Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တွေ့ရတဲ့အချက်ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။ လွှတ်တော်တက်တယ်။ လူထုနဲ့ ပတ်သက် လာရင်တော့ တတ်နိုင်သမျှ တာဝန်ယူမှု၊ တာဝန်ခံမှုတွေမရှိဘူး။ ဒါတွေကို ခေါင်းဆောင်တွေက မြင်ဖို့လိုမယ်။ အခု ကျွန်တော်ဆို (၆၈) နှစ် ရောက်နေပြီ။ လုပ်ရတာပဲ။ ကျွန်တော်တို့ ပါတီတွင်းမှာလဲ လွှတ်တော်တက်ဖို့လောက်ပဲ စိတ်ဝင်စားတဲ့ အမတ်ရှိတာပဲ။ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။”

ဇွန်လ ၅ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ပါရှိသော “လွှတ်တော်ကိုယ်စားလှယ်တွေ လူထုအတွက် တာဝန်မယူဟု ဦးသိန်းညွန့်ဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အတွင်းရေးမှူးဆီကပို့တဲ့ အယောက် ၂၀၀ စာရင်းကို စစ်ဆေးနေပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ သုံးမျိုးတော့ ခွဲထား တယ်။ နိုင်ငံရေးနဲ့ သက်ဆိုင်ပြီးတော့ ပြစ်ဒဏ်ကျခံရတဲ့ ကျွန်တော်တို့သိတဲ့သူတွေကို တစ်ဆင့်ထားတယ်။ တချို့ကျတော့ အမှုတွဲတွေ၊ လူတွေတွဲပြီးတော့ မေးမြန်းရမယ့် လူတွေလည်းရှိပါတယ်။ အခု နောက်ပိုင်း နိုင်ငံရေးပုဒ်မနဲ့ကျတာမဟုတ်ဘဲနဲ့ တခြားပုဒ်မတွေနဲ့ ရောထွေးနေတဲ့ အခါကျတော့ ကျွန်တော်တို့က လူလည်းမမြင်ဘူး။ အမှုအကြောင်းလည်း သေချာမသိတဲ့ အခါမှာ လူတွေ့ဖို့ အမှုတွဲကို စစ်ဆေးဖို့ ထပ်မံပြောဆို သွားမှာဖြစ်ပါတယ်။ ဒီအယောက် ၂၀၀ ထဲမှာ တချို့ကျတော့ နိုင်ငံရေး မှုနဲ့ မသက်ဆိုင်သူတွေရှိပါတယ်။”

ဇွန်လ ၅ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အကျဉ်းသား ၂၀၀ ဦးအား နိုင်ငံရေး အကျဉ်းသား ဟုတ်၊မဟုတ် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ စိစစ်နေ” သတင်းမှ လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လုံးဝပျောက်ကွယ်သွားတာတော့ မဟုတ်ဘူး။ လာဘ်ပေးလာဘ်ယူမှုနဲ့ အာဏာပိုင် ဝင်ရောက် စွက်ဖက်မှုက တော်တော့်ကို လျော့သွားတယ်။ လေ့လာစစ်ဆေးခဲ့တဲ့ တရားရေးဆိုင်ရာ အသိုင်းအဝိုင်းနဲ့ လူထုရဲ့ ပြောကြား ချက်အရ သိရတာပါ။ ဘယ်လောက်နှုန်းထားကျဆင်းသွားတယ်ဆိုတာမျိုးတော့ အတိုင်းအတာတစ်ခု အထိ ပြောလို့ မရပါဘူး။”

ဇွန်လ ၆ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၂၂) တွင်ပါရှိသော “တရားစီရင်ရေးတွင် တစ်နှစ်နီးပါးကာလအတွင်း လာဘ်ပေးလာဘ်ယူမှု ကျဆင်းလာဟုဆို” သတင်းမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ နိုင်ငံရဲ့သမိုင်းက များရာလူနိုင်တဲ့စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ PR စနစ်လည်းရှိသလို၊ များရာနိုင်တဲ့ စနစ်လည်းရှိတယ်။ ဒါကြောင့် ဒီနိုင်ငံမှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ အရင်စမ်းသပ်လုပ်ပြီးရင် အဲ့ဒီက အတွေ့အကြုံတွေ၊ အားနည်းချက်၊ အားသာချက်တွေယူပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစေချင်တယ်။”

ဇွန်လ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “PR စနစ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် စတင်ကျင့်သုံးရန် လွှတ်တော်သို့ တင်ပြမည်” သတင်းမှ ခေတ်သစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံပညာရေးကို ကမ္ဘာ့အဆင့်မီ ပညာရေး အဖြစ်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ အလျင်အမြန်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး အားလုံးအကျုံးဝင်သော ပညာရေးစနစ်တစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရန် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား အသိပေးရဖို့နဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ပညာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ အသံနားထောင်ဖို့ လိုအပ်ပါတယ်။”

ဇွန်လ ၅ ရက်နေ့ထုတ် 7 Days Journal တွင်ပါရှိသော “အားလုံးအကျုံးဝင်သော ပညာရေးစနစ်ဖြစ်ရန် ပြည်သူ့အသံနားထောင်မည်ဟု ပညာရေးဝန်ကြီး ပြောကြား” သတင်းမှ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံခြားရေးဝန်ကြီးဌာနမှ မလေးရှားသံအမတ်ကို မြန်မာများ အသတ်ခံရမှုကိစ္စအတွက် သတိပေး

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို ဇွန်လ ၄ ရက် နေ့တွင် သတိထောက်လွှာပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ထုတ်ပြန် ချက်တွင် မလေးရှားရောက် မြန်မာများ ပြီးခဲ့သော ရက်ပိုင်းက ဆက်တိုက် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် အသက် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့ကို ချက်ချင်းစုံစမ်း ဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးစေလို ကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားအောင် မလေးရှားအစိုးရက လုပ်ဆောင်ပေးရန်တို့ပါရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကလည်း မြန်မာနိုင်ငံများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ယနေ့သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောဆိုချက်အရ သိရသည်။


ဖိလစ်ပိုင်သမ္မတ အကွီနို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

              မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ (WEF) သို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ သမ္မတ တန်နစ်နိုအကွီနိုသည် ဇွန်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။ သမ္မတ အကွီနိုနှင့်အတူ ဖိလစ်ပိုင် အစိုးရ အဖွဲ့ဝင်အချို့နှင့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် အများအပြား လိုက်ပါ လာမည်ဖြစ်ကာ ဇွန်လ ၇ ရက်နေ့ နေ့လယ်တွင် နေပြည်တော် MCC ခန်းမ၌ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာ သူများနှင့် သမ္မတအကွီနိုတို့ တွေ့ဆုံမည်ဖြစ်ကြောင်း WEF ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၎င်း၏သမ္မတ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမည်ဖြစ်ပြီး ၂၀၁၄ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက် ရန် ဖိတ်ကြားဖွယ်ရှိနေကြောင်း သိရသည်။


နယ်သာလန် အိမ်ရှေ့မင်းသားနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ တွေ့ဆုံကာ ပဋိပက္ခရပ်စဲရေးနှင့် သယံဇာတ ခွဲဝေရေးကိစ္စများ ဆွေးနွေးခဲ့

နယ်သာလန် အိမ်ရှေ့မင်းသား ဂျေမီဒီဘောဘုန်းပါမေး သည် ဇွန်လ ၄ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် မြန်မာငြိမ်းချမ်းစင်တာတွင် တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုလာသော နယ်သာလန်အိမ်ရှေ့မင်းသား ဂျေမီဒီဘောဘုန်းပါမေး အပါအဝင် နိုင်ငံတကာ လူငယ်ခေါင်းဆောင်များ သည် ပဋိပက္ခများရပ်စဲရန် လိုအပ်ချက်များ၊ ပဋိပက္ခများအပြီး သယံဇာတခွဲဝေရေးနှင့် အလုပ်အကိုင်အသစ်များ ဖော်ထုတ်နိုင် ရန်ကိစ္စများ ဆွေးနွေးခဲ့ကြပြီး မင်းသားဂျေမီဒီဘောဘုန်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော နိုင်ဂျီးရီးယားနိုင်ငံနှင့် ဆောင်ရန်၊ ရှောင်ရန်များ အကြံပြုခဲ့ကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေးစင်တာအနေဖြင့် ပြည်သူတွေကို  အစိုးရက ဖြည့်ဆည်းရ မည့် ကိစ္စများ၊ လူ့အဖွဲ့အစည်းမှ ဖြည့်ဆည်းရမည့် ကိစ္စများ၊ တိုင်းရင်းသားအင်အားစုများက ဖြည့်ဆည်းရမည့်ကိစ္စများကဲ့သို့ ကိစ္စရပ်များအား လုပ်ဆောင်ရန် တိုက်တွန်း အကြံပြုခဲ့သည်ဟု MPC မှ ဦးညိုအုန်းမြင့်၏ ပြောဆိုချက်အရ သိရှိရသည်။


Coca Cola ငါးနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးကာ အလုပ်အကိုင် ၂၀၀၀၀ ကျော် ဖန်တီးပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် ပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် မြန်မာသို့ တစ်ကျော့ပြန် ၀င်ရောက်လာသည့် အမေရိကန်မှ ပထမဆုံးရင်းနှီးမြှုပ်နှံမှု ပြုလာသည့် ကမ္ဘာ့ဈေးကွက်ဝေစု အများဆုံးရရှိထားသော Coca Cola အချိုရည်ကုမ္ပဏီ အနေဖြင့် ငါးနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၀၀၀၀ ကျော် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Muhtat Kent ပြောကြားချက်အရ သိရသည်။ Coca   Cola သည် ပြည်တွင်းရှိ Max အချိုရည်ထုတ်လုပ်သည့် ကုမ္ပဏီ (ပင်းယကုန်ထုတ်လုပ်ရေး) နှင့် ပူးတွဲဆောင်ရွက်မှု အနေဖြင့် နှစ် ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံတွင် ဒုတိယတစ်ကျော့ ပြန်လည်ရင်းနှီးမြှုပ်နှံ လာခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီသည် လက်ရှိ အချိန်တွင် ပင်းယကုန်ထုတ်လုပ်ရေးနှင့် ပူးတွဲဆောင်ရွက်မည် ဖြစ်သော်လည်း စက်ရုံအသစ်တစ်ခုကိုလည်း ထပ်မံဖွင့်လှစ် သွားရန်ရှိပြီး ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်သွားရန် ရှိနေသည်ဟု ကုမ္ပဏီ၏ ရှေ့ဆက်လုပ်ငန်းစဉ် အချက်အလက်များအရ သိရှိရသည်။


ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရေး သြစတြေးလျ ကုန်သွယ်မှု ကော်မရှင်ရုံး ဖွင့်လှစ်မည်

ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းသစ်များ ရှာဖွေရန်အတွက် ဇွန်လ ခြောက်ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်ရုံးအား ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း The Journal of Commerce သတင်းတွင် သိရှိရသည်။ သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ခဲ့သည့် နိုင်ငံပေါင်း ၃၀ အနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ကာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများအား ကနဦးကတည်းက အသိအမှတ်ပြု၍ ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့သောနိုင်ငံ ဖြစ်သည်။


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကဏ္ဍများအတွက် ဂျပန် အကူအညီအားလုံး အသုံးပြုမည်ဟု သမ္မတ ဦးသိန်းစိန် ကတိပြု

နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ လာရောက်စဉ် ပေးအပ်ခဲ့သည့် အကူအညီများအားလုံးကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံပိုင် ရေဒီယိုနှင့် FM အသံလွှင့်ဌာနများမှ တစ်ဆင့် ထုတ်လွှင့်သည့် မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတမှ ပြည်သူများထံသို့ ကတိပြုပြောကြားသွားခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ၂ နှစ်တာ ကာလအတွင်း ပြည်သူများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများအတွက် ထိုက်တန်သည့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေပြီဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဆက်လက်၍ သုံးသပ်ပြောကြားသွားခဲ့သည်။


အလုပ်သမား ၁၅၀၀ ကျော် အငြင်းပွားမှု ဥပဒေပြင်ရန် ဆန္ဒပြမည်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးရန်အတွက် စက်ရုံပေါင်း ၄၀ ကျော်မှ အလုပ်သမား ၁၅၀၀ ကျော်က ဇွန်လ ၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၌ စီတန်းလှည့်လည် ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်။ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များကို အလုပ်ရှင်များက လိုက်နာမှုမရှိသော်လည်း  အရေးယူနိုင်သည့် ပြဋ္ဌာန်းချက်မျိုး အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဖော်ပြထားခြင်း မရှိသည့်အတွက် ယင်းဥပဒေကို ပြင်ဆင်ရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေး ၏ပြောဆိုချက်အရ  သိရှိရ သည်။ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ ခုံသမာဓိကောင်စီသည် အငြင်းပွားမှုများတွင် ဆုံးဖြတ်ချက်ချ နိုင်သည့် အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည်။


နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum ယနေ့ နေပြည်တော်တွင် စတင်ကျင်းပမည်

နိုင်ငံတကာမှ စိတ်ဝင်စားမှုများပြားနေသည့် ၂၂ ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum)ကို ယနေ့ ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဇွန်လ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော် နှင့် နိုင်ငံ ၁၅ နိုင်ငံမှ ထင်ရှားကျော်ကြားသူပေါင်း ၁၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးများမှ စီးပွားရေး ပညာရှင်များ ၅၅၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အပြင် လူငယ်ခေါင်းဆောင်များ၊ အရပ်ဘက်လူမှု့ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် မီဒီယာများလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့အာရှတွင် ရင်ဆိုင်နေရ သော ပြဿနာများနှင့် စိန်ခေါ်မှုများ အကြောင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment