Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ကုန်သွယ်ရေးသဘောတူညီမှုသည်လည်း မြန်မာနိုင်ငံအပေါ် အလားတူဖိအားပေးနိုင်

(UPI မှာ 3 June 2013 ရက်စွဲပါ “Trade could equal pressure for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. အကျင့်ပျက်ခြစားမှုသည် လက်ရှိရှင်းနေသော အန္တရာယ်ဖြစ်

(4 June 2013 ရက်စွဲပါ Bangkok Post မှ Clear and present danger ကို ဘာသာပြန်ပါသည်။)

  1. ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် ပထမဆုံးစပွန်ဆာ ထွက်ပေါ်လာ

( Sports Pro မှ 3 Jun 2013  ရက်စွဲပါ  “First Sponsor on board for 27th SEA Games”  သတင်းကို ဘာသာပြန်ဆိုသည်။)


ကုန်သွယ်ရေးသဘောတူညီမှုသည်လည်း မြန်မာနိုင်ငံအပေါ် အလားတူဖိအားပေးနိုင်

(UPI မှာ 3 June 2013 ရက်စွဲပါ “Trade could equal pressure for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရာရာကို တပ်မတော်က လက်ဝါးကြီးအုပ်ထားမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးရေးပြဿနာများထဲတွင် ထိပ်ဆုံး ဖြစ်နေလိမ့်မည်ဟု နိုင်ငံရေးအကဲခတ် စောင့်ကြည့်သူများက ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်ဘက်ကအုပ်ချုပ်မှုကို ၂၀၁၀ တွင် အဆုံးသတ်ကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများကို တစ်သီးတစ်သန့် စတင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအား အသိမှတ်ပြု ချီးကျုးရန် စောလွန်းသေးကြောင်း လူ့အခွင့်ရေးအုပ်စုများက သတိပေးပြောကြားနေသော်လည်း နိုင်ငံတကာအသိုင်းဝိုင်းက မြန်မာတို့၏ အပြောင်းအလဲကို တုံ့ပြန်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှု sanction များကို ဖြေလျှော့ပေးခဲ့သည်။

အင်ဒီယားနားတက္ကသိုလ်မှ Center on Congress ဒါရိုက်တာ လီဟယ်မင်တန်နှင့် Center for Constitutional Democracy ဒါရိုက်တာ ဒေဗစ်ဝီလီယံ တို့က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူညီမှုများကို တွန်းအားသဖွယ် အသုံးပြု၍ ရနိုင်ကြောင်း ဝါရှင်တန်ပို့စ်တွင် ရေးသားထားသည်။

သမ္မတအိုဘားမားသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စနှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မကြာသေးမီက တွေဆုံခဲ့သည်။

“သမ္မတအိုဘားမားက မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် မွတ်ဆလင်များအပေါ် လူမျိုးရေး အကြမ်းဖက်မှုများရပ်ဆိုင်းရန် ထပ်မံတောင်းဆိုထားသည်။ ၄င်းစိုးရိမ်စရာ ကိစ္စများသည် ပြဿနာ၏ တစ်ပိုင်းတစ်စမျှသာ ရှိသေးသည်” ဟု ဆောင်းပါးရှင်များက ရေးသားသည်။

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ လက်ရှိတိုက်ခိုက်နေကြဆဲ ပဋိပက္ခများပေါ်တွင် မွတ်ဆလင်-ဗုဒ္ဓဘာသာ အကြမ်းဖက် အဓိကရုဏ်းများက ထပ်မံ၍ဆင့်လိုက်သောအခါ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကောင်းစွာ လောင်းရိပ်မိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသောငြားလည်း တပ်မတော်က ကိုင်ထားသောအာဏာများ လွန်းအား ကြီးသည်ဟု ဟယ်မီတန်နှင့် ဝီလီယံတို့က ဆိုပါသည်။

“ယခုအချိန်သည် အာဏာသိမ်းနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်သောကြောင့် စစ်တပ်(တပ်မတော်)၏ အာဏာလျော့ အောင်ကြိုးစားဖို့အချိန်မတေန်သေးပါ။ သို့သော် တိုင်းရင်းသားလူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းဖို့ အခြေခံဥပဒေ ပြင်ဆင်မှု အချိန်စောလွန်းခြင်းမရှိသည့်အပြင် နောက်ကျကောင်း နောက်ကျသွားနိုင်သည်ဟု” ဆောင်းပါးရှင်းနှစ်ဦးက သုံးသပ် ရေးသားထားပါသည်။

အထက်ပါ ဆောင်းပါးရှင်နှစ်ဦးသည် ၄င်းတို့၏ အင်ဒီယားနားတက္ကသိုလ်စင်တာ အသီးသီးမှတဆင့် အကြံပေးများ အဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။


အကျင့်ပျက်ခြစားမှုသည် လက်ရှိရှင်းနေသော အန္တရာယ်ဖြစ်

(4 June 2013 ရက်စွဲပါ Bangkok Post မှ Clear and present danger ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံသည် ၎င်း၏စီးပွါးရေးတန်ဖိုးကို လေးဆတိုး၍ ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ(၂၀၀) ဘီလီယံထိ ရောက်ရှိရန် အလားအလာရှိပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးကို ဖိဖိစီးစီးလုပ်ဆောင်ခြင်း၊ နည်းပညာကို လက်ကမ်းကြိုဆိုခြင်းနှင့် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ ပြေင်းလဲပစ်ရန် လိုအပ်ပါသည်။

နေရာတကာတွင် ပျံနှံ၍ အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုသည် မြန်မာနိုင်ငံ၏ တိုးတက် ကြီးထွားမှုကို အဓိကတားဆီးမည့်အရာဟု သတ်မှတ်ကြပါသည်။ Transparency International ၏ ၂၀၁၂ အတွက် အကျင့်ပျက်ခြစားမှု အတွက် လက်ခံထားသော ညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံသည် (၁၇၄) နိုင်ငံ ရှိသည့်အနက် အဆင့် (၁၇၂) တွင် ရှိနေပါ သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှု အစီရင်ခံစာ၏ တိုင်းတာချက်အရ စီးပွါးရေးနိုင်ငံ (၁၄၄) နိုင်ငံ အနက် (၂၂) နိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ရာ၌ အကျင့်ပျက်ခြစားမှုသည် အဓိကအတားအဆီး ဖြစ်နေသည်ဟု သတ်မှတ် ပါသည်။

အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးသည် စီးပွါးရေးအတွက် မရှိမဖြစ် မဟာဗျူဟာကျကျ အရေးပါ လှပါသည်။ အကျင့်ပျက်ခြစားမှုသည် စီးပွါးရေးတည်ငြိမ်မှု၊ ကြီးထွားမှုနှင့် ပြိုင်ဆိုင်မှုအတွက် အဓိကအတားအဆီးဖြစ်သည်ဟု ကျယ် ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြပါသည်။ စီးပွါးရေးလုပ်ငန်းများသည် အစိုးရများ၊ အခြားပါဝင်ပတ်သက်သူ များနှင့် ပေါင်း၍ အကျင့်ပျက်ခြစားမှုပြဿနာအတွက် ရေရှည်တည်တံ့မည့်အဖြေရှာရန် သီးသန့်အခွင့်အလမ်းရှိပြီး ယနေ့ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်များတွင် အားလုံးပြင်ညီတွင် ညီတူညီမျှ ပြိုင်ဆိုင်နိုင်ရန် ဖန်တီးပေးရမည် ဖြစ်ပါသည်။

ခေါင်းဆောင်မှုနေရာ ရယူခြင်းသည် အဖွဲ့အစည်းဆိုင်ရာ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်သည်သာ မက CEO တိုင်းသည် မဟာဗျူဟာအရ အရေးပါသောလုပ်ဆောင်မှုများအတွက် အရေးကြီးပါသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ အကျင့်ပျက်ခြစားမှုကြောင့် ကမ္ဘာကြီးတွင် စီးပွါးရေးလုပ်ဆောင်ရာတွင် စရိတ်များ၌ ၁၀% ပိုမိုကုန်ကျသည်ဟု ဆိုပါသည်။ ကော်ပိုရေးရှင်းကြီးများနှင့် ဆက်စပ်သော စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်မှုများအပေါ် အကြီးဆုံးစစ်တမ်းကောက်ယူမှုဖြစ်သော ၂၀၁၂ Global Compact Annual Implementation Survey ကို တုန့်ပြန်ရာတွင် စီးပွားရေးလုပ်ငန်း (၁၇၀၀) ကျော် ပါဝင်ရာ ၃၉% က အကျင့်ပျက် ခြစားမှုသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အတားအဆီး ဖြစ်သည်ဟု အဆင့်သတ်မှတ် ကြပါသည်။

အကျင့်ပျက်ခြစားမှုနှင့်ယဉ်ပါးနေသ၍ စဉ်ဆက်မပြတ်ရှိမှုနှင့် ဈေးကွက်ကြီးထွားမှုကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ပြိုင်ဆိုင်မှုအိုင်ဒီယာများပြောင်းလာပြီး၊ အကြီးစားကနဦးလုပ်ဆောင်မှုများကို အကောင်အထည်ဖော်ရန် ခက်ခဲသော အခါ “စိတ်ထက်သန်မှုများ ပေါင်းစည်းမှု” သည် လျှင်မြန်စွာတိုးတက်လာခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွါးရေးလုပ်ငန်းများနှင့် အစိုးရခေါင်းဆောင်များသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစပြုလုပ်ဆောင်မှုကို ကူညီရန် ပိုမိုစိတ်ဝင်စား လာကြ ပါသည်။

ကုမ္ပဏီများသည် တရားဥပဒေလိုက်နာမှုအားနည်းသည့် နေရာများတွင် စွန်းစားရသည့်အန္တရာယ် ပို၍ကြုံတွေ့ လာရပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွါးရေး ငွေလွှဲပြောင်းခြင်းများတွင် တိမ်မဲဆင်နေသည့် သဖွယ် ရှိပါသည်။

2004 ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ကမ္ဘာစီးပွါးရေးဖိုရမ်၏ Partnering Against Corruption Initiative (PACI) သည် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းမျိုးစုံ၊ ပါဝင်ပတ်သက်သူ မျိုးစုံတို့၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်သော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို အစပြုလုပ်ဆောင်မှု တစ်ခုဖြစ်ပြီး၊ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် စီးပွါးရေးကျင့်ဝတ်များ လိုက်နာသော အသိုင်းအဝိုင်းအဖြစ် သေချာစေရန် လုပ်ဆောင်ခဲ့ပါသည်။

PACI သည် အကျင့်ပျက်ခြစားမှုသည် မဟာဗျူဟာကျသော စီးပွါးရေးအရ စွန့်စားရမည့်အန္တရာယ်ဟု နားလည်သူ ကမ္ဘာတစ်ဝှမ်းမှ စီးပွါးရေးခေါင်းဆောင်များကို စုစည်း၍ CEO အဆင့် ကတိကဝတ်များကို ဖော်ထုတ်မည်ဖြစ်ပါသည်။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေး ပြဿနာကို တစ်ဦးခြင်းလုပ်ဆောင်မှုနှင့် အဖြေမရှာနိုင်ပေ။

ဤနေရာတွင် စုပေါင်းလုပ်ဆောင်မှုနည်းလမ်းသည် အတိအကျအရေးကြီးပါသည်။ ပါဝင်ပတ်သက်သူမျိုးစုံ အုပ်စု ဖွဲ့၍ လည်းကောင်း၊ အလုပ်တွဲလုပ်၍ မဟာမိတ်ဖွဲ့၍ လည်းကောင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပလက်ဖောင်းကို တိုးချဲ့ခြင်းသည် အောက်ပါ ကြိုးစားမှုအတွက် အထောက်အကူ ဖြစ်ပါသည်။

 -အခြားကုမ္ပဏီများ အစိုးရများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများစုပေါင်း၍                  

   ပြင်ညီ တွင် လုပ်ဆောင်နိုင်ရေး ကြိုးပမ်းခြင်း။

 -နိုင်ငံအဆင့်နှင့်ဒေသဆိုင်ရာကို အခြေပြု၍ အဆင့်မြင့်စီးပွါးရေးနှင့် အစိုးရကြား ဆွေးနွေးမှုများ

  အတွက် ချိတ်ဆက်ရန်။

 -ကမ္ဘာအလိုက်မောင်းနှင်မည့်ခေါင်းဆောင်မှုလိုအပ်သည့် စက်မှုကဏ္ဍအတွက် သီးသန့်

  အကျင့်ပျက် ခြစားမှုစိန်ခေါ်မှုများကို သတ်မှတ်ဖော်ထုတ်ရန်။

 -ဖလှယ်ခြင်း၊ ကွန်ယက်ဖွဲ့ခြင်းနှင့် အကောင်းဆုံးလုပ်နည်းကိုင်နည်းများ ဝေမျှခြင်းမှတဆင့် PACI

 အဖွဲ့ ဝင်များ၏ လက်တွေ့လုပ်ဆောင်မှုများကို ကမ္ဘာ့အကောင်းဆုံးလုပ်နည်းကိုင်နည်းများဖြင့်

 နှိုင်းယှဉ်၍ စံသတ်မှတ်ခြင်း။

၂၀၁၁ ခုနှစ် မတ်လတွင် မွန်ဂိုလီးယားသမ္မတသည် ၎င်း၏တိုင်းပြည်၌ ကြုံတွေ့နေရသော အကျင့်ပျက် ခြစားမှု စိန်ခေါ်မှုများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့်လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင် များနှင့် စားပွဲဝိုင်း ဆွေးနွေးမှု လုပ်ဆောင်ပေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးမှ အဓိကကျသော ရလဒ်မှာ PACI မွန်ဂိုလီးယားကွန်ယက်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကွန်ယက်မှာ လာဘ်ပေးမှုလုံးဝမရှိရေး ကတိပြုထားသော ပြည်တွင်းအခြေစိုက် စီးပွါးရေးကို ဦးတည်သော အသိုင်း အဝိုင်းဖြစ်ပါသည်။

PACI  မွန်ဂိုလီးယားကွန်ယက်ကို မွန်ဂိုလီးယားစီးပွားရေး အသိုင်းအဝိုင်းက ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းကို PACI မွန်ဂိုလီးယားဦးဆောင်ဘုန်အဖွဲ့က ဦးဆောင်ပြီး မွန်ဂိုလီးယားစီးပွါးရေးခေါင်းဆောင်များ နှင့် အစိုးရ ခေါင်းဆောင်ကိုးဦး ပါဝင်ပါသည်။ ၎င်းသည် မွန်ဂိုလီးယားအမျိုးသားကုန်သည်ကြီးများအသင်း (MNCCI) ကို အခြေပြု ပါသည်။

PACI မွန်ဂိုလီးယားကွန်ယက်တွင် လက်ရှိအားဖြင့် PACI စည်းမျဉ်းများကို လက်မှတ်ရေးထိုးတားသော မွန်ဂိုလီးယား ကုမ္ပဏီ (၁၅၀) ကျော် ပါဝင်ပါသည်။ ၎င်းတို့သည် PACI စည်းမျဉ်းများကို စံအဖြစ်ထား၍ အသုံးပြုပြီး အဆိုပါကုမ္ပဏီများသည် လာဘ်ပေးမှုဆန့်ကျင်ရေးနှင့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လုပ်ထုံးလုပ်နည်းများကို ၎င်းတို့၏ ကုမ္ပဏီများတွင် အကောင်အထည်ဖော်ရန် သဘောတူကြပါသည်။


      ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် ပထမဆုံးစပွန်ဆာ ထွက်ပေါ်လာ,

( Sports Pro မှ 3 Jun 2013  ရက်စွဲပါ  “First Sponsor on board for 27th SEA Games”  သတင်းကို ဘာသာပြန် ဆိုသည်။)

ယခုနှစ်ကုန် မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA ဂိမ်းအတွက် ပထမဆုံး စပွန်ဆာအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း  Panasonic  Asia-Pacific  က ထုတ်ပြန်ကြေညာသည်။

၂ နှစ်တစ်ကြိမ် ဒေသတွင်း အားကစားပြိုင်ပွဲအတွက် သဘောတူညီမှုအရ စီစဉ်ကျင်းပသူများအား ပြိုင်ပွဲသုံး ပစ္စည်း အသုံးအဆောင်များ သီးသန့်ကူညီသွားမည်ဖြစ်ပြီး၊ အရုပ်နှင့်အသံစနစ် ကိရိယာများကိုလည်း သီးသန့်မဟုတ်သော အစီ အစဉ်အရ Panasonic က ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီများကိုယ်စား စပွန်ဆာရှာပေးသည့်လုပ်ငန်း လုပ်ကိုင်သော Dentsu Sports Asia က ယခုသဘောတူညီမှုကို အကျိုးဆောင်ခဲ့ခြင်းဖြစ်သည်။

“ဆီးဂိမ်းအတွက် စပွန်ဆာဖြစ်လာတဲ့ Panasonic နဲ့အတူ အလုပ်လုပ်ရမယ့် အခွင့်အလမ်းကို ရရှိတဲ့အတွက် ကျွန်တော်တို့ အရမ်းကျေနပ်အားရမိပါတယ်” ဟု Dentsu အကျိုးဆောင်ကုမ္ပဏီ ဥက္ကဋ္ဌ ကူနီဟီတိုမိုရီမူရာ က ပြောကြား သည်။

“ဒီ အားကစားပွဲဟာ နှစ်ပေါင်း ၄၀ ကျော်မှ မြန်မာနိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး အားကစားသမား ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်တာကို တွေ့မြင်ကြရမှာပါ။ မြန်မာနိုင်ငံကို ခြေလှမ်းချဲ့ဖို့ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေ၊ ဒေသတွင်း ကိုယ့်ကိုကိုယ် ထူထောင် နေတဲ့ ကုမ္ပဏီတွေအတွက်တော့ တကယ်ကောင်းတဲ့ အခွင့်အလမ်းပါ” ဟု ၎င်းကဆိုပါသည်။

“Dentsu Sports Asia  ဟာ ဒီ မြန်မာဆီးဂိမ်းအတွက် အကောင်းဆုံး စပွန်ဆာတွေကို ဆက်လက် ရွေးချယ်၊ ရှာဖွေ သွားမှာဖြစ်ပြီး ၂၇ ဆီးဂိမ်းကို အားကြိုးမာန်တက် ဈေးကွက်တင်နေပါတယ်” ဟု ကူနီဟီတိုမိုရီမူရာ ကဆက်လက် ပြောကြားသည်။

အိမ်ရှင်မြန်မာအပါအဝင် ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည့် ၂ နှစ်တစ်ကြိမ် ဒေသတွင်းအားကစားပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၃၀ ကျော် ပါဝင်မည်ဟု သိရှိရသည်။

၁၉၆၉ ခုနှစ်က နောက်ဆုံး လက်ခံကျင်းပခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်မှ အိမ်ရှင်ပြန်ဖြစ်လာသော မြန်မာနိုင်ငံသည် အိုလံပစ် အားကစားနည်းအချို့ကို ဖယ်ထုတ်ကာ ၎င်းတို့ အနိုင်ရနိုင်သည့် ရိုးရာအားကစားနည်းများ ကိုထည့်သွင်းရန် ကြိုးစားမှုကြောင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၏ ဝိုင်းဝန်း ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment