Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

စွမ်းအင်ပြဿနာသည် မြန်မာနိုင်ငံအတွက် ဝန်ပိနေသော စိမ်ခေါ်မှုဖြစ်နိုင် 

( Channel News Asia မှ 7  June  2013  ရက်စွဲပါ “ Energy Seen as Pressing Issue  For Myanmar ”  သတင်းကို ဘာသာပြန်ဆိုသည်။  )


စွမ်းအင်ပြဿနာသည် မြန်မာနိုင်ငံအတွက် ဝန်ပိနေသော စိမ်ခေါ်မှုဖြစ်နိုင် 

( Channel News Asia မှ 17 June  2013  ရက်စွဲပါ “ Energy Seen as Pressing Issue  For Myanmar ”  သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံ၏ များများစားစားမထုတ်ယူရသေးသော ရေနံဓာတ်ငွေ့ကဏ္ဍတံခါး ဖွင့်လှစ်မှုကို နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများက စိတ်အားထက်သန်စွာ  မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာရေနံကုမ္ပဏီကြီးများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပြီးနောက်တွင် ၄င်း၏ ကမ်းလွန် ရေနံဓာတ်ငွေ့လုပ်ကွက်သစ် ၃၀ အတွက် တင်ဒါခေါ်ယူနေပြီဖြစ်သည်။

သို့ရာတွင် မြန်မာအစိုးရအနေဖြင့် စွမ်းအင်ရင်းမြစ်များကို တံခါးဖွင့်ပေးလိုက်သည့်တိုင်အောင် ၄င်း၏ ပြည်သူများ အား ပုံမှန်ဓါတ်အားဖြည့်ဆည်းပေးရန် အာမခံဖို့ လိုအပ်ပါသည်။

လောလောဆယ်တွင် ရေတိုအနေဖြင့် လေအားလျှပ်စစ်နှင့်   နေစွမ်းအင်သုံးလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုသို့ ကူးပြောင်းရန်  အာရှဖွံ့ ဇြိုးရေးဘဏ်  ADB   ကအကြုံပြုထားသည်။

စီးပွားရေး ပြိုလဲ၊ လှောင်ပိတ်မိနေသော မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ၊ လျှပ်စစ်ဓါတ်အားရရှိနိုင်မှုသည် ဇိမ်ခံပစ္စည်းသဖွယ်ဖြစ်နေသည်။

ထို့ကြောင့်ပင် စွမ်းအင်ကဏ္ဍကို မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စိမ်ခေါ်မှုတစ်ခုအဖြစ်  ADB        အစီရင်ခံစာတွင် သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား ဖြည့်ဆည်းပေးရန် ပြည်စုံသော ဓါတ်အားလိုင်း ကွန်ယက်စနစ် မရှိသောကြောင့် အခြားရေတိုနည်းလမ်းများကို စဉ်းစားဖို့ လိုနေပါသည်။

 ADB   ၏ အရှေ့တောင်အာရှ ဒုတိယ ဥက္ကဋ္ဌ စတီဗင်ဂရော့ဖ်က “  ကျွန်တော် စဉ်းစားမိတဲ့ အရာကတော့ မိုဘိုင်း ဖုန်းနဲ့ ကြိုးဖုန်းသဘောတရားပါပဲ။ သမိုင်းကြောင်းအရ ခင်ဗျားရဲ့ တယ်လီဖုန်းအတွက် ကေဘယ်ကြိုး တစ်ချောင်း လိုခဲ့ပေ မယ့် မိုဘိုင်းဖုန်းနည်းပညာကို ခုန်ကူးနိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းတဲ့ အခါမှာလည်း ဒီလိုဖြစ်နိုင်ခြေ အလားအလာ မျိုးရှိတယ်လို့ ကျွန်တော်စဉ်းစားမိပါတယ် ”ဟု ပြောကြားသည်။

မြန်မာနိုင်ငံဒေသအချို့တွင် စမ်းသပ်နေသော နေစွမ်းအင်သုံး စွမ်းအင်စီမံကိန်းများသည် ရေရှည်အသုံးတဲ့ နိုင်ဖွယ် ရှိသည်ဟု အချို့က ဆိုပါသည်။ သို့သော် မြန်မာနိုင်ငံသည် အမြဲတမ်းစွမ်းအင်နည်းလမ်းများကို ပိုမိုလိုအပ်နေဆဲဖြစ် သော ကြောင့် အလယ်အလတ် အချိန်ကာလအတွက် မှီခိုရန် မဖြစ်နိုင်ပါ။

 KPMG        မှ အာရှပစိဖိတ် အကြီးအကဲ ဆာရာနာရာယမ် ရာမာမူသီက “ စီးပွားရေးရှုထောင့်က ကြည်ရင့် တွေ့မြင် ရမယ့်အမှန်တရားကတော့ ဒီလိုစွမ်းအင်ရင်းမြစ်တွေကို ပမာဏကြီးမားစွာ တပ်ဆင်တဲ့အခါ ရင်ဆိုင်ရမယ့် ကုန်ကျစရိတ် အခက်အခဲပဲ ဖြစ်ပါတယ်။ဒီလို့ ရင်းနှီးမြှုပ်နှံဖို့  လိုအပ်နေတဲကိစ္စကို ပမာဏအကြီးစား တပ်ဆင်တဲ့အခါမှာ ကုန်ကျစရိတ် ခံနိုင်ဖို့  လိုပါတယ်” ပြောကြားသည်။

ကျွမ်းကျင်ပညာရှင်များကမူ ဓါတ်ငွေ့ ရင်းမြစ်ကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် ဓါတ်အားမလုံလောက်မှု ပြဿနာ ကို ဖြေရှင်းရာတွင် တိကျမှန်ကန်သော စည်းမျဉ်းစည်းကမ်းဘောင်ကို ရေးဆွဲကာ အမျိုးသားစွမ်းအင်မဟာဗျုဟာသစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ရိုးရိုးရှင်းရှင်း လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ပြောဆိုပြောဆိုထားကြသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment