Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဘာသာရေးအဓိကရုဏ်းနှင့်ပတ်သက်၍ မြန်မာဘုန်းတော်ကြီးများ တွေ့ဆုံစည်းဝေး

(AFP မှ 13 Jun 2013 ရက်စွဲပါ “Myanmar monks to meet over religious unrest”သတင်းကို ဘာသာပြန်ဆို သည်)

  1. စီးပွားရေးဇုန်သစ်များကို ပြန်ကြည့်လျှင် လျင်မြန်စွာအကောင်အထည်ဖော်ရန်လို

(12 June 2013 ရက်စွဲပါ The Dailystar မှ ခေါင်းကြီးပိုင်းဖြစ်သော New Economic zones ကိုဘာသာပြန်ဆို သည်)

  1. ထိုင်းတိုးရစ်များအား အကာအကွယ်ပေးရန် မြန်မာကိုတောင်းဆို

(Bangkok Post မှ 13 Jun 2013 ရက်စွဲပါ “Myanmar asked to protect tourists”သတင်းကို ဘာသာပြန်ဆို သည်)


ဘာသာရေးအဓိကရုဏ်းနှင့်ပတ်သက်၍ မြန်မာဘုန်းတော်ကြီးများ တွေ့ဆုံစည်းဝေး

(AFP မှ 13 Jun 2013 ရက်စွဲပါ “Myanmar monks to meet over religious unrest”သတင်းကိုဘာသာပြန်ဆိုသည်)

မွတ်စလင်များကို အကြမ်းဖက်တိုက်ခိုက်မှုများတွင် ဘုန်းကြီးအချို့ပါဝင် ပတ်သက်ခဲ့ပြီးနောက် တိုင်းပြည်ကို မငြိမ် မသက်ဖြစ်စေသော ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်၍ဆွေးနွေးကြရန် မြန်မာနိုင်ငံတစ်လွှားမှ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးများ ယနေ့စုဝေးခဲ့ကြသည်။

မွတ်စလင်တို့ကို အဓိကပစ်မှတ်ထားသော အကြမ်းဖက်ရက်စက်မှုများသည် ဗုဒ္ဓဘာသာလူများစုတိုင်းပြည်ကို နက် နက်ရှိုင်းရှိုင်း သွေးကွဲသွားစေသည့်အပြင် စစ်အုပ်ချုပ်ရေးအလွန် ပြုပြင်ပြောင်းလဲမှုများကိုပါ လောင်းရိပ်မိုးလျက် ရှိသည်။

တင်းမာမှုများကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေရန် ရန်ကုန်မြို့ပြင် ဘုန်းကြီးကျောင်းတစ်ခုတွင် ပြုလုပ်သော စည်းဝေးပွဲသို့ ဘုန်းတော်ကြီး ၂၀၀ ခန့်ကို ဖိတ်ကြားခဲ့သည်ပာု စည်းဝေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဘုန်းကြီးဓမ္မပီယက ပြောကြား သည်။

“မြန်မာနိုင်ငံကအကြမ်းဖက်မှုကို ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဦးဆောင်တယ်လို့ နိုင်ငံခြားသားတွေက ထင်နေကြပါ တယ်။ အမှန်တကယ်ကတော့ ဒီတိုက်ခိုက်မှုတွေမှာ ဘုန်းကြီးအတော်များများ ပါဝင်ပတ်သက်နေချိန်မှာ ဒီ့ထက်ပိုများတဲ့ ဘုန်းကြီးတွေက အကြမ်းဖက်မှုတွေကို ကြားဝင်ပာန့်တားဖို့ကြိုးစားရင်း ပါဝင်ကျုးလွန်သူတွေအဖြစ် အထင်လွဲခံရတာ ဖြစ်ပါ တယ်”ပာု ဘုန်းကြီးဓမ္မပီယက ရှင်းလင်းပြောကြားသည်။

“ဒီစည်းဝေးပွဲမှာ လူတွေအကြမ်းဖက်မှု ကျုးလွန်တာကို ဘယ်လိုတားဆီးကြမလဲ။ ပြဿနာပြေလည်အောင် အစိုးရ ကိုဘယ်လိုကူညီကြမလဲစတာတွေကို ဆွေးနွေးကြမှာပါ”ပာု ဦးဓမ္မပီယကဆက်လက်ပြောကြားသည်။ မွတ်စလင်ဆန့်ကျင်ရေး တရားပောာခဲ့သော မန္တလေးမှ နာမည်ကျော် ဦးဝီရသူကလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ပာု သိရှိရသည်။

မတ်လအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဘာသာရေး အဓိကရုဏ်းတွင် လူပေါင်းဒါဇင်နှင့် ချီ၍သေဆုံးကာ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အဓိကရုဏ်း ဖြစ်စဉ်တွင် ဘုန်းကြီးသင်္ကန်းခြုံထားသော လူစိမ်းများက ဓါးများ၊ တုတ်များကိုင်ဆောင်ကာ ရမ်းကားခဲ့ကြသည်ပာု ဆိုပါသည်။

တစ်ချိန်ကဒီမိုကရေစီလှုပ်ရှားမှုတွင် ရှေ့တန်းကပါဝင်ခဲ့ကြသော ဗုဒ္ဓဘာသာဘုန်းကြီးများသည် ယခုအခါမွတ်စလင် ဈေးဆိုင်များကိုရှောင်၍ မြန်မာဈေးဆိုင်များတွင် ဈေးဝယ်ကြရန် စည်းရုံးလှုပ်ရှားနေကြသည်။

မေလက ရှမ်းပြည်နယ်အထိ ပျံ့နှံ့သွားခဲ့သော မြန်မာနိုင်ငံတစ်လွှားမှ ဘာသာရေး အကြမ်းဖက်မှုများအတွက် ၉၆၉ စည်းရုံး လှုပ်ရှားမှုတွင် တာဝန်ရှိသည်ဆိုသောအချက်ကို ဘုန်းကြီးဓမ္မပီယက ငြင်းဆိုပါသည်။

မေလအတွင်းလားရှိုးမြို့တွင် အကြမ်းဖက်မှုဖြစ်ပွားအောင် ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို ဓာတ်ဆီပက်မီးရှို့ တိုက် ခဲ့သူ တရားခံမွတ်စလင်ကို အင်္ဂါနေ့က ထောင်ဒဏ် ၂၆ နှစ်ချမှတ်လိုက်ပြီဖြစ်သည်။

ယခုလို ဘုန်းတော်ကြီးများ စည်းဝေးမှုကို မွတ်စလင် ခေါင်းဆောင်များက ကြိုဆိုလိုက်ကြပြီး ၎င်းတို့အပေါ် ဗုဒ္ဓဘာ သာဝင်များ အမြင်ကြည်လင်အောင် အထောက်အကူဖြစ်စေလိမ့်မည်ပာု ပြောကြားကြသည်။

“မွတ်စလင်တွေအပေါ် အထင်အမြင်လွဲနေတယ်ဆိုတာကို ကျွန်တော်တို့ရှင်းပြဖို့ကြိုးစားတာထက် ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးတွေ ပြောတာက ပိုကောင်းပါတယ်”ပာု မြန်မာအစ္စလာမ်မစ်စင်တာမှ တာဝန်ရှိသူ ဦးအေးလွင်က ပြောကြား သည်။

ယခုကဲ့သို့ နိုင်ငံတစ်လွှား ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားအောင်ကျုးလွန်သူများကို နောက်ကွယ်မှနိုင်ငံရေး ပယောဂဆရာများက ကြိုးကိုင်နေသည်ပာူသောအချက်ကို ရဲတပ်ဖွဲ့နှင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (တပ်မတော်ထောက် လှမ်းရေး)တို့က တရားဝင်ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ထိုအချက်ကို ပြည်သူအများစုကအခိုင်အမာ လက်ခံယုံကြည် ထားကြသည်ပာု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက သုံးသပ်ပြောကြားသည်။


 

စီးပွားရေးဇုန်သစ်များကို ပြန်ကြည့်လျှင် လျင်မြန်စွာအကောင်အထည်ဖော်ရန်လို

(12 June 2013 ရက်စွဲပါ The Dailystar မှ ခေါင်းကြီးပိုင်းဖြစ်သော New Economic zones ကိုဘာသာပြန်ဆိုသည်)

မြန်မာ၊ ဗီယက်နမ်နှင့် တရုတ်တို့သည် အထူးစီးပွားရေးဇုန်များ(SEZs)ထူထောင်ရန် ရွေးချယ်၍ လျှပ်စစ်ပါဝါ၊ လမ်း၊ ရထားလမ်းစသည့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများ ဖြည်းဆည်းပေးကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နေ ခြင်းမှာ အကြောင်းမဲ့ မပာုတ်နိုင်ပေ။ ဒေသတွင်းတွင် နမူနာယူစရာ SEZs များရှိနေသော်လည်း ကျွနိုပ်တို့၏ မူဝါဒများချမှတ် သူများသည် အစီအစဉ် ရေးဆွဲပြီးဖြစ်သည့် SEZs များ ဖွဲ့စည်းရေးကို မရေမရာလုပ်နေခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ ဗီယက်နမ်တွင်(၄၀၀)ခန့်ရှိနေချိန်တွင် ကျွနိုပ်တို၌ တစ်ဒါဇင်ပင်ပြည့်အောင် မရှိပေ။

ရင်းနှီးမြှုပ်နှံသူများ၏ ရှုထောင့်မှကြည့်ပါက စက်ရုံများကို SEZs များတွင် တည်ထောင်ရခြင်းကပို၍ အဓိပ္ပါယ်ရှိပါ သည်။ SEZs များသည် လုပ်ငန်းချောမွေ့ရန်လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများ ဖြည့်ဆည်းပေးခြင်း သည်သာမက ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသည့် ကိစ္စရပ်များလည်း ပါဝင်ပါသည်။ ကျွနိုပ်တို့သည် မက်လုံး ပေးမှုများက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အလိုအလျောက် ဆွဲယူပေးလိမ့်မည်ပာု မှားယွင်းထင်မြင် မနေသင့်ပေ။ အခြေခံကျသော အရေးကြီးမှုမှာ အခြေခံအဆောက်အဦးနှင့် နိုင်ငံရေးအရတည်ငြိမ်မှုဖြစ်ပါသည်။

ရေစုန်မျှော၍ သက်သာခိုခြင်းသည် ရှင်းပြရခက်လှပါသည်။ ၂၀၁၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်ဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း လွန်ခဲ့သောသုံးနှစ်အတွင်း SEZs များတည်ထောင်ရေး လွယ်ကူချောမွေ့အောင် မည်သို့မျှလုပ်ဆောင် ခြင်း မရှိခဲ့ပေ။ ထိုသို့သော နှေးကွေးလှသော တိုးတက်မှုဖြင့် ယခုအချိန်မှ ပထမဆုံး SEZs ထူထောင်မည်ဆိုလျှင်ပင် ၂၀၁၆ တွင် မပြီးနိုင်ပာု စိတ်ပျက်လက်ပျက်ခန့်မှန်းမှုများ ပေါ်ထွက်နေပါသည်။

ယခုအခါမြန်မာနိုင်ငံသည် ပြိုင်ပွဲတွင်ပါဝင်လာပြီး ပိုမိုကောင်းမွန်သောလမ်းများနှင့် ရထားလမ်းအဆက်အသွယ် များဖြည့်ဆည်းပေးနေပြီး ရေနက်ဆိပ်ကမ်းကလည်း ထွက်ပေါ်လာနေပါသည်။ စကားပြောထားသော ဘီလီယံဒေါ်လာ ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းကောင်းများ ရှိနေပါသည်။ ကျွနိုပ်တို့၏ မူဝါဒချမှတ်သူများသည် SEZs များကို လက်တွေ့ဦးစားမပေးပါက အထူးသဖြင့် RMG ကဏ္ဍတွင်ဘင်္ဂလားဒေ့ရှ် မှာ ချန်လှပ်ထားခံရတော့မည်ဖြစ်ပါသည်။


ထိုင်းတိုးရစ်များအား အကာအကွယ်ပေးရန် မြန်မာကိုတောင်းဆို

(Bangkok Post မှ 13 Jun 2013 ရက်စွဲပါ “Myanmar asked to protect tourists”သတင်းကိုဘာသာပြန်ဆိုသည်)

မေလအတွင်းက ထိုင်းနိုင်ငံသားငါးဦး ပြန်ပေးဆွဲ ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံရောက် ထိုင်းတိုးရစ်များအား အကာ အကွယ်ပေးရန် မြန်မာအစိုးရကို ထိုင်းနိုင်ငံကတောင်းဆိုလိုက်ပါသည်။

ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီက ယင်းကိစ္စကို ဗုဒ္ဓပာူးနေ့က တာချီလိတ်မြို့တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

မေလအတွင်းက ထိုင်းတိုးရစ်ငါးဦးကို ဝ လူမျိုး လက်နက်ကိုင်များက ပြန်ပေးဆွဲကာ ဘတ်ငွေ ၅ သန်း တောင်းခံ ခဲ့ပြီးနောက်တွင် ထိုင်းတိုးရစ်များကို ထိထိရောက်ရောက် အကာအကွယ်ပေးရန် မြန်မာဖက်ကို တောင်းဆိုခဲ့သည်ပာု ထိုင်း- မြန်မာ နယ်စပ်ရေးရာကော်မတီ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ ဖာမောင်းအထူး တပ်ဖွဲ့တပ်မှူး သာနမ်ပိုကိုဆိုင်ဆဝီက ပြောကြားသည်။

ထိုင်းတိုးရစ်ငါးဦးသည် တာချီလိတ်မြို့ ပိာုတယ်တစ်ခုတွင် တည်းခိုနေစဉ် မေ ၄ မှ မေ ၃၁ အထိ ပြန်ပေးဆွဲခံခဲ့ ကြရပြီးနောက် ထွက်ပြေးလွတ်မြောက်လာကာ ဇွန်လ ၁ ရက်တွင် ချင်းဇိုင်ခရိုင် မယ်ဖာလွန်ဒီစတြိတ် ပွာာမယ်ခွန်းကျေးရွာမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထိုကဲ့သို့ပြန်ပေးဆွဲ၍ ငွေတောင်းသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် မြန်မာအာဏာပိုင်များကို ထိုင်းဖက် မှ တောင်းဆိုထားသည်ပာု သိရှိရသည်။

ထို့အပြင်ဝတပ်ဖွဲ့ UWSA ကအဆိုပြုထားသော သောင်ရင်းမြစ်ပေါ်တွင်တမံတည်ဆောက်မည့် အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားရန် မြန်မာဖက်သို့ တောင်းဆိုထားသည်ပာု ဖာမောင်းတပ်မှူးဗိုလ်မှူးကြီး သာနပ်ပိုကပြောကြားပါသည်။

သောင်ရင်းမြစ်ပေါ်တွင် တမံတည်ဆောက်ပါက ၎င်းမြစ်ရေကို မှီခိုနေရသော ချင်းမိုင်နှင့် ချင်းဇိုင်ခရိုင်ရှိ မြစ်နံဘေး ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်စေလိမ့်မည်ပာု ထိုင်းနိုင်ငံဖက်မှ ထုတ်ဖော်ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment