Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

 

“KNU အနေနဲ့ မတက်ရောက်လာတာ DKBA ကိုအသိအမှတ်မပြုလို့ မဟုတ်ဘူး။ ကလို့ထူးဖောခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ်ကို ကိုယ်တိုင်ကြီးကြပ်ကျင်းပတဲ့ပွဲကို ပစ်ပယ်လို့လဲ မဟုတ်ဘူး။ အကြောင်းကြောင်း ကြောင့် တက်ရမယ့် အချိန်မတန်သေးလို့ မတက်တာလို့ မြင်တယ်။ အဓိကကတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေ ပြန်လည်ပေါင်း စည်းရေးနဲ့ စည်းလုံးညီညွတ်ဖို့ပါပဲ”

ဇွန်လ ၁၉ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ သို့ KNU မတက်ခြင်းသည် အချိန်မတန်သေးခြင်းကြောင်းဆို “ သတင်းမှ KNU ဆက်ဆံရေးရုံး အဖွဲ့ဝင် ဦးမန်းတင်စိုး၏ ပြောကြားချက်အားကောင်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်လို့ မဖြစ်ဘူး။ တည်ဆောက်ဖို့လိုအပ်တယ်။ ဒါချက်ချင်းကြီးဖြစ်နိုင်ဖို့ အလားအလာ နည်းသေးတယ်။ ဒါပေမဲ့လို့ မဖြစ်မနေ ဒါတွေကို တည်ဆောက်ဖို့ အတွက် အခုကတည်းကပြောနေ၊ လုပ်နေ၊ ကြိုးပမ်းနေရမယ်ဆိုတာတွေကို ပြောကြပါတယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့က လက်ရှိအပစ်အခတ်ရပ်စဲရေး လုပ်ပြီး ငြိမ်းချမ်း ရေးတည်ဆောက်တဲ့ အခါမှာ ပင်လုံထက် ကျယ်ပြန့်တဲ့ အစည်းအဝေးတွေ နေပြည်တော်မှာ လုပ်မယ်လို့ ပြောတယ်။ အဲ့ဒီတော့ ဒီဘက်က CRPP အဖွဲ့ဝင်ပါတီတွေကလည်း ၂၁ ရာစု ဒုတိယ ပင်လုံဆိုတာတွေကိုလဲ ပြောတယ်။ ဒါတွေကိုညှိနှိုင်း ပြီး ဘယ်လိုတိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ကို ဘယ်လိုညှိနှိုင်း ဆက်စပ် ဖော်ဆောင်သွားမလဲဆိုတာတွေကို ဆွေးနွေးဖြစ်ပါတယ်”

ဇွန်လ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ UNA အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖက်ဒရယ်ပြည်ထောင်စု ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ရန်ကုန်မြို့တွင် ဆွေးနွေး “ သတင်းမှ UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


“အဓိကကတော့ သံရုံးကို ဗဟိုပြုပြီးတော့ ကာကွယ်စောင့်ရှောက်တဲ့စနစ်ကို သေချာစနစ်တကျလုပ်ဖို့ သင့်တယ်။ ထို့အတူ အလုပ်သမားတွေရဲ့ စုဖွဲ့မှုကိုလည်း အားပေးအားမြှောက်ပြုရမယ်။ သံရုံးကတော့ သူအဓိက ခေါင်းကြီးပိုင်းပေါ့။ တကယ့် တကယ် အလုပ်သမားရေးကျတော့ အလုပ်သမားကိုယ်တိုင်က ရှင်းတာပိုမြန်မယ်။ ပိုထိရောက်မှုရှိတယ်။ သံရုံးက အလုပ်သ မားအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးတာ။ လှုပ်ရှားနိုင်အောင် ကြီးကြပ်ပေးတာမျိုးလုပ်ရင် အဆင်ပြေတယ်။

ဇွန်လ ၂၀ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၂၄) တွင်ပါရှိသော “ ပြည်ပရောက်နိုင်ငံ သားများ အပေါ် ကာကွယ်စောင့်ရှောက်မှု ဘယ်လိုပေးသင့်လဲ” သတင်းမှ ကိုအောင်ကျော် (ရွေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ)၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


 

“တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်းအပေါ်ကော ဘယ်လိုမြင်ပါသလဲ။ ဒီဥပဒေက တောင်သူတွေရဲ့ အကျိုးကို မကာကွယ်နိုင်ပါဘူး။ တောင်သူလယ်သမားရဲ့ အမတော်ကြေး၊ ချေးငွေရရှိရေး၊ စိုက်ပျိုးစရိတ်ရရှိရေး အတွက် ဆောင်ရွက်တဲ့ ဥပဒေပါ။ တောင်သူကာကွယ်တဲ့ ဥပဒေ၊ တောင်သူလယ်သမား ဘဝမြှင့်တင်ရေး ဥပဒေကို ပြဋ္ဌာန်းတာနဲ့စာရင် တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ငွေချေးရေး ဥပဒေလို့ ပြဋ္ဌာန်းလိုက်ရင် ပိုကောင်းပါတယ်”

ဇွန်လ ၁၉ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာ တွင် ပါရှိသော “လယ်သမားအရေးဆောင်ရွက်နေသူ တရားလွှတ် တော်ရှေ့နေ ဦးဖိုးဖြူနှင့် တွေ့ဆုံခြင်း “သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“အခြေခံ ဥပဒေကိုပြင်တဲ့ အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ လောလောဆယ်ပြင်ရမှာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တစ်ပိုဒ်နဲ့ တစ်ပိုဒ် အဆီအငေါ်မတည့်တဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတဲ့ အပုဒ်မျိုးတွေကို အရင်ပြင်ရမယ် ဆိုတဲ့ အပိုင်းနဲ့ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာကိုတော့ တဖြည်းဖြည်းခြင်း ပြင်ရမယ့် အပိုင်းတွေကို ပြောပါတယ်”

ဇွန်လ ၁၉ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားပြုပါတီ ငါးပါတီ ၂၀၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေးဆွေးနွေး” သတင်းမှ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည်ဇွန်လ ၁၉၊၂၀ ရက်တွင် လွိုင်ကော်မြို့တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ငါးဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးစောမင်းတို့ တက်ရောက်မည် ဖြစ်ပြီး KNPP ဘက်မှ KNPP ငြိမ်းချမ်းရေး ဖော်ဆောသ်ရေး အဖွဲ့ကိုဒုတိယဥက္ကဋ္ဌ ဦးဆောင်ကာ တပ်ဘက်မှ ဗိုလ်ချုပ် ဘီတူးတို့လည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။ အစိုးရနှင့် KNPP တို့မှာ ပြီးခဲ့သည့် ၂၀၁၂ မတ်လအတွင်း ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ သည်။ ယခုဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း သိရ သည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရကြား အပစ်အခတ်ရပ်စဲရေးအတွက် ချုပ်ဆိုထားသည့် စာချုပ်များ နှစ်ဖက် လုပ်ဆောင် ခြင်း ရှိ မရှိ ကို စောင့်ကြည့်ရန် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမင်းမင်းနွယ်၏ ပြောကြားချက်မှ သိရသည်။  အပစ်အခတ်ရပ်စဲရေး လေ့လာ စောင့်ကြည့်ရေး ကော်မတီကို မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဇွန်လ ၂၂ ရက်နေ့တွင် ဖွဲ့စည်းနိုင်ရန်အတွက် ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မတီဖွဲ့စည်းရန် ဇွန်လ ၇ ရက်နေ့တွင် မွန်ပြည်နယ်မှ ရပ်မိရပ်ဖ ၁၂၀ ခန့် ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။

 


အုပ်ချုပ်ရေး

မြန်မာ စတော့အိပ်ချိန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အသုံးပြုမည့် ပထမဆုံး DATA Center ကို ရန်ကုန်မြို့ ရှိ နိုင်ငံတော် ဗဟိုဘဏ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်၏ သတင်းထုတ်ပြန် ချက်မှ သိရသည်။ အဆိုပါ Container Data Center သည် Modular Data Center အမျိုးအစားဖြစ်ပြီး Daiwa Institute of Research Ltd (DIR) ကတည်ဆောက်ရန် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး မေလ ၃၁ ရက်နေ့တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုခဲ့ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲ လျက်ရှိပြီး ကြားခံအကျိုးဆောင် အသင်း အဖွဲ့များ၊ Fun Management ကုမဏီများ ဖွဲ့စည်းခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူမှုဖူလုံရေး အာမခံထားရှိသော အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အာမခံအတွက် ဆေးကုသမှုနှုန်းများ သတ်မှတ်နိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ သတင်းရရှိသည်။ အဆိုပါ ဆေးကုသမှုစံနှုန်း များ သတ်မှတ်နိုင် ရေးအတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ နှင့် ဆေးသုတေသန ဦးစီးဌာန တို့မှ ဆရာဝန်များ ကျန်းမာရေး ဝန်ကြီးဌာန နှင့် လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူများအပြင် ပြင်ပ ပညာရှင်များလည်း ပါဝင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

အစိုးရဝန်ကြီးဌာနများတွင် ဝန်ကြီးဌာနအဆင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းပြုပြင်ပြောင်းလဲရေး လေ့လာသုံး သပ်ရေးအဖွဲ့ (Working Group) များဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ Working Group များသည် ပြည်သူလူထု၏ အကျိုးစီးပွား နှင့် လိုလားချက်များကို အဖွဲ့ငယ်များဖြင့် စုံစမ်းလေ့လာခြင်းနှင့် လုပ်ငန်းဌာနများ ၏ လုပ်ငန်းအဆင့်များ၊ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေများ၊ နည်းဥပဒေများသည် လူထုအတွက် အနှောက်အယှက် ဖြစ်နေပါက ယင်းတို့ကို ဖော်ထုတ်ပြီး ပြင်ဆင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက ဌာန/ လုပ်ငန်းများ အပြန်အလှန်စစ်ဆေးခြင်း နှင့် လျှို့ဝှက်ဖော်ထုတ် စေခြင်းတို့ ကိုလည်း ကြီးကြပ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ Working Group များအနေဖြင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ကို ပြင်ဆင်ရန်လိုအပ်ပါက ပြည်ထောင်စုဝန်ကြီးထံ တိုက်ရိုက်တင်ပြနိုင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သော မြန်မာငြိမ်းချမ်ရေးစင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် သဘောတူညီ ချက် ရရှိသွားပြီဖြစ်ရာ နောက်ဆက်တွဲလုပ်ငန်းတစ်ရပ် ဖြစ်သော မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် များလုပ်ဆောင်နိုင်ရန်အတွက် မြန်မာမိုင်းစင်တာအမည်ဖြင့် ထပ်မံဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ ဦးနေမျိုးနိုင်၏ ပြောကြားချက်မှ သိရသည်။ အဆိုပါ မြန်မာ မိုင်းစင်တာကို EU ၏ ငွေကြေးထောက်ပံ့မှုကို ခံယူကာ အစိုးရနှင့် အရပ်ဘက် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းရန် စီစဉ်ဆောင်လျက်ရှိကြောင်း သိရသည်။


ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် လုပ်ကိုင်မည့် ဟိုတယ် လုပ်ငန်း၊ သစ်ထုတ်လုပ်သည့် လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းအပါအဝင် လုပ်ငန်းငါးခုအား ထပ်မံလုပ်ကိုင် ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက်အထိ အမေရိ ကန်ဒေါ်လာသန်းပေါင်း ၄၂၄၉၆ ဒဿမ ၇၁၂ ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်း ငါးခုအား နေပြည်တော်တွင် ပြုလုပ် သည့် ၁၆/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ချပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တို့မှ သိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment