Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အတွေ့အကြုံအရ ကျွန်တော်တို့ တွေ့တွေ့နေတာက နားလည်မှုယူထားကြတယ် ဆိုပေမယ့်လည်း နှစ်ဦးနှစ်ဖက် အပစ် အခတ်ရပ်စဲရေးကို တကယ်သဘောတူညီကြပြီဆိုရင်တော့ တစ်ဦးနဲ့တစ်ဦးပစ်ခတ်တာတွေ မရှိဖို့လိုတယ်လေ။ အဲလိုမဟုတ် ဘဲပစ်ခတ်တာတွေ လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက တည်ဆောက်ဖို့ ခက်လိမ့်မယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်စလုံးက တော့ ကိုယ်ထိုးထားတဲ့ ငြိမ်းချမ်းရေးကတိကို တည်ဖို့အရေးကြီးတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နှစ်ဖက်စလုံးကသာ ကတိတည်ကြမည် ဆိုပါက ငြိမ်းချမ်းရေးမှာ ရသလောက်ဖြစ်နေပြီ” သတင်းမှ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီကနေ့ခေတ် စားသောက်ကုန်ကို ထုတ်လုပ်ဖြန့်ဖြူး စားသုံးတဲ့စနစ်ထုတ်လုပ်မှုနဲ့ စားသုံးမှုပုံစံမညီမျှမှုကြောင့် စွန့်ပစ်ပစ္စည်း အဖြစ် ဆုံးရှုံးပျက်စီးမှု မြောက်မြားစွာ ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာမှာ နှစ်စဉ်စားသောက်ကုန်ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁ ဒဿမ ၃ ဘီလီယံတန်ဟာ စွန့်ပစ်ပစ္စည်းအဖြစ် ပျက်စီးဆုံးရှုံးနေပြီး ကမ္ဘာ့သီးနှံထုတ်လုပ်မှု ၂ ဒသမ ၃ ဘီလီယံတန်ရဲ့ တစ်ဝက်ကျော်ဖြစ်နေတာ တွေ့ရပါတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ စွန့်ပစ်ပစ္စည်းဆိုင်ရာ မူဝါဒနှင့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြော ကြား” သတင်းမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံလို့ အမည်ခံမယ်ဆိုရင် စစ်တပ်ကလွှတ်တော်ထဲမှာ ရှိနေဖို့ မသင့်ဘူးလို့ ကျွန်တော် မြင်တယ်။ ခုဟာက တပ်မတော်သားတွေထဲက အစိုးရအဖွဲ့ထဲလည်း ပါလို့ရနေတယ်။ သမ္မတကလည်း ခန့်လို့ ရနေတယ်။ ခုဆိုလည်းကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေမှာလည်း တပ်ကိုပဲ ပေးထားတာပဲလေ။ ကျွန်တော်ကတော့ လျှော့တာ၊ ဘာတာထက် တော်လောက်ပြီလို့ပဲ ပြောချင်တယ်”

ဇွန်လ ၇ ရက်နေ့ထုတ် Hot News အတွဲ(၃) အမှတ် (၁၄၃)တွင်ပါရှိသော “တပ်မတော်ဦးစီးချုပ် အမည်တင်သွင်း သော ကိုယ်စားလှယ်များကိစ္စ”သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်၏ပြောကြားချက် အား ကောက်နှုတ်ချက်။


“ခရီးသွားလာရေးလုပ်ငန်းဟာ မြန်မာ့စီးပွားရေးရဲ့ ထောက်တိုင်တစ်ခုဖြစ်လာမယ့်အပြင် အခြေခံလူတန်းစားအပါအဝင် ပြည် သူတွေအတွက် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကိုပါ ဖန်တီးပေးနိုင်မယ့်အလားအလာတွေရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းက ဖြည့်ဆည်းပေးမယ့် ခိုင်မာတဲ့စမှတ်တွေပါပဲ”

ဇွန်လ ၆ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ADB က ကန်ဒေါ်လာ သန်း ၅၀၀ ကူညီ” သတင်းမှ ADB ဘဏ်ဒုတိယဥက္ကဋ္ဌ မစ္စတာစတီဖန်ဂရော့ဖ်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“အခြေခံအလုပ်သမားအများစု မျှော်လင့်တောင့်တနေတဲ့ အနည်းဆုံးအခကြေးငွေဥပဒေကို ပြဋ္ဌာန်းဖို့နည်းဥပဒေကို အပြီး သတ် ရေးဆွဲပြီးသွားပါပြီ။ ဝန်ကြီးဌာနအနေနဲ့ လာမည့်ရက်အနည်းငယ်အတွင်းမှာ ရှေ့နေချုပ်ရုံးကိုတင်ပြသွားမယ်။ ပြီးတာနဲ့ နိုင်ငံတော်သမ္မတဆီကို ဆက်လက်တင်ပြသွားမယ်။ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ဒီဥပဒေကို ဇွန် ၂၂ ရက်မှာ ထုတ်ပြန် သွားမယ်လို့ သတ်မှတ်ထားတယ်။ ဒီဥပဒေက အခြေခံအလုပ်သမားတွေအတွက် အများဆုံးအကျိုးရှိတဲ့ ဥပဒေဖြစ်ပါတယ်”

ဇွန်လ ၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အနည်းဆုံးအခကြေးငွေဥပဒေကို ဇွန်လ ကုန်တွင် ထုတ်ပြန်မည်”သတင်းမှ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘာ့ခေါင်းဆောင်လူငယ်များနှင့်တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်(၂၂)ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြသည့် ကမ္ဘာ့လူငယ်ခေါင်းဆောင်(Young Global Leaders)များအား ဇွန်လ ၅ ရက်နေ့က နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ် တော်သဘင်ဆောင်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုများ၊ စီးပွားရေး၌မဟာဗျူဟာမြောက်နေရာတွင် တည်ရှိနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မိန့်ခွန်းပြောကြား အပြီးတွင် မြန်မာနိုင်ငံမှ ဦးသူရကိုကိုက ကမ္ဘာ့လူငယ်ခေါင်းဆောင်များ ကိုယ်စားမေးခွန်းများမေးမြန်းခြင်းကို နိုင်ငံတော် သမ္မတမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် စင်္ကာပူလုပ်ငန်းရှင်များ လာရောက်ရင်းနှီးရေး ဂိုချောက်တောင်နှင့် တွေ့ဆုံ ဆွေးနွေး

သမ္မတဦးသိန်းစိန်သည် စင်ကာပူလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်၍ စင်ကာပူ နိုင်ငံ၏ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုချောက်တောင်နှင့် ဇွန်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

စင်ကာပူဝါရင့်ဝန်ကြီးဂိုချောက်တောင်သည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ  ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။


မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရန် ADB မှ ကန်ဒေါ်လာ သန်း ၅၀၀ ကူညီမည်

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာသန်း ၅၀၀ ဖိုးရှိ လုပ်ငန်းအစီအစဉ်များ အကောင်အထည် ဖော်ရေးအတွက် အကူအညီပေးမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့ နေပြည်တော်၌ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။အဆိုပါ ADB ဘဏ်၏ထုတ်ပြန်ချက်အရ မြန်မာ့ခရီးသွား လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ အရေးကြီးသောဒေသများ၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်း၊ လူမျိုးစုအသိုင်းအဝိုင်းများ၏ လုံခြုံမှုအားတိုးမြှင့်စေခြင်း စသောလုပ်ငန်းများအား အကောင်အထည် ဖော်မည်ဖြစ်ကာ နော်ဝေနှင့်မြန်မာ အစိုးရနှစ်ရပ်၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ယင်းအစီအစဉ်အား သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အသေးစိတ်ရေးဆွဲထားသော ဖွံ့ဖြိုးရေးအစီအစဉ် ၃၈ ခု ပါဝင်မည်ဟု သိရသည်။


 

တီလားဗီးယားငါး ပြည်ပသို့တင်ပို့နိုင်ရန် အမေရိကန်မှပညာရှင်အဖွဲ့က ကူညီမည်

ပြည်တွင်း တီလားဗီးယားငါးများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် အမေရိကန်မှပညာရှင်အဖွဲ့က နည်းပ ညာနှင့်ဈေးကွက်ချိတ်ဆက်ပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးသန်းလွင် ၏ ပြောကြားချက်အရ သိရှိရသည်။  လက်ရှိပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ငါးမြစ်ချင်းမွေးမြူရေးသည် ထိပ်တန်း တွင်ရပ်တည်နိုင်သော်လည်း ကမ္ဘာ့ဈေးကွက်တွင် စားသုံးသူနည်းပါး၍ ဈေးကွက်နိမ့်ကျခြင်းကြောင့် ငါးမြစ်ချင်းမွေးမြူရေးကို လျှော့ချကာ တီလားဗီးယားငါးကို တိုးချဲ့မွေးမြူရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ စီးပွားဖြစ်တီလားဗီးယား မွေးမြူရေးကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင်စတင်မည်ဖြစ်ပြီး အဓိကအမေရိကန်နှင့် ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများသို့ တင်ပို့သွား မည်ဖြစ်ကြောင်း သိရသည်။


နှစ်လအတွင်း ပြည်ပသို့ဆန်တန်ချိန်နှစ်သိန်းကျော်တင်ပို့

              ယခုနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ဆန်တန်ချိန် နှစ်သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းမှသိရှိရသည်။ ယခင်နှစ်တွင် ပြည်ပသို့ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်စပါးပေါ်သည့် အချိန်များ တွင် ပြည်ပသို့ ဆန်တင်ပို့မှု များပြားသောကာလဖြစ်သဖြင့် ယခုနှစ် ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ခြင်း ရှိ၊ မရှိကို နှစ်ကုန် အထိ စောင့်ကြည့်ရမည်ဖြစ်ပြီး ဆိပ်ကမ်းရောက် ဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၄၀ မှ ၅၀၀ ၀န်းကျင်အထိ ရှိကြောင်း သိရသည်။


မြန်မာ့ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှု ဇွန် ၁၄ ရက်နေ့စတင်မည်

              မြန်မာနိုင်ငံရှိ ပို့ကုန်သွင်းကုန်များအား ဇွန်လ ၁၄ ရက်မှစတင်၍ ကြိုတင်ဝင်ငွေခွန်များ ကောက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယခင်ကကျသင့်အခွန်များကို တစ်ကြိမ် တည်း ပေးဆောင်ရခြင်းအစား ကုန်စည်တင်ပို့တင်သွင်းသည့် အကြိမ်တိုင်းအခွန်ကို အလီလီပေးဆောင်ခြင်းဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်များ အား ကြိုတင်ငွေဝင်ခွန်ကောက်ခံရာ၌ ကျသင့်သည်များကိုပေးသွင်းပြီးမှသာ ကုန်ပစ္စည်းများကို တင်သွင်းတင်ပို့ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်း အကောက်ခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယမုံအောင်၏ ပြောကြားချက်အရ သိရသည်။


ဗီယက်နမ်မှ တည်ဆောက်သည့် ပိာုတယ်လုပ်ငန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း ၂၅၀၀ ဖော်ထုတ်နိုင်မည်

ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် Hotel Project (Hoang Anh Lai Myanmar Center) ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၅၀၀ အား ရရှိစေမည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်စီမံကိန်းတာဝန်ရှိသူ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုအသင်း ဥက္ကဋ္ဌ Mr.Chin Pak Kha ၏ ပြောဆိုချက်အရ သိရှိရသည်။  ဧရိယာအကျယ်အ၀န်း ၈ ဒသမ ၅ ဟက်တာပေါ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀ ရင်းနှီးမြှုပ်နှံထားသော အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ၏ ဟိုတယ်လုပ်ငန်းတွင် ပထမဆုံးရင်းနှီးမြှုပ်နှံသည့် စီမံကိန်းဖြစ်ကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုအဖြစ် အာဆီယံ ဒေသတွင်း နိုင်ငံများတွင် ရပ်တည်သွားမည်ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment