Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် စစ်မှန်သော ဒိုင်ယာလော့ ဆွေးနွေးကြမည့်အရေးကို ကုလအကြီး အကဲကြိုဆို

(APA News မှ 15 Jun 2013 ရက်စွဲပါ “ UN Chief hails genuine dialogue in Myanmar’s reform process” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာခေါင်းဆောင် ဗြိတိန် နှင့် ပြင်သစ်သို့ သွားရန်ရှိ

 ( AFP မှ 1 st Jun 2013 ရက်စွဲပါ “Myanmar Leader to Visit Britain , France” သတင်းကို ဘာသာပြန်ဆိုသည်)

             


မန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် စစ်မှန်သော ဒိုင်ယာလော့ ဆွေးနွေးကြမည့် အရေးကို ကုလ အကြီးအကဲကြိုဆို

(APA News မှ 15 Jun 2013 ရက်စွဲပါ “ UN Chief hails genuine dialogue in Myanmar’s reform process” သတင်း ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ စစ်မှန်သော ဒိုင်ယာလော့ကို အားပေးရန် မြန်မာ့လွှတ်တော်အမတ်များ၏ ကြိုးပမ်းမှုများနှင့် ပြုပြင် ပြောင်လဲရေးလုပ်ငန်းစဉ်အတွင်းမှ နိုင်ငံရေးပါတီ အားလုံး၏ ပါဝင်လုပ်ဆောင်မှုများကို ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက သောကြာနေ့တွင် ကြိုဆိုလိုက်သည်ဟု သိရသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း ဦးဆောင်သော မြန်မာ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က ထိုသို့ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီ၊ ကချင်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် တို့အပါအဝင် နိုင်ငံရေးပါတီများ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ငါးဦးလိုက်ပါသည်ဟု ကုလပြောရေး ဆိုခွင့်ရှိသူ မာတင်နိုဆာကီက ပြောကြားသည်။

“ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်တွေက စစ်မှန်သော ဒိုင်ယာလော့ကို အားပေးဖို့ကြိုးပမ်းတာတွေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲက နိုင်ငံရေးပါတီ အားလုံးပါဝင် လုပ်ဆောင်နေကြတာတွေကို ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်က ကြိုဆိုတယ်လို့ပြောခဲ့ပါတယ်” ဟု မာတင်နိုဆာကီ က ပြောကြားသည်။

“ အထူးသဖြင့် မြန်မာနိုင်ငံရဲ့နောင်လာမည့်  အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တွေမှာ လွှတ်တော်အနေနဲ့ ပါဝင်နိုင်မယ် ပံပိုးအားပေးမှုကဏ္ဍကို အထွေထွေအတွင်းရေးမှုးချုပ်က သိရှိနားလည်ကြောင်းနှင့် အဒီကိစ္စမှာ နိုင်ငံရေးဦး ဆောင်ပုဂ္ဂိုလ် တွေအားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ် “ ဟု ၎င်းကဆက်လက် ပြောဆို သည်။

နယူးယောက်မြို့ ကုသမဂ္ဂဌာနချုပ်တွင် ယင်းတို့တွေဆုံကြစဉ် မြန်မာနိုင်ငံ၏  ပြုပြင်ပြောင်းလဲရေးကြိုးပမ်း မှုများအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် နှင့် မြန်မာ့လွှတ်တော်ကိုယ်စားလှယ်အမတ်များ အမြင်ခြင်းဖလှယ် ခဲ့ကြသည်ဟု ကုလပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲတိုးတက်မှု ချောမွေ့စေရေး အတွက် ရည်ရွယ်ကာ ဥပဒေပြုလုပ်ငန်းများ ဆောင်ရွက်ရင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တိုးတက်အောင်ကူညီပေးနေသည့် လွှတ်တော်၏ အရေးကြီးသော အခန်း ကဏ္ဍ ကို အထွေထွေအတွင်းရေးမှုးချုပ်က အသိအမှတ်ပြုကြိုဆိုသည် ဟု သိရသည်။

“ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လူမျိုးရေးအကြမ်းဖက်မှု နောက်ခံအကြောင်း အရင်းတွေကို ဖြေရှင်းဖို့၊ ဘာသာကွဲ၊ လူမျိုးကွဲ တွေရဲ့အခြေခံအခွင့်အရေးကို လေးစားဖို့၊ အကြမ်းဖက်ကျူးလွန်သူနှင့် စီစဉ်သူ တွေကို တာဝန်ယူဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်တယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကထုတ်ဖော် ပြောဆိုခဲ့ပါတယ်ဟု မာတင်နီဆာကီ သတင်းထောက်များအား ရှင်းလင်းပြောကြားသည်။

            


မြန်မာခေါင်းဆောင် ဗြိတိန် နှင့် ပြင်သစ်သို့ သွားရန်ရှိ

 ( AFP  မှ 1 st Jun  2013  ရက်စွဲပါ “Myanmar  Leader  to  Visit  Britain , France” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံအားပေးနေပြီး ဖြစ်သည့် အလျှောက် နောက်လတွင်  ဗြိတိန်နှင့် ပြင်သစ်သို့ သမ္မတဦးသိန်စိန် သွားရောက်လည်ပတ်မည်ဟု တာဝန်ရှိသူတစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

သမ္မတဦးသိန်စိန်သည် ၄င်းဒုတိယအကြိမ် ဥရောပခရီးတွင် လေးနိုင်ငံခန့် အထိ လှည့်လည်သွားလာမည့်ဟု အမည်မဖော်လိုသော အရာရှိက ဆိုပါသည်။

“  ဗြိတိန် နဲ့ ပြင်သစ်ကတော့ သေချာပါတယ်။ နောက်ထပ်သုံး၊ လေးနိုင်ငံလောက် လှည့်ဦးမယ်၊ လိုက်မယ့် လူစာရင်းကိုတော့ မထုတ်ပြန်ရသေးပါဘူး ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာခေါင်းဆောင်သည်  ၂၀၁၁ အာဏာရလာပြီး နောက်ပိုင်း ပြုလုပ်ခဲ့သော အပြောင်းအလဲများအတွက် အကူ အညီ ရစေရန် မတ်လအတွင်းက ပထမအကြိမ် ဥရောပခရီးစဉ်လှည့်ခဲ့ပြီး ၊ ထိုစဉ်က ဗြိတိန်နှင့်ပြင်သစ်သို့ မရောက်ခဲ့ပေ။

ဥရောပသမဂ္ဂ  EU  က မြန်မာနိုင်ငံအား ကုန်သွယ်ရေးအခွင့်ထူးပေးမည့် အစီအစဉ်ကို ဗုဒဟူးနေ့တွင် ထပ်မံ အတည်ပြုခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုမှ တဆင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲခြင်းကို အားပေးထောက်ခံလို့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသည် တပ်မတော်အစိုးရလက်ထက်က  အဓမ္မခိုင်းစေမှုများကြောင့် ကုန်သွယ်ရေး အခွင့်ထူး  အစီအစဉ် အဖွဲ့ဝင် အဖြစ်မှ  ၁၉၉၇ တွင် ပယ်ဖျက်ခံခဲ့ရပြီး ၊ ယခုအခါ အလုပ်သမား လုပ်ထုံးလုပ်နည်းများ တိုးတက်လာကြောင်း  ILO အစီရင်ခံစာ ထွက်ပေါ်လာသည့်အတွက်  အခွင့်အရေး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

အီးယူသည် လက်နက်ရောင်းဝယ်မှု တားမြစ်ခြင်းမှ လွဲ၍  မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှု အားလုံး နီးပါးကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။

ဝါရှင်တန်ကလည်း အလားတူ Sanctions များ  ဖြေလျှော့ ရုတ်သိမ်းပေးနေပြီး ဖြစ်သောကြောင့် လူဦးရေ သန်း ၆၀ ရှိသော ခေါင်းဖြူစဈေးကွက်သို့ဝင်ရန် နိုင်ငံတကာကုမ္မဏီများ ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဦးသိန်းစိန်သည် ယခင်လက ဝါရှင်တန်သို့ သွားရောက်၍ သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့ရာ ၊ နိုင်ငံတကာ အပယ်ခံဘဝ အဆုံးသတ်သွားသည့် သင်္ကေတအဖြစ်  နှစ်ပေါင်း ၅၀ အတွင်း တရားဝင် ဖိတ်ကြားခံရသော အမေရိကန် ရောက်ပထမဦးဆုံး မြန်မာခေါင်းဆောင် ဖြစ်လာခဲ့သည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment