Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာအုပ်စုများအကြား လတ်တလောအကြမ်းဖက်မှု ပြဿနာတွင် ဒုက္ခသည်များ မပါဝင်ကြောင်း UNHCR ပြောကြား

(The Star News မှ 8 June 3013 ရက်စွဲပါ “UNHCR: No Refugees involved in recent cases of Myanmar Group violence”သတင်းကို ဘာသာပြန်ဆိုသည်)

မလေးရှားနိုင်ငံ ကလန်းဗယ်လီတွင် မြန်မာလူမျိုးစုများအကြား လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားရာတွင် ဒုက္ခသည် အထောက်အထားလက်မှတ် ကိုင်ဆောင်သူများ ပါဝင်ပတ်သက်သော သက်သေ အထောက်အထား မရှိကြောင်း UNHCR မလေးရှားက ပြောကြားလိုက်ပါသည်။

“ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေ အားလုံးဟာ သူတို့ခိုလှုံနေထိုင်တဲ့ တိုင်းပြည်တွေရဲ့ နိုင်ငံဥပဒေတွေကို လေးစားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု UNHCR မလေးရှားရုံးခွဲ ပြောရေးဆိုခွင့်ရှိသူ ယန်တီအစ္စမေးလ်က ပြောကြား သည်။

မလေးရှားတွင် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူ ဒုက္ခသည်များ (သို့မဟုတ်) ခိုလှုံခွင့်တောင်းခံသူများ အနေဖြင့် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းလိုသော်လည်း သူတို့ဘဝလွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိမည့်နိုင်ငံသို့ ပြန်ပို့ခြင်း မခံရစေရန် မျှော်လင့်ကြောင်း ယန်တီအစ္စမေးလ်က ဆက်လက်ပြောကြားသည်။

မေ ၃၀ နှင့် ဇွန် ၄ အကြား ကွာလာလမ်ပူနှင့် ဆီလန်ဂါတွင် မြန်မာများ ပါဝင်ပတ်သက်နေသော အကြမ်းဖက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူနှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရှိရသည်။ အဆိုပါပြဿနာမှာ မြန်မာနိုင်ငံရှိ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းနှင့် ဆက်စပ်နေသည်ဟု ဆိုပါသည်။

UNHCR ဒုက္ခသည်လက်မှတ်ကိုင်ဆောင်ထားသူများကို အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ကွာလာလမ်ပူမြို့ UNHCR ဌာနချုပ် အပြင်ဘက်တွင် စုဝေးခဲ့ကြသော ဒုက္ခသည်များက အကြမ်းဖက်တိုက်ခိုက်မှု ကိစ္စကို သိရှိသော်လည်း ၎င်းတို့ မပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက “ကျွန်တော်က အမှားမလုပ်ထားဘူးဆိုတော့ ကြောက်စရာအကြောင်းတော့ မရှိပါဘူး”ဟု ပြောကြားသည်။

ချင်းပြည်နယ်မှ ဒုက္ခသည်တစ်ဦးကမူ တင်းမာနေသော အသိုင်းအဝိုင်းများကို စိတ်အေးအေးထားကြရန် တိုက်တွန်းလိုက်ပါသည်။

ယခုနှစ် ဧပြီလအထိ UNHCR တွင် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၉၄၇၆၀ ခန့် ရှိသည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment