလိုက်နာနိုင်သည့် ဆက်သွယ်ရေးဥပဒေမျိုး ပြဋ္ဌာန်းမည်ဟု ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား” သတင်းမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့မြန်မာငြိမ်းချမ်းရေးစင်တာအနေနဲ့ ညှိနှိုင်းပေးတယ်။ ကျွန်တော်တို့ ငွေကိုင်ပြီးလုပ်ပေးနေတာမျိုး လုံးဝမရှိပါ ဘူး။ အလှူရှင်တွေအနေနဲ့ သူတို့တိုက်ရိုက်လှူဒါန်းနိုင်တယ်။ အဲဒီမှာ လိုအပ်တဲ့ အကူအညီကို ပေးတာပဲရှိပါတယ်။ ငွေလက်ခံ ပြီး ဝယ်ခြမ်းပေးတာ၊ ဝေငှတာမျိုးမရှိပါဘူး။”

ဇွန်လ ၄ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံတကာမှ အကူအညီ များစွာ ရရှိထားသော်လည်း ဒုက္ခသည်စခန်းများတွင် ထိရောက်သည့် ကူညီမှုမရဟုဆို” သတင်းမှ မြန်မာငြိမ်း ချမ်းရေး စင်တာမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“နိုင်ငံသားဖြစ်ခွင့်မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့အခါကျရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက် စေဘူးလားဆိုတာကို သုံးသပ်ဖို့လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ်ဆိုတာကို မဲပေး ပိုင်ခွင့်တို့၊ နိုင်ငံရေး ပါတီထောင်ခွင့်တို့ပေးခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုလည်း ထိခိုက်စေတယ်ဆိုတာကို ကျိုးကြောင်းဆီလျော်စွာ တင်ပြသွားဖို့ရှိတယ်။”

ဇွန်လ ၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃၄) အမှတ် (၈) တွင်ပါရှိသော “၂၀၁၀ ရွေးကောက်ပွဲ တွင် ဝှိုက်ကတ် (ယာယီသက်သေခံလက်မှတ်) ဖြင့် မဲပေးခွင့်ပြုခဲ့သော ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ များကို ၂၀၁၅ တွင် မဲပေးခွင့်မပြုရန် ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ တောင်းဆိုမည်” သတင်းမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


သတင်းတိုများ

ပဋိပက္ခစီမံခန့်ခွဲမှု

လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရှမ်းဘုန်းကြီးကျောင်း (မန်ဆူ) တွင် ခိုလှုံနေရသည့် အိမ်ထောင်စု ၂၃၅ စုမှ ဒုက္ခသည်ဦးရေ ၁၂၆၆ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှငွေကျပ် ၃၆၉၃၇၃၀ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းရှစ်မျိုး၊ ငွေကျပ် ၂၁၂၅၀၀ တန်ဖိုးရှိ ရေသန့်တစ်လီတာဘူး ၁၅၀၀ နှင့် ငွေကျပ် ၁၉၀၀၀၀ တန်ဖိုးရှိခေါက်ဆွဲခြောက်ထုတ် ၁၅၀၀၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၀၉၆၂၃၀ ကိုထောက်ပံ့ပေးခဲ့ ကြောင်းသိရသည်။ အမျိုးသားလုံခြုံရေးကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောဒေသ များတွင် ထုတ်ပြန်ခဲ့သော တစ်အိမ်ထောင် ကလေးနှစ်ဦးမူဝါဒသည် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများကဝေဖန်မှုများရှိခဲ့သောကြောင့် အဆိုပါ မူဝါဒကို မြန်မာအစိုးရမှ ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်းသမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က AFP သတင်းဌာန ကိုပြောကြားချက်မှ သတင်းရရှိသည်။ယခုအခါတွင် အဆိုပါမူဝါဒအား နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီရေးဆွဲ နိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ရင်းနှီးမြှပ်နှံမှု

အမေရိကန် အခြေစိုက် Devil Gudam Cell (DG Cells) ကုမ္ပဏီသည် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ICT နည်းပညာများဖြင့် ဝင်ရောက်လုပ်ကိုင်နိုင် ရန်အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံတိုက်ရိုက်ရင်းနှီးမြှပ်နှံမည်ဖြစ်ကြောင်းအဆိုပါ ကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ Denis O’Brien မှ ဇွန်လ ၃ ရက်နေ့တွင်ပြုလုပ်သောနည်းပညာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Denis O’Brien သည်၎င်းတို့အနေ့ဖြင့် မြန်မာနိုင်ငံတွင် တင်ဒါလျှောက်လွှာတင်ပြီးဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် လက်ခံအတည်ပြုဆောင်ရွက်ခွင့် ပြုပါကဖိုင်ဘာအော့ပ် တစ်ကေဘယ်ကြိုးအရှည် ကီလိုမီတာပေါင်း ၇၀၀၀ နှင့် Wi-fi Hotspots ဝန်ဆောင်မှုပေါင်း ၂၃၀၀၀ ကိုဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီးအကြီးမားဆုံးလုပ်ဆောင် မှုအဖြစ် ဆေးရုံပေါင်း ၈၇၉ ရုံ၊ အလယ်တန်းကျောင်းပေါင်း ၃၉၀၀၊ တက္ကသိုလ်ပေါင်း ၁၈၀ အပြင် စာကြည့် တိုက်ပေါင်း ၄၆၀၀ တို့ကိုအခမဲ့ အင်တာနက်ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိရွေလီမြို့သို့သွယ်တန်းဆောက်လုပ်နေသည့် ကျောက်ဖြူသဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ယခုအခါတွင် ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ပြီးစတင်စမ်းသပ်လည်ပတ်ရန် အတွက် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းတရုတ်ကုမ္ပဏီ CNPC ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်မှ သတင်းရရှိသည်။ စီမံကိန်းပိုက်လိုင်းမှာစုစုပေါင်းအရှည် ၇၆၇၆ ကီလိုမီတာ၊ အနက် ၁၅၀၄ ကီလိုမီတာ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းမည်ဖြစ်ပြီးတစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ ၁၂ ဘီလီယံကုဗမီတာ နှင့်ရေနံတန်ချိန် ၂၂ သန်းခန့် တင်ပို့နိုင်ရန် ဒီဇိုင်းရေးဆွဲထားကြောင်းသိရသည်။

 

အုပ်ချုပ်ရေး

မြန်မာနိုင်ငံ၏ လက်ရှိခန့်မှန်းခြေငွေစာရင်းတွင် ဝင်ငွေမှန်းဆချက်မှာအမှန်တကယ်ရရှိသည်ထက် မြင့်မားလျက်ရှိပြီး ခွင့်ပြုထားသောအသုံးစရိတ်မှာလျော့နည်းလျက်ရှိကြောင်း ၂၀၁၃ မေလအတွင်းထုတ်ပြန်ခဲ့သော ပြည်သူ့ဘဏ္ဍာစီမံ အုပ်ချုပ်မှု လုပ်ဆောင်ချက် အစီရင်ခံစာတွင် ဖော်ပြထားကြောင်းသိရသည်။ အခွန်ဝင်ငွေ များလည်ပတ်မှု အခြေအနေကို ခန့်မှန်းရာတွင်အကျိုးသက်ရောက်မှုရှိသော်လည်းအခွန်ကောက်ခံရရှိမှုမှာအလွန်နည်းပါးလျက်ရှိကြောင်းလတ်တလောနှစ်များတွင် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်းအခွန်ကောက်ခံခြင်းနှင့် အခွန်ထမ်းမှတ်ပုံတင်ခြင်းမှာလည်း အားနည်းလျက်ရှိကြောင်းသိရသည်။


အစိုးရနှင့် ကေအိုင်အေအကြားတစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်မည်

ကချင်ပြည်နယ်တွင် အစိုးရနှင့် ကေအိုင်အေအကြားတစ်ကျော့ပြန်စစ်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အတွင်းထိခိုက်သေဆုံးခဲ့သောတပ်မတော်သားများနှင့် ဒေသခံပြည်သူများအတွက် “ကချင်ဒေသ တစ်ကျော့ပြန် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ”ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးလိုလားသည့် အဖွဲ့အစည်း ၁၈ ဖွဲ့ကဇွန်လ ၉ ရက်နေ့တွင် ရေစက်ချဝတ်ပြုဆုတောင်းမှုများပြုလုပ်မည် ဖြစ်ကြောင်းသိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment