Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသား ၁၈၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုတော့မည်

(The Star News မှ 17 June 2013 ရက်စွဲပါ “189 to be charged with illegal entry” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း တရုတ်ကတော့ စဉ်းစားရင်း ကျန်ခဲ့ပြီ

(17   June   2013   ရက်စွဲပါ  Financial   Times  မှ  Jamil Anderlini ရေးသားသော  Myanmar‘s Old Friend China   is Left Wondering Where it won’t wrong ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံသား ၁၈၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုတော့မည်

( The Star News မှ 17 June 2013 ရက်စွဲပါ “ 189 to be charged with illegal entry” သတင်းကိုသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသား ၅၀ ခန့်သည် မလေးရှားသို့ တရားမဝင်ခိုးဝင်မှုနှင့် ဆီပန်းရှိတရားရုံး တွင် ယနေ့ တရားစွဲဆို ခံရဖွယ်ရှိပါသည်။

နောက်ထပ် ၁၃၉ ဦးကိုလည်း လူဝင်မှု ကြီးကြပ်ရေးဥပဒေ အခန်း ၆ - ၁ (ဂ)အရ အလားတူပြစ်မှုဖြင့် မနက်ဖြန် တရားစွဲဆိုမည်ဖြစ်သည်။ ၎င်းဥပဒေအရ ထောင်ဒဏ်အပြင် ဒဏ်ငွေ ရင်းဂစ် ၁၀,၀၀၀ နှင့်ကြိမ်ဒဏ် ၆ ချက်ပြစ်ဒဏ် ချမှတ်ခံရ နိုင်သည်ဟု သိရသည်။

၎င်း မြန်မာနိုင်ငံသား ၁၈၉ ဦးစလုံးကို ၎င်းတို့၏ ဇာတိနိုင်ငံသို့ ပြန်ပို့မည်ဟု ကွာလာလမ်ပူ လူဝင်မှုကြီးကြပ် ရေးအကြီးအကဲ ဂျိမ်းမူဆာဆီဂါ ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများအကြား လူမျိုးကွဲ (ဗမာနှင့်ရိုဟင်ဂျာ) ပဋိပက္ခရန်ပွဲများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဇွန်လ ၇ ရက်တွင် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့သည်။

သို့သော် UNHCR ကဒ်ပြားအတုနှင့် အထောက်အထားအတု ကိုင်ဆောင်ကြောင်း သံသယရှိသူများကိုစာ ဆက်လက်ဖမ်းဆီးထားသည်။

“သူတို့ကို သီးခြားစီတရားစွဲဆိုဖို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဒီနေရာ၊ ဟိုနေရာ ခွဲနေဖို့အကြောင်း မရှိဘူး။ ကျွန်တော်တို့ဥပဒေက ရှင်းလင်းပြတ်သားသလို၊ သူတို့ပြစ်မှုကလည်း ထင်ရှားနေပါတယ်။ ဒါကြောင့်သူတို့ကို တရားစွဲပြစ်ဒဏ်ချပြီး သူတို့နိုင်ငံကို ပြန်ပို့လိုက်မှာပါ” ဟု မူဆာဆီဂါ ကပြောကြားသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ ယမ်တီအစ္စမေးလ် က မိမိတို့ UNHCR ဌာနအနေဖြင့် ဥပဒေအကြံပေးများ စေလွှတ်၍ ၎င်းတို့တွင် တရားဝင်ဒုက္ခသည်အထောက်အထားရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု ပြောကြားသည်။

“ဖမ်းဆီးမှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ UNHCR အထောက်အထားအတုကိုင်ဆောင် ထားတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တကယ်လို့ နိုင်ငံတကာ အကာ အကွယ်ပေးမှုကို လိုအပ်ကြောင်းတွေ့ရှိရတယ်ဆိုရင် ကြိမ်ဒဏ်နဲ့ ပြည်နှင်ဒဏ်ကို တားဆီးဖို့အတွက် ပြစ်ဒဏ်လျှော့ပေါ့အောင် ကျွန်တော်တို့ ဥပဒေအကြံပေးတွေက ကြိုးစားကြ မှာပါ” ဟု ယမ်တီအစ္စမေးလ် ကဆိုပါသည်။

“ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းထုံးစံကတော့ တကယ်လို့ သူတို့အနေနဲ့ နိုင်ငံတကာ ကာကွယ်ပေးမှုကို လိုနေ တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ မှတ်ပုံမတင်ရသေးဘူး ဆိုရင် UNHCR ကသူတို့ လွှတ်မြောက်အောင် ဆောင်ရွက်မှာပါ။ ဒါကြောင့် သူတို့ရဲ့ ဒုက္ခသည်အထောက်အထားကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်” ဟု ယမ်တီအစ္စမေးလ် က အီးမေးလ်ဖြင့် ရှင်းလင်းပြောကြားသည်။


မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း တရုတ်ကတော့ စဉ်းစားရင်း ကျန်ခဲ့ပြီ

(17   June   2013   ရက်စွဲပါ  Financial   Times  မှ  Jamil Anderlini ရေးသားသော  Myanmar‘s Old Friend China   is Left Wondering Where it won’t wrong ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ ထူးဆန်းသောမြို့တော် နေပြည်တော်ရှိ တောက်ပသည့် ကွန်ဗက်ရှင်းစင်တာကို မတွေ့ဘဲ မျက်စိလျှမ်းသွားဖို့ မဖြစ်နိုင်ပေ။ ၄င်းကို လွန်ခဲ့သော နှစ်အနည်းငယ်က တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက စစ်အစိုးရသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ယခုလ အစောပိုင်းတွင် အဆိုပါစင်တာ၌ ကမ္ဘာတစ်ဝှမ်းမှ အမှုဆောင် ( ၉၀၀ )ကျော်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြရာ တရုတ်မှတက်ရောက်ခြင်း မရှိသည်ကို အလွယ်တ ကူ တွေ့နိုင်ပါသည်။ တရားဝင်  WEF  စာရင်းအရ ၊ တရုတ်ပြည်မကြီးမှ ( ၁၆ ) ဦးသာ ပါဝင်သည်ကို တွေ့ရပါသည်။

တရုတ်ပြည်သူ သမ္မတနိုင်ငံ ထူထောင်ပြီးနောက် ဆယ်စုနှစ်များစွာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် အမြဲတစေ စဉ်းစားစေခဲ့သော မေးခွန်းမှာ “တရုတ်ကို မည်သူ ဆုံးရှုံးခဲ့သနည်း”ဟူသော မေးခွန်းဖြစ်ခဲ့ပါသည်။

ယနေ့အချိန်အခါတွင်  Beijing  အတွက် တရုတ်အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ သြဇာရှိသူများမေးသော မေးခွန်းတစ်ခုမှာ “မြန်မာနိုင်ငံကို မည်သူဆုံးရှုံးခဲ့သနည်း” ဟူသောမေးခွန်းဖြစ်ပါသည်။

လွန်ခဲ့သည့်၂ နှစ်က တရုတ်၏ ဖောက်သည် အပယ်ခံအာဏာရှင်နိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် တံခါးများဖွင့်ခဲ့ပြီး ၊ ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုများ အတွက် သက်သေများကို နေရာတကာတွင် တွေ့နိုင်ပါသည်။

အနောက်ပိုင်းနိုင်ငံများ၏ အရေးယူမှု အများစုလည်း ရုတ်သိမ်းသွားခဲ့ပြီး ၊ ကမ္ဘာအနှံမှ ရင်းနှီးမြှုပ်နှံသူများသည် ဆယ်စုနှစ်များစွာ ခေတ်နောက်ကျနေသော အခြေခံအဆောက်အဦနှင့်  သန်း(၆၀)ရှိသော စားသုံးသူများကို မြှင့်တင်မည့် ဈေးကွက်အတွက်  နေရာယူရန် စိုင်းပြင်းနေကြပါသည်။

ယခုလ WEF တွင် ယခင်ဗိုလ်ချုပ်ဟောင်းများသည် မြန်မာရိုးရာဝတ်စုံကို ဝတ်လျှက် ထိုင်း၊ ဗိီယက်နမ်၊ ဥရောပ၊ အမေရိကန်၊ ဂျပန်တို့မှ  အမှုဆောင်များနှင့် ပုခုံးချင်းယှဉ်၍ စကားပြောနေကြပါပြီ။

WEF  တွင် တရုတ်တို့ လာရောက်မှု သိသာစွာ အားနည်းရခြင်းမှာ မြန်မာဝန်ကြီးနှင့် လွှတ်တော်အမတ်များ၏ ဆက်ဆံပုံ နည်းလမ်းကြောင့် ဖြစ်ပါသည်။၎င်းတို့သည် သူတို့၏ Beijing  မှ ရဲဘော်ရဲဘက်ဟောင်းများကို  အများရှေ့တွင် ဂရုပြု၍ ယဉ်ယဉ်ကျေးကျေးညွန်းဆိုသော်လည်း ၊ ပုဂ္ပလိက သိီးသန့်တွေ့ဆုံမှု များတွင် ပြင်းထန်စွာ ဝေဖန်မှုများ ရှိပါသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ ကူညီမှုတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အခုတော့ သွားပါတော့လို့ပဲ ပြောချင်ပါတယ်”ဟု မြန်မာဝန်ကြီးတစ်ဦး၏ အကြံပေးတစ်ဦးက ပြောပါသည်။

တရုတ်ဆောက်လုပ်ပေးခဲ့သော အဆောက်အဦး၌ ကျင်းပသော ဖိုရမ် ပထမနေ့တွင် သမ္မတ ဦးသိန်းစိန် အဖွင့်အမှာ စကားပြောကြားရာတွင် Beijing ၏  အိမ်နီးချင်းသေးငယ်ပြီး ဆင်းရဲသော နိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှုကို ၄င်း၏ ပုဂ္ဂိုလ်ရေးခံစားချက်အရ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း စာလုံးပါဝင်ခဲ့ပါသည်။ ဖိုရမ် ဒုတိယနေ့တွင် တရုတ်နိုင်ငံပိုင်  China  Mobile သည်    Vodafone  နှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွက်ရေးအတွက် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုကို မပြုလုပ်တော့ကြောင်း သတင်းများထွက်ပေါ်လာပါသည်။တရုတ်ကုမ္ပဏီမှာ တင်ဒါအောင်မြင်ရန် မျှော်လင့်ချက် မရှိကြောင်း သိရှိသွားသောကြောင့် ဖြစ်မည်။

Beijing  နှင့် နေပြည်တော်တွင် တရုတ်သည်နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ကိုင်တွယ်ခဲ့သည်ဟု နားလည်အသိအမှတ်ပြု နေကြပါသည်။ အကြောင်းမှာ တရုတ်၏ မောက်မာမှု ၊ လှစ်လျူရှုမှုနှင့်တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ အစိတ်အပိုင်းများက ဝင်ရောက်စွက်ဖက်ခြင်းများ ရောထွေးနေခဲ့မှုကြောင့် ဖြစ်ပါသည်။

PLA  သည်   မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှု ကြီးမားပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ကြီးစွာ ပါဝင်ပတ် သက်လျှက်ရှိပါသည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် နေ့စဉ်ကိုင်တွယ်လုပ်ဆောင်မှုများကို ယူနန်ရှိ ပြည်နယ်အစိုးရနှင့် စစ်ဌာနချုပ်သို့ အာဏာရှင်အပ်နှင်းပေးထားပါသည်။ ယူနန်သည် မြန်မာနိုင်ငံနှင့် ရှည်လျားပြီး ဥပဒေစိုးမိုးမှု မရှိသည့် နယ်စပ် ပိုင်ဆိုင် ထားပါသည်။

ယခုအထိကြည့်ပါက မြန်မာနိုင်ငံနှင့် တရုတ်တို့၏ လေကြောင်းပျံသန်းမှုအားလုံးသည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ တဆင့်သာသွားကြရပါသည်။ မြန်မာနိုင်ငံသည် ရန်ကုန်မှ ဆိုးလ်၊ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်၊ ဟိုချီမင်း နှင့် အခြား မြို့ကြီးများသို့ တိုက်ရိုက်ပျံသန်းနေပါသည်။

မြန်မာဗိုလ်ချုပ်များ တဖြည်းဖြည်း ဆုံးဖြတ်ချက် ချခဲ့သော အချက်မှာ အဆင့်နိမ့်သော တရုတ်မာစတာများ၏ ကျေးဇူးကြီးမားနေသောကြောင့် အလျော့အတင်းလုပ်ရန် အကောင်းဆုံးမှာ မိမိတို့ အခြေပြုရမည့် မိတ်ဆွေပြောင်းလဲ ပစ်ရန်ဖြစ်ကြောင်း သဘောပေါက်လာသည့် အချက်ဖြစ်ပါသည်။

ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲရေး အစိုးရသည် Beijing  အပေါ်လုံးဝကျောခို်င်းလိမ့်မည်ဟု ပြောခြင်းတော့ မဟုတ်ပေ။

အချက်တစ်ချက်အားဖြင့်  ပိုက်လိုင်းသစ်သည်   မြန်မာနိုင်ငံမှ ဓါတ်ငွေ့များကို မကြာမီလများအတွင်း တရုတ် နိုင်ငံသို့ ပို့လွှတ်တော့မည် ဖြစ်ပါသည်။တရုတ်ကုမ္ပဏီများသည် အနောက်ပိုင်းနိုင်ငံများ၏ နှစ်ပေါင်းများစွာ  အရေးယူ မှုများကြောင့် များစွာ အသာစီးရခဲ့ပါသည်။

၎င်းတို့အနေဖြင့် အမေရိကန်၏ Fresno  မြို့ ( သို့မဟုတ် ) အင်္ဂလန်မှ   Bristol  မြို့ တစ်မြို့၏   GDP  နှင့် အတူတူသာ ရှိသည့် တိုင်းပြည်တစ်ခုကို သင်ကြားပေးရမည့်အချက်များစွာ ရှိပါသည်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကြံပြုဖော်ပြသော နိုင်ငံတကာဆက်ဆံရေးကို ညဏ်ကြီးကြီး ဖြင့် ကိုင်တွယ်ရန်များ ထွက်ပေါ်လာပြီဖြစ်၍ တရုတ်အပါအဝင်  မြန်မာနိုင်ငံတွင်  ရင်းနှီးမြှုပ်နှံရန်  ပြိုင်ဆိုင်သူ များသည် ကျွမ်းကျင်သော ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မှု ပါဝင်ရန် လိုအပ်ပါသည်။

“အခုကတော့ စိတ်လှုပ်ရှားစွာနဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေပါတယ်။ ဒါမျိုးတော့ သိပ်ဆွဲဆောင်မှု မရှိနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှ ဖိုရမ်တွင်  သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

Beijing  ၏ ပြိုင်ဆိုင်မှုကြားတွင် ပျောက်ဆုံးခဲ့ရသော မိမိ၏ သြဇာများ ပြန်လည် ရရှိရန် ကြိုးပမ်းမှုမှာ ၄င်း၏ ဖောက်သည် ဟောင်းကိုဖယ်ရှားရန် မည့်သို့ စီမံနိုင်သည် ဆိုသည်နှင့် တရုတ်အတွက် မြန်မာနိုင်ငံက ပေးသော တကယ်သင်ခန်းစာများမှာ မည့်သည်များဖြစ်သည် ဆိုသည့် အချက်များ၏ ထင်ဟပ်မှုပင် ဖြစ်လိမ့်မည်။

ကံမကောင်းသည့်အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍  ထဲထဲဝင်ဝင်ဆွေးနွေးမှုများကို တရုတ်၏ အဓိက မီဒီယာများတွင် ပိတ်ပင်ထားပြီး ဟောလိဝုဒ်၏ ဒေါ်အောင်ဆန်းစုကြည်အကြောင်း  “  The Lady ”ရုပ်ရှင်ကို တရုတ် ပြည်မကြီး   တွင်ပြသခွင့်မရပါ။

နောက်ဆုံးတွင် တရုတ်ခေါင်းဆောင်များသည် ၄င်းတို့၏ အိမ်နီးချင်းအပေါ် လျော့ပါးသွားသော ၄င်းတို့၏ သြဇာ များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လျော့ကျသွားသည်သဘောရှိပြီး ၊ မြန်မာဒီမိုကရေစီကို နိုးထစေသည်မြန်မာ့နွေဦး သည် နယ်စပ်ကိုကျော်၍တရုတ်နိုင်ငံ ရောက်မလာရေးကို ပိုမိုပူပန်လာနေပါပြီ ။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment