Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. လူမျိုးရေးသွေးကွဲမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအခက်တွေ့

(UPI မှ 8 July 2013 ရက်စွဲပါ “Myanmar divisions trouble ICRC” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ဘာသာရေးပြဿနာများ

(8 July 2013 ရက်စွဲပါ The Daily Star မှ Nehginpao Kipgen ရေးသားသော “Myanmar’s religious problem” ကို ဘာသာပြန်ဆိုပါသည်)

  1. တပ်မတော်က ကလေးစစ်သား ၄၂ ဦး လွှတ်ပေးခြင်းကို ကုလကြိုဆို

(UPI မှ 8 July 2013 ရက်စွဲပါ “Myanmar military release 42 child – soldiers” သတင်းကို ဘာသာပြန်ဆိုသည်)


လူမျိုးရေးသွေးကွဲမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအခက်တွေ့

(UPI မှ 8 July 2013 ရက်စွဲပါ “Myanmar divisions trouble ICRC” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဘာသာရေးအကြမ်းဖက် အဓိကရုဏ်းကြောင့် ဘေးဒဏ်သင့်နေသူများသည် ပိုမိုခွဲခြားထားခြင်း ခံရသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခက်တွေ့နေရသည်ဟု Red Cross ကြက်ခြေနီ အဖွဲ့အစည်းက ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအနောက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်မှ ဘာသာရေး အကြမ်းဖက်အဓိကရုဏ်းကြောင့် ဒုက္ခတွေ့နေသူ ခန့်မှန်းခြေ ၁၅,၀၀၀ ခန့်၏ ကျန်းမာရေး အခက်အခဲများကို တုန့်ပြန်ဖြေရှင်းပေးနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်နေ ကြောင်း နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC က ပြောကြားသည်။

ICRC ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် အေလိန်းအေရှလေမန် က “ကျယ်ပြန့်သော နယ်မြေတစ်လွှား နေထိုင် ကြသူ ထောင်ပေါင်းမြောက်များစွာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ပျက်ပြားသွားပြီဖြစ်သည်။ နှစ်ဖက်အသိုင်း အဝိုင်း သည် ကူးလူးဆက်ဆံမှု မရှိသလောက် ဖြစ်သွားကြပြီ” ဟု ကြေညာချက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ စတင်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချီးကျူးကြိုဆိုမှုကို ခံယူရရှိနေသည်။ သို့သော်လည်း ရခိုင်ပြည်နယ်ကဲ့သို့ ဒေသအချို့တွင် ဗုဒ္ဓ္ဒဘာသာ-မွတ်ဆလင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကို ယခုထက်ပို၍ ထိထိရောက်ရောက် ကိုင်တွယ်ရန် မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းတောင်းဆိုထားသည်။

“ရခိုင်ပြည်နယ်တွင် ဘာသာရေး အကွဲအပြဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခက်အခဲ ဖြစ်နေသူ မြောက်များစွာ ရှိနေပြီ” ဟု အေရှလေမန် ကဆိုပါသည်။

“နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးသွားပြီ၊ လူတော်တော်များများဟာ မရှိမဖြစ် ဝန်ဆောင်မှု Services တွေရဖို့ကို တောင် အသည်းအသန် ရုန်းကန်နေကြရတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေ ဆီကိုတောင် မသွားနိုင်လောက်အောင် ခါးသီးမှု ဒဏ်ချက်တွေက တားဆီးနေပါတယ်။” ဟု အေရှလေမန်က ဆက်လက်ပြောကြားသွားသည်။

“မြန်မာနိုင်ငံမှ ဗုဒ္ဓ္ဒဘာသာ-မွတ်ဆလင် အကြမ်းဖက်မှု လှိုင်းဂယက်များသည် ယခုအခါ မြန်မာနိုင်ငံကို ကျော်လွန်၍ ဒေသတွင်း နိုင်ငံများအထိ ရိုက်ခတ်နေပြီ ဖြစ်ရာ၊ မြန်မာ့ပြုပြင်ပြောင်းလဲရေး အနာဂါတ်အတွက် အကြီးဆုံးစိန်ခေါ်မှုအဖြစ် ကြီးထွားလာပြီ ဖြစ်သောကြောင့် ဤပြဿနာ၏ မီးမွှေးသူလက်သည်ဟု ဆိုနိုင်သော အာဏာရှင်စနစ် ပုဆိန်ရိုးများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ရန် အရေးကြီးနေပြီ” ဟု ရန်ကုန်မြို့တော်မှ အကဲခတ်လေ့လာသူများက သတိပေး ပြောကြား ကြသည်။


မြန်မာနိုင်ငံမှ ဘာသာရေးပြဿနာများ

(8 July 2013 ရက်စွဲပါ The Daily Star မှ Nehginpao Kipgen ရေးသားသော “Myanmar’s religious problem” ကို ဘာသာပြန်ဆိုပါသည်)

TIME မဂ္ဂဇင်းသည် မကြာသေးမီက မြန်မာဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ဦးဝီရသူအား “ကြောက်စရာကောင်း သည့် ဗုဒ္ဓဘာသာ မျက်နှာတစ်ခု” (The Face of Buddhist Terror) အဖြစ် ပုံဖော်ခဲ့ပါသည်။ အဆိုပါ ဆောင်းပါးသည် အငြင်းပွားစရာများနှင့် အကဲဆတ်သည့် အရေးကိစ္စဖြစ်ခြင်းကြောင့် မြန်မာအစိုးရက အဆိုပါ မဂ္ဂဇင်းကို ပိတ်ခဲ့ပါသည်။

ဦးဝီရသူ၏ အမည်ကို ယခုအခါများတွင် ရယ်ဒီကယ်အတွေးအခေါ်များနှင့် ဆက်စပ်နေသည်ဟု အဓိပ္ပာယ် ဖော်ရ မည်ဖြစ်ပါသည်။ သူသည် ၂၀၀၁ ခုနှစ်ကတည်းက မွတ်ဆလင်များက မြန်မာနိုင်ငံကို သိမ်းပိုက်လိမ့်မည် ဟု သတိပေး ခဲ့ပါသည်။ ၎င်း၏ ရယ်ဒီကယ် အိုင်ဒီယာများပါသော တရားများဟောကြားမှုကြောင်း ၂၀၀၃ ခုနှစ် တွင်ထောင်ချခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာခဲ့ပါသည်။

ဦးဝီရသူသည် ထောင်မှလွတ်ကတည်းက မွတ်ဆလင် ဆန့်ကျင်ရေးတရားများကို ဆက်တိုက်ဟောခဲ့ပါသည်။ သူသည် ၉၆၉ လှုပ်ရှားမှုများတွင် ပါဝင်သော ဘုန်းတော်ကြီးများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ အဆိုပါ လှုပ်ရှားမှုက မွတ်ဆလင်လူနည်းစုသည် မြန်မာလူမျိုးစစ်စစ်ဖြစ်ရေးနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု သတိပေး ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုက ဗုဒ္ဓဘာသာဝင်များကို မွတ်ဆလင်များနှင့် စီးပွားရေး မလုပ်ရန်နှင့် ဗုဒ္ဓဘာသာဆိုင်များကိုသာ အားပေးရန် လှုံဆော်ခဲ့ပါသည်။

ဦးဝီရသူ သည် မျိုးစောင့်ဥပဒေကို အဆိုပြုခဲ့ပြီး၊ အဆိုပါဥပဒေအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့် အခြားဘာသာဝင်သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ဆိုပါသည်။အကယ်၍ အဆိုပါ မူကြမ်းသည် ဥပဒေ ဖြစ်လာပါက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးသည် မွတ်ဆလင်တစ်ဦးအား လက်ထပ်မည်ဆိုပါက မိဘများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူ များကို ပထမတင်ပြရမည်ဟု ဖော်ပြထားပါသည်။ ထိုသို့ မလုပ်ဆောင်ပါက ထောင် (၁၀) နှစ် ချမှတ်ခံရမည်ဖြစ်ပြီး၊ ပစ္စည်း များ သိမ်းခံရမည် ဖြစ်ပါသည်။

အစိုးရ၏ အနေအထားမှာမူ ဦးဝီရသူ ၏ မွတ်ဆလင်များအပေါ် Hate Speech များနှင့် ပတ်သက်၍ စွပ်စွဲချက်များ အပေါ် အရေးမယူရခြင်းမှာ သံဃာ့နာယကအဖွဲ့သို့ တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများမှ တိုင်ကြားမှုများ မရှိသော ကြောင့် ဟုဆိုပါသည်။

ယခု ကိစ္စတွင် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ဘာတွေလုပ်ပေးရန် လိုအပ်သနည်း။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အားပေးရမည်ဆိုသော်လည်း အခြားဘာသာရေး အုပ်စုများ၏ ခံစားမှုအမြင်ကို ထိခိုက်စေမည့် ထုတ်ဖော် ချက်များကို စောင့်ကြည့်သင့်ပါသည်။ ထိုနည်းတူစွာပင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း ကျင့်သုံးရမည် ဖြစ်ပြီး၊ အခြား ယုံကြည်ကိုးကွယ်မှုများကို လေးစားကြောင်း ပြသရန် လိုအပ်ပါသည်။

အစိုးရအနေဖြင့် ချက်ခြင်း အရေးယူ လုပ်ဆောင်သင့်သည်မှာ မဝေးတော့သည့် အနာဂတ်တွင် ရယ်ဒီကယ် အစိတ် အပိုင်းများထံမှ ဖြစ်လာနိုင်သော အန္တရာယ်များမှန်သမျှကို ထိန်းချုပ်ထားရန် ဖြစ်ပါသည်။ အစိုးရအနေဖြင့် ညီတူညီမျှ ကိုင်တွယ်မည့်မူကို ကျင့်သုံးသည့် ပွင့်လင်းမြင်သာသော တရားစီရင်ရေးစနစ်အတွက် သုံးသပ်မှုများ ပြုသင့်ပါသည်။

အစိုးရသည် ရိုဟင်ဂျာ (ဘင်္ဂါလီ) မွတ်ဆလင်လူဦးရေအတွက် တရားဝင်အနေအထားရရှိရေးကို ခိုင်မာသော မူဝါဒ နှင့် အစီအစဉ်များချမှတ် ကိုင်တွယ်သင့်ပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ကိုက်ညီသော တစ်ဦးချင်းကို တိုင်းပြည်ရှိ အခြားအုပ်စုများကဲ့သို့ပင် နိုင်ငံသားဖြစ်ခွင့်အပြည့်အဝ ခွင့်ပြုသင့်ပါသည်။ ၎င်းကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ် ခြင်းနည်းဖြင့်လည်း လုပ်ဆောင်နိုင်ပါသည်။

အခြားပြဿနာကို ကုစားမည့် မူဝါဒများတွင် ရိုဟင်ဂျာမွတ်ဆလင်များနှင့် ရခိုင်၊ဗုဒ္ဓဘာသာများ ကြားနှင့် မြန်မာ ပြည်သူများကြား တဖြည်းဖြည်း ဆက်ဆံရေး တိုးတက်ရေးလာရေး ပါဝင်ပါသည်။ သမိုင်းကြောင်းအရ ရိုဟင်ဂျာ များသည် သီးသန့် နေထိုင်ခဲ့ခြင်းများရှိသဖြင့် ပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံရေးအရ ပေါင်းစည်းရေးသည် ကြီးမားသော စိန်ခေါ်မှု ဖြစ်လိမ့်မည် ဖြစ်ပါသည်။


တပ်မတော်က ကလေးစစ်သား ၄၂ ဦး လွှတ်ပေးခြင်းကို ကုလကြိုဆို

(UPI မှ 8 July 2013 ရက်စွဲပါ “Myanmar military release 42 child – soldiers” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့တပ်မတော်မှ ကလေးစစ်သား ၄၂ ဦး လွှတ်ပေးခဲ့ခြင်းကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး စစ်သား ငယ်ငယ် လေးများ အားလုံးကို လွှတ်ပေးဖို့ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါသည်။

တနင်္ဂနွေနေ့က အစိုးရ အကြီးတန်းတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်များ နှင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေး တာဝန်ခံတို့ တက်ရောက်ခဲ့ကြသော အခမ်းအနားတွင် အဆိုပါ ကလေးစစ်သားများကို မိသားစုများထံ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

၂၀၁၂ တွင် ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးခဲ့သော အစီအစဉ်အရ တပ်မတော်က စုဆောင်းထားသော အရွယ်မ ရောက်သေးသူ ကလေးအားလုံးအား ရှာဖွေစိစစ်၍ လွှတ်ပေးရန်နှင့် ၎င်းတို့၏ မိသားစု ဆွေမျိုး၊အသိုင်းအဝိုင်းထံ မြန်မြန်ဆန်ဆန် ပြန်လည်ပေါင်းစည်မှု ချောမွေ့စေရန် မြန်မာအစိုးရ သဘောတူထားခဲ့သည်။

၂၀၀၉ ဧပြီမှ ၂၀၁၂ ဒီဇင်ဘာအထိ အရွယ်မရောက်သေးသူ စစ်သားစုဆောင်းမှုပေါင်း ၇၇၀ ခန့်ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က စုံစမ်းတွေ့ရှိခဲ့သော်လည်း အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိကြောင်း ကလေး သူငယ် အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြသည်။

“တပ်မတော်ဟာ ကလေးအားလုံး လွှတ်ပေးမယ့် အစီအစဉ်ကို အရှိန်မြှင့်ဖို့ အဆင်သင့် ဖြစ်တော့မယ်လို့ ကျွန်တော် တို့ မျှော်လင့်ပါတယ်။ ဒီနေ့ လွှတ်ပေးလိုက်တဲ့ ကလေး ၄၂ ဦးနဲ့ သူတို့ မိသားစုတွေအတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင် မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး အရှိန်မြှင့်ရဦးမှာပါ။ ဒါမှသာ လွတ်မြောက်ပျော်ရွှင်ရမယ့် ကလေးတွေ ပိုများ လာမှာပါ။” ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးတာဝန်ခံ အေရှော့နီဂမ်က ပြောကြားပါသည်။

ကုလနှင့် မြန်မာအစိုးရတို့ သဘောတူထားသော အစီအစဉ်တွင် ကလေးသူငယ်တို့၏ အခွင့်အရေးကို မည်သို့မည်ပုံ ပိုမိုကာကွယ် လေးစားမြှင့်တင်ပေးနေသလဲ ဆိုသည်ကို လေ့လာနိုင်ရန်အတွက် တပ်မတော်ဌာနများ၊ လေ့ကျင့်ရေး သင်တန်း များသို့ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား သွားရောက်ကြည့်ရှု ခွင့်ပြုရန် ကတိပေး တာဝန်ခံထားသည့် အချက်များ ပါဝင်သည်ဟု Unicef တာဝန်ရှိသူများက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment