Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများကို မည်သည့် တတိယနိုင်ငံများကမျှ လက်မခံလိုကြောင်း ထိုင်းနိုင်ငံပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Thailand says no third country willing to accept Rohingya ကို ဘာသာပြန်ပါသည်။)

  1. စတော့ဈေးကွက် စတင်ရန် မြန်မာကို Korea Exchange ကူညီမည်

( Korea Joongang Daily  မှ  5 Jun 2013  ရက်စွဲပါ “ Korea Exchange will help Myanmar start a stock  market” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာတံခါးပွင့် သွားခြင်းသည် ဘာလင်တံတိုင်း ပြိုလဲခြင်းနှင့်တူကြောင်း ကိုကာကိုလာက စီအီးအို ပြောကြား

(Bloomberg မှ 5 June 2013 ရက်စွဲပါ “Coca Cola says Myanmar’s opening is like fall of Berlin Wall” ကိုဘာသာပြန်ဆိုသည်။)


ရိုဟင်ဂျာများကို မည်သည့် တတိယနိုင်ငံများကမျှ လက်မခံလိုကြောင်း ထိုင်းနိုင်ငံပြော

(5 June 2013 ရက်စွဲပါ Channel News Asia မှ Thailand says no third country willing to accept Rohingya ကို ဘာသာပြန်ဆိုပါသည်။)

Photo Credit by AFP

လွန်ခဲ့သည့်လအနည်းငယ်က ထိန်းသိမ်းထားခဲ့သော အိမ်နီးချင်းမြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် 2000 ခန့်ကို လိုလိုလားလားလက်ခံမည့်နိုင်ငံရှာရန် မလွယ်ကြောင်း ထိုင်းနိုင်ငံက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

“သူတို့ကိုခေါ်ယူမယ့် တတိယနိုင်ငံမရှိပါဘူး။ သူတို့စိုးရိမ်တာက ဒီအုပ်စုတစ်စုကို လက်ခံလိုက် ရင် နောက်ထပ် ထောင်သောင်းချီပြီး ဒီအတိုင်းလုပ်လာမှာကို စိုးရိမ်တာပါ” ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် Manasvi Srisodapol က  AFP  သို့ပြောကြားခဲ့ပါသည်။

၎င်းတို့ကို ထိုင်းနိုင်ငံတွင် လူများပြည့်ကျပ်နေသော ထိန်းသိမ်းရေးဌာနတွင် ဖမ်းဆီးထားရာ၊ လူ့အခွင့်အရေး အုပ်စုများက ၎င်းတို့ကိုလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

အစိုးရသည် ထိန်းသိမ်းရေးစခန်းတွင် လူများပြည့်နေခြင်းကိုသိရှိကြောင်း Manasvi ကပြောပါသည်။

“အစိုးရအေဂျင်စီတွေဟာ စခန်းမှာ အခြေအနေ ကောင်းမွန်တိုးတက်လာဖို့ အဖြေရှာရေး နည်းလမ်း များ ဆွေးနွေး နေပါတယ်” ဟု ၎င်းကပြောပါသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့်နှစ်က လူမျိုးရေးတင်းမာမှုများ ပေါက်ကွဲခဲ့ရာ၊ ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လှေဖြင့် ထွက်ပြေးကြပါသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသောသူများကို ထိုင်းရေတပ်မှကူညီပြီး ၎င်းတို့သွားလိုရာ မလေးရှားသို့ သွားစေခဲ့ပါသည်။ သို့မဟုတ် တရားမဝင် ဝင်ရောက်လာသူများအဖြစ် ဖမ်းဆီးထားခဲ့ကြပါသည်။

အစပိုင်းတွင် ထိုင်းနိုင်ငံကပြောကြားရာတွင် အစိုးရက UNHCR နှင့် ညှိနှိုင်း၍ ၎င်းတို့အား လက်ခံမည့်သူ ရှာဖွေနေ စဉ် ခြောက်လခန့် နေထိုင်စေရန် ခွင့်ပြုမည်မဟုတ်ကြောင်း ပြောခဲ့ပါသည်။

Manasvi က အခြေအနေမှန်ကို သုံးသပ်၍ ၎င်းတို့ ကြာကြာနေရလိမ့်မည်ဟု အကြံပြုခဲ့ပါသည်။

UNHCR ပြောခွင့်ရအမျိုးသမီး Vivian Tan က ပြောကြားရာတွင် အကောင်းဆုံး အခြေအနေကိုပြောရလျှင် ရခိုင် ပြည်နယ်၌ ငြိမ်းချမ်းသွားခြင်းဖြင့် ၎င်းတို့အိမ်ပြန်ရန်ဖြစ်ကြောင်း၊ သို့သော် ၎င်းကဲ့သို့ဖြစ်ရန် ချက်ချင်း မဖြစ်နိုင်ကြောင်းပြော ကြားခဲ့ပါသည်။

လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် ရိုဟင်ဂျာအမျိုးသားများမှာ ၎င်းတို့ကလေးများ၊ ဇနီးများနှင့် ခွဲ၍ ထားခြင်းဖြစ်ပြီး၊ ကျန်းမာရေးအတွက် ဆေးရုံသွားရန်မှ လွဲ၍ ပြင်ပသို့ ပေးမထွက်ခြင်းကို စိုးရိမ်ကြောင်း ပြောခဲ့ပါသည်။


စတော့ဈေးကွက် စတင်ရန် မြန်မာကို Korea Exchange ကူညီမည်

( Korea Joong Ang Daily  မှ  5 Jun 2013  ရက်စွဲပါ “ Korea Exchange will help Myanmar start a stock  market” သတင်းကို ဘာသာပြန်ဆိုသည်။)

တောင်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော အမာခံစတော့အိပ်ချိန်း အော်ပရေတာ Korea Exchange ( KRX) သည် မြန်မာနိုင်ငံတွင် ပထမဆုံး အစုရှယ်ယာဈေးကွက်ကို ကူညီထူထောင်ပေးရန် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

ယခင်က Burma ဟု လူသိများသော မြန်မာနိုင်ငံသည် ၎င်း၏ စတော့ဈေးကွက်ကို ၂၀၁၅ တွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေပါသည်။ မြန်မာနိုင်ငံစတော့ဈေးကွက်၏ အခြေခံအဆောက်အဦးစနစ် တည်ဆောက်ရာတွင် ကိုရီးယားစတော့ အိပ်ချိန်းအော်ပရေတာ KRX က လေ့ကျင့်သင်တန်းပေးခြင်း၊ အတိုင်ပင်ခံ ဆွေးနွေးခြင်းတို့ဖြင့် ကူညီပေးသွားမည်ဖြစ်သည်။

၂၀၁၄ တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတော့မည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စတော့ ဈေးကွက် မရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။

ကိုရီးယား စတော့အိပ်ချိန်း အော်ပရေတာ KRX ၏ စီအီးအို ကင်ဘွန်ဆူးက “ ကိုရီးယားစတော့ဈေးကွက် ကိုပြီးခဲ့ တဲ့ နှစ်ပေါင်း ၆၀ စီမံခန့်ခွဲခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ဗဟုသုတတွေကို မျှဝေပေးခြင်း အားဖြင့် မြန်မာစတော့ ဈေးကွက်ဖွင့်လှစ်မှု အောင်မြင်အောင်၊ ဖွံ့ဖြိုးအောင် ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။


မြန်မာတံခါးပွင့်သွားခြင်းသည် ဘာလင်တံတိုင်း ပြိုလဲခြင်း နှင့်တူကြောင်း ကိုကာကိုလာက စီအီးအို ပြောကြား

(Bloomberg မှ 5 June 2013 ရက်စွဲပါ “Coca Cola says Myanmar’s opening is like fall of Berlin Wall” ကိုဘာသာပြန်ဆိုသည်)

ကိုကာကိုကာကုမ္ပဏီ စီအီးအို မတ်တာကင့်သည် မြန်မာနိုင်ငံတွင် ပုလင်းသွပ်စက်ရုံ ဖွင့်လှစ်ခြင်း၊ စီပွားရေး ကဏ္ဍ သစ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် ကတိပြုခြင်းတို့ဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့အကြီးဆုံး အချိုရည်ကုမ္ပဏီ ပြန်လည် ဝင်ရောက်လာမှုကို ကမ္ဗည်းထိုးလိုက်ပြီဖြစ်သည်။

ကိုကာကိုလာသည် လာမည့်ငါးနှစ်အတွင်း ဒေါ်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒုတိယမြောက် ပုလင်းစက်ရုံကို လပိုင်းအတွင်း ဖွင့်လစ်မည်ဟု ကင့် က Bloomberg ရုပ်သံအင်တာဗျူးတွင် ပြောကြားသည်။

“ဒါဟာ သမိုင်းမှာ ကြီးကျယ်တဲ့ အခိုက်အတန့်ပါ။ ဘာလင်တံတိုင်း ပြိုပြီးတဲ့နောက် အရှေ့နဲ့အလယ် ဥရောပမှာ ကျွန်တော်တို့ စီးပွားရေးတံခါးပွင့်ခဲ့တဲ့ အချိန်နဲ့ အတူတူပါပဲ။ ပြီးတော့ ဒီနေ့အချိုရည်ဈေးကွက်မှာ ကျွန်တော်တို့ ရှိထားပြီးသား ဦးဆောင်မှုကို ဆက်လက်တိုးချဲ့ထိန်းနိုင်ခဲ့ပါတယ်” ဟု မတ်တာကင့်က ဆိုပါသည်။

မနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးလိုက်သော မြန်မာနိုင်ငံတွင် စားသောက်ကုန် ဈေးကွက်ကို ထိန်းချုပ်ရန် pepsi ကုမ္ပဏီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို Coca Cola က စက်ရုံအသစ်ဖွင့်ကာ စတင်လိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေးနှင့်စီးပွာရေး ပိုလွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံသည် Ford Motor Co Master Card Inc Unilever Nv စသော ကုမ္ပဏီကြီးများကိုလည်း အလားတူ ဆွဲဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၄င်း၏ ပြည်သူ ၆၄ သန်းကို အာရှတွင် အဆင်းရဲဆုံးဖြစ်သော စစ်အုပ်ချုပ်ရေးကာလ အလွန်တွင် အနောက်အုပ်စုနိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများကို တိုးမြှင့်နေခြင်းကြောင့် အမေရိကန်ပြည်ထောင်စုကလည်း ယခင် စီပွားရေးပိတ်ဆို့မှု sanctions များကို ဖြေလျှော့ရုပ်သိမ်းပေးနေပြီဖြစ်သည်။

ကိုကာကိုလာအနေဖြင့် မြန်မာစားသုံးသူများကို ဆွဲဆောင်ရန်အတွက် ဖြန့်ချီရေးကို အာရုံစိုက်ဖို့လိုပါသည်။ ပြိုင်ဘက် ပက်ဆီကိုလာသည် မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရေးကွန်ယက်ကို တည်ဆောက်ထားပြီး၊ စက်ရုံတည်ဆောက်ရန် စီစဉ် နေပြီဖြစ်သည်။

“ဈေးနှုန်းကိုပဲ အရေးတကြီးကတော့ အလွယ်ရရှိနိုင်မှုပါပဲ။ ဒီအချက်က ကုန်ပစ္စည်းကို အခြေအနေကောင်းအောင် လုပ်ပေးနေတာပါ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ဟာ ၂၁ ရာစု ခေတ်အမီဆုံးစားသုံးသူ ဖြန့်ချီရေး ရှိတယ်ဆိုတာကို သေချာအောင် စီစဉ်နေပါတယ်” ဟု Coca Cola စီအီးအို ကင့် က ဆိုပါသည်။

မြန်မာနိုင်ငံမှ ကိုကာကိုလာ ဆုတ်ခွါသွားသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သော်လည်း ပြိုင်ဘက် ပက်ဆီကိုလာ ကမူ မြန်မာနိုင်ငံတွင် သိပ်မကြာသေးသော အတွေအကြုံများ ရှိထားသည်။ လူ့အခွင့်အရေး ချိုးဖောက်သော စစ်အစိုးရနှင့် မဆက်ဆံရန် အမေရိကန်ပြည်ထောင်စုက  ဥပဒေပြဌာန်း သောကြောင့် ၁၉၉၇ တွင် မြန်မာနိုင်ငံမှ ပက်ဆီကိုလာ ထွက်ခွာ ခဲ့ရခြင်းဖြစ်သည်။

လန်ဒန်နှင့် ရော့တာဒမ် အခြေစိုက် Unilever Nv ၏ အရှေတောင်အာရှ စီအီးအို ဗီတာတာကုဗ် ကလည်း လာမည့် နှစ် ၂၀ အတွင်း နောက်ထပ် ဗီယက်နမ် ဖြစ်လာနိုင်သည့် မြန်မာ့ဈေးကွက်သစ်၏ အခွင့်အလမ်းများကို အာရုံစိုက်သွားမည်ဟု ပြောကြားထားသည်။ Unilever ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် လက်လီလက်ကား ဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့်မှာတဆင့် ရောင်းချနေပြီးသွားဖြစ်ကြောင်း ယခင်လက အင်တာဗျူးတွင် ပီတာကုဗ်က ပြောကြားခဲ့ပါသည်။


              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment