Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီကိစ္စကို ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဒေသခံပြည်နယ် အစိုးရတို့ကတော့ ဘယ်တုန်းကမှ ဒီလို အကူအညီပေးတဲ့ ကိစ္စတွေကို ပိတ်မထားပါဘူး။ သို့သော်လည်းပဲ လုံခြုံရေး စိတ်မချလို့၊ အခက်အခဲ ဖြစ်မှာစိုးလို့ ကိစ္စလေးတွေ ရှိခဲ့တာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီးမှာ ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့တာပါ”

ဇွန်လ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော  “ကချင် ဒုက္ခသည် အကူအညီပေးရေး ယာဉ်တန်းအား အစိုးရနှင့် ကေအိုင်အိုတို့ ခွင့်ပြုခဲ့ခြင်းကို ကုလ အသိအမှတ်ပြု” သတင်းမှ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒါက ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို ဌားရမ်းတာပါ။ အရင်ကလဲ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန ပိုင်မြေတွေကို ဌားရမ်းခွင့် ပေးခဲ့ဖူးတယ်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့က တင်ဒါအောင်ပြီး စီးပွားရေး လုပ်ငန်းတွေ စလုပ်တော့မှ တိုက်ရိုက်ပတ်သက်မှာပါ။ အခုက ၀န်ကြီးဌာနက သူတို့ပိုင်မြေကို  ငှားရမ်းခွင့်ပေးတာပါ”

ဇွန်လ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “စစ်တပ်ပိုင်မြေ ဧက ၃၀၀ နီးပါးတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပြီ” သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒါနဲ့ ပတ်သက်လို့ရှိရင် အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ ယုံကြည်မှုရှိဖို့ပါပဲ”

ဇွန်လ ၁၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ အပြီး ဒေါ်အောင် ဆန်းစုကြည်၏ NLD ပါတီနှင့် ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဆိုလို့ရှိရင် ဘိန်းစိုက်ပျိုးတဲ့ နေရာတွေမှာ ငွေရေးကြေရေး ထောက်ပံ့ တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေမှာ ပါဝင်တယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေ ထဲက တစ်ခုကို ပြောရရင် ဒီမူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေက အစ အခက်အခဲတွေကို ထည့်စဉ်းစားရတာဖြစ်ပါတယ်”

ဇွန်လ ၁၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများတွင် လက်နက်ကိုင်အဖွဲ့အချို့ ပါဝင်ပတ်သက်နေသည်ဟု UNODC မြန်မာနိုင်ငံ တာဝန်ခံပြောကြား” သတင်းမှ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ မြန်မာနိုင်ငံ တာဝန်ခံ Mr. Jason Eligh ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဗပာိုဘဏ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ဗပာိုဘဏ်ကို အားပြန်ဖြည့်ရမယ်။ ဥပဒေ ထွက်လာလို့ ဗပာိုဘဏ်ပာာ သီခြားလွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်လာခဲ့ရင်တောင် နိုင်ငံခြားကပညာရှင်တွေ လိုပါသေးတယ်။  အခုဗပာိုဘဏ်ဥပဒေ ထွက်လာတာကောင်းပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ လုပ်တတ်ကိုင်တတ်တဲ့ သူတွေရှိမှ ဖြစ်မယ်။ မရှိဘူးဆိုရင် အခက်အခဲတွေ ရှိလာနိုင်တဲ့အတွက် ရှိလာအောင် ပျိုးထောင်ရမယ်။ ပျိုးထောင်ရမယ့်အချိန်က ဘယ်လောက် ကြာမလဲဆိုတာတော့ မသိသေးပါဘူး။ ပြီးရင် ပေါ်လစီချပေးဖို့လိုအပ်ပါသေးတယ်”

ဇွန်လ ၁၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လာမည့်ဇူလိုင်လတွင် ဗပာိုဘဏ်ဥပဒေ သစ် ထွက်ပေါ်လာတော့မည်”သတင်းမှ ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။

 


သတင်းတိုများ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ပြောင်းလဲခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဖြစ်သူ မစ္စတာ အန်ဒရူးဟိန်းနေရာတွင် မစ္စတာ အန်ဒရူး ပတ်ထရစ်အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း မြန်မာသံရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ မစ္စတာ ပတ်ထရစ်သည် ၁၉၈၈တွင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် တွင် တောင်အာရှရေးရာ အတွက် ထပ်တိုး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာမည့် သြဂုတ်လတွင် ဗြိတိန်သံအမတ် အဖြစ် စတင် တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းအား ဖိတ်ခေါ်

              နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန် ဒုတိယ ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်သူ Dr. Paul Wolfowitz အား ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော် ဧည့်ခန်းမ တွင် တွေ့ဆုံခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရရှိမည့် စက်ရုံ အလုပ်ရုံများ အကောင်အထည် ဖော်ရေး ကိစ္စရပ်များ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ တိုးတက်လာရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း အာဏာရပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု လေ့လာရေး ခရီးစဉ်အတွင်း ပြောကြားသွားခဲ့ ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရှိရသည်။


မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် မေလကုန်အထိ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း ၂၅ ခု ခွင့်ပြုထားပြီး အမေရိကန်ဒေါ်လာ ၁၄၂၆ ဒသမ ၀၅၁ သန်း ရင်းနှီးမြှုပ်နှံထား

မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် မေလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော  လုပ်ငန်း စီမံကိန်း ၂၅ ခု ခွင့်ပြုထားပြီး အမေရိ ကန်ဒေါ်လာ ၁၄၂၆ ဒသမ ၀၅၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ  သိရှိရသည်။ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူနိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လုပ်ငန်းစီမံကိန်း ၁၀ ခု အမေရိကန်ဒေါ်လာ ၅၉၃ ဒသမ ၅၃၁ သန်း၊ ဒုတိယ အများဆုံး မြှုပ်နှံသည့် ဗီယက်နမ်နိုင်ငံ လုပ်ငန်းစီမံကိန်း တစ်ခု အမေရိကန်ဒေါ်လာ ၄၄၀ သန်း၊ ထိုင်းနိုင်ငံ လုပ်ငန်းစီမံကိန်း ၆ ခု အမေရိကန်ဒေါ်လာ ၁၇၅ သန်း၊ ဂျပန်နိုင်ငံ လုပ်ငန်းစီမံကိန်း သုံးခု အမေရိကန် ဒေါ်လာ ၆၂ သန်း၊ ဟောင်ကောင်လုပ်ငန်း စီမံကိန်း လေးခု အမေရိကန်ဒေါ်လာ ၁၅၀ ဒသမ ၅၂ သန်း၊ မလေးရှားနိုင်ငံ လုပ်ငန်း စီမံကိန်း တစ်ခု အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။


ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ထိုင်းသို့ သွားရောက်မည်

ထားဝယ် အထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်မှု လုပ်ငန်းများကို ဂျပန်၊ ထိုင်းနိုင်ငံနှင့် သီးခြားတွေ့ဆုံရန်အတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် အဖွဲ့သည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ဇွန်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ တာဝန်ရှိ သူများနှင့် ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကာ ဇွန်လ ၁၇ ရက်တွင် ဂျပန်ကိုယ်စားလှယ်များနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာချုပ် သုံးခုအသစ် သုံးခု ချုပ်ဆိုရန် နှစ်နိုင်ငံအစိုးရများ အနေဖြင့် မကြာသေးမီက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ယခု ခရီးစဉ်တွင် မြန်မာနှင့် ထိုင်းနိုင်ငံ သဘောတူညီမှု ရှိထားသည့် စတော့ဈေးကွက်အတွင်း ရှယ်ယာများ တာဝန်ယူရောင်းချမည့် ကိစ္စရပ်များ ဆွေးနွေး အပြီးတွင် ထိုင်းနှင့် မြန်မာ သဘောတူညီမှု စာချုပ်လက်မှတ် ရေးထိုးမည်ဟု အစိုးရ အရာရှိအသိုင်းအ၀ိုင်းမှ တစ်ဆင့်သိရ သည်။


KOICA အကူအညီဖြင့် ဒေါ်လာ သုံးသန်းကျော်တန် ရိတ်သိမ်းချိန်လွန် နည်းပညာစင်တာ တည်ဆောက် မည်

စိုက်ပျိုးထုတ်ကုန်များ အရည်အသွေးမီ ထုတ်လုပ်ရောင်းချနိုင်ရေး အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် ပတ်သက်သော လေ့ကျင့် သင်ကြားရေး စင်တာတစ်ခုကို မန္တလေးတိုင်းဒေသကြီး ထုံးဘိုတွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါစင်တာကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး KOICA က အခြေခံအဆောက်အအုံ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းနှင့် သင်တန်း နည်းပြ ဆရာများအတွက် နည်းပညာများ ဖြန့်ဝေရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


ရန်ကုန် မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူ

ရန်ကုန်မြို့ပြစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား ပထမဆုံး အကြိမ် တင်ဒါခေါ်ယူမှုကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွင်းမှ အရေးကြီးစီမံကိန်း ဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် ဖော်ဆောင်မည့် ဒုတိယ စီးပွားရေး အချက်အခြာ နယ်မြေအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ရန် မြေနေရာများတွင် စတင်၍ ရင်းနှီးမြှုပ်နှံနိုင်ရန် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှု ဌာန ဒုတိယ ဌာနမှူး၏ ပြောဆိုချက်အရ သိရှိရသည်။


ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော် ထပ်မံခွင့်ပြုမည်

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော်ကို လာမည့် တစ်ပတ် အတွင်း ထပ်မံ အတည်ပြု ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ သိရှိရသည်။ ယခင်နှစ်က အခြေခံပညာ အဆင့်တွင် သက်တမ်းရင့် ဘော်ဒါကျောင်း ၆၆ ကျောင်း အား ကိုယ်ပိုင် ကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာနက ဥပဒေဖြင့် အတည်ပြု သတ်မှတ်ပေးပြီး နောက် ယခုနှစ်တွင် ကိုယ်ပိုင်ကျောင်း ၁၀၀ ကျော် ထပ်မံ တိုးမြှင့် ချထားပေးရန် စီစဉ်နေခြင်းဖြစ်သည်။

     


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment