Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အစွန်းရောက်ဗုဒ္ဓဘာသာအယူဝါဒကြောင့် မြန်မာတွင် ဂိုဏ်းဂဏကွဲမှုများဖြစ်ပေါ်

(Hindustan Times မှ 9 July 2013 ရက်စွဲပါ Sectarian divide in Myanmar driven by radical Buddhism ကိုဘာသာပြန်ဆိုသည်)

  1. ရိုပာင်ဂျာတို့ကို သြစတြေးလျ ကူညီမည်ဖြစ်သော်လည်း အခြေချနေထိုင်စေမည်မပာုတ်

(Bernama News မှ 10 July 2013 ရက်စွဲပါ “Foreign Minister: Australia will help Rohingya but not resettle them”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဗုဒ္ဓဂါယာ ဗုံးပေါက်မှု ရိုဟင်ဂျာများအပေါ် ထောက်လှမ်းရေး ဗျူရိုက သံသယရှိ

( 9 July 2013  ရက်စွဲပါ  Hindustan Times Rohingya cause behind Bodh Gaya serial blasts, suspects IB  ကို ဘာသာပြန်ပါသည်)

  1. ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍  အိန္ဒိယ၊ မြန်မာ ဆွေးနွေး

(The Asian Age  မှ 9 July 2013  ရက်စွဲပါ “ India, Burma discuss blasts ”သတင်းကို ဘာသာပြန်ဆိုသည်)


အစွန်းရောက်ဗုဒ္ဓဘာသာအယူဝါဒကြောင့် မြန်မာတွင် ဂိုဏ်းဂဏကွဲမှုများဖြစ်ပေါ်

(Hindustan Times မှ 9 July 2013 ရက်စွဲပါ Sectarian divide in Myanmar driven by radical Buddhism ကိုဘာသာပြန်ဆိုသည်)

နာမည်ကျော် ရော့ခ်စတားတစ်ဦးကဲ့သို့ နောက်လိုက်ပရိတ်သတ်များစွာရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ သည် သူ၏ တပည့် ဒကာ၊ ဒကာမများကို မျက်နှာမူကာထိုင်လျက်ရှိသည်။ ဒကာ၊ဒကာမများက သြကာသရွတ်ဆိုတာ ကံသုံးပါးဖြင့်ကျူးလွန်ခဲ့သော အပြစ်များပပျောက်စေရန် သြကာသရွတ်ဆိုကန်တော့ပြီးနောက် ဦးဝီရသူက မြန်မာနိုင်ငံမှ လူနည်းစုများဖြစ်သည့် မွတ်စလင်လူမျိုးများ ဆန့်ကျင်ရေး ဟောပြောမှုများကို စတင်တော့သည်။ ဦးဝီရသူက မွတ်စလင်များကို “ရန်သူ” ဟု ခေါ်သည်။

“သင်တို့အနေနဲ့ ကြင်နာတရားနဲ့ မေတ္တာတရားတွေအပြည်အဝထားနိုင်ကြလိမ့်မယ်။ ဒါပေမဲ့ ခွေးရူးတစ်ကောင်ရဲ့ ဘေးမှာတော့အိပ်လို့ရမှာမဟုတ်ပါဘူး” ဟု ဦးဝီရသူက မွတ်စလင်များကို ရည်ညွှန်းပြောဆိုသည်။

“သူတို့ကို ပြဿနာရှာသူတွေလို့ ကျုပ်ကခေါ်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပြဿနာ ရှာကြတဲ့သူတွေဖြစ်လို့ပဲ။ ကျုပ်ကတော့ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တစ်ဦးလို့ အခေါ်ခံရတာကို ဂုဏ်ယူမိတယ်” ဟု ဦးဝီရသူက ၂ နာရီကြာမျှဟောကြားသည့် တရားပွဲတွင် ထည့်သွင်းပြောကြားသည်။

ဤကမ္ဘာကြီးသည် ဗုဒ္ဓဝါဒ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်ကို ကောင်းစွာသိရှိနားလည်သဘောပေါက်ထားပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ဒလိုင်းလားမားပြောဆိုအဓိပ္ပာယ်ဖွင့်ခဲ့သော အကြင်နာမေတ္တရားများကိုလည်း တစ်ကမ္ဘာလုံးကသိထားပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ကမ္မဋ္ဌာန်းတရားရှုမှတ်မှုမှာလည်း တစ်ကမ္ဘာလုံးတွင် လူကြိုက်များလျက်ရှိသလို အရှေ့တောင်အာရှဒေသမှ ဘုန်းတော်ကြီးများကို အာရုံကျင်းချိန်တွင် ဆွမ်းလောင်း လှူနေပုံများပါဝင်သည့် ပို့စကတ်များကိုလည်း လူကြိုက်များကြသည်သာဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း အမျက်ဒေါသထွက်နေသည့် ဗုဒ္ဓဘာသာဝင်များ ဓားရှည်များ ကိုင်ဆောင် ထားပုံများ၊ ဦးဝီရသူကဲ့သို့သော ပုဂ္ဂိုလ်များ၏ အမုန်းတရားကြီးထွားစေမည့် ဟောပြောမှုများက မြန်မာနိုင်ငံတွင်း အစွန်းရောက်ဗုဒ္ဓဘာသာတရား ကြီးထွားနေမှုကို မီးမောင်းထိုးပြခဲ့သည်။ ဗုဒ္ဓဘာသာဝင်များဦးဆောင်သည့် လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများက မွတ်စလင် ၂၀၀ ကျော်သေဆုံးစေခဲ့ပြီး ၁၅၀၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

ဦးဝီရသူကမူ အဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှုမရှိကြောင်းငြင်းဆိုသည်။ သို့သော် သူ့ကို ဝေဖန်ပြောဆိုသူများ အဆိုအရ သူ၏ မွတ်စလင်မုန်းတီးရေးဟောပြောမှုများက ဆူပူအကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည်ဟု သိရသည်။

ယမန်နှစ်အတွင်း မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကိုကြည့်မည်ဆိုပါက မြန်မာ့လူ့အဖွဲ့အစည်းသည် တစ်ပြည်လုံးအတိုင်းအတာဖြင့် ထွက်ပေါ်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုကြီးထဲသို့ ဝင်ရောက် သွားခဲ့သည်ကိုတွေ့ရသည်။ အဆိုပါလှုပ်ရှားမှုက ယခုအခါ မွတ်စလင်တို့ရောင်းချသော ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲမှုမပြုရန် တားမြစ်လျက်ရှိသည်။ ထိုသို့ မွတ်စလင်ဆန့်ကျင်ရေးသတင်းစကားများမှာ တစ်ပြည်လုံးအတိုင်းအတာဖြင့် ပျံ့ နှံ့လျက်ရှိသည်။ မွတ်စလင်မုန်းတီးရေးပြောဆိုမှုများ၊ ထိုသို့ဟောပြောမှုများပါဝင်သည့် ဒီဗီဒီခွေများမှာ လူထောင်ပေါင်းများစွာအကြား ပျံ့နှံ့လျက်ရှိသည်။ အဆိုပါ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်နေသော ဘုန်းကြီးကျောင်းများတွင်လည်း သင်ကြားပို့ချမှုစင်တာများဖွင့်လှစ်ကာ ဗုဒ္ဓဘာသာကလေးငယ် ၆၀၀၀၀ ခန့်ကို မွတ်စလင်မုန်းတီးရေးဟောပြောမှုများပြုလုပ်လျက်ရှိသည်။

အမုန်တရားများပြည့်နှက်နေသည့် ဟောပြောမှုများနှင့် အကြမ်းဖက်မှုများက မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်အပေါ် အန္တရာယ်ကျရောက်စေခဲ့သည်။ ထို့ပြင် မွတ်စလင်ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်မှုများ အပေါ်  အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရည်အချင်းနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုမှ အရှင်စန္ဒာဝီရက မြန်မာနိုင်ငံတွင်ရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး များတွင် သဘောထားအစွန်းရောက်သူနှင့် သဘောထားအလယ်အလတ်ရှိသူဟူ၍ နှစ်ပိုင်းကွဲလျက်ရှိသည်ဟုဆိုသည်။

အရှင်စန္ဒဝီရက မိမိကိုယ်ကိုယ်မိမိ သဘောထားအလယ်အလတ်ရှိသူအဖြစ်ရှုမြင်သည်။ သို့သော် လူ့အဖွဲ့အစည်း တွင်းရှိ မွတ်စလင်များအပေါ် ၎င်းကလွန်စွာသံသယဖြစ်လျက်ရှိသည်။ မိမိအနေဖြင့် မွတ်စလင်များကိုကြောက်ရွံ့မိကြောင်း၊ အကြောင်းမှာ မွတ်စလင်လူဦးရေသည် အဆမတန်တိုးပွားလာလျက်ရှိသောကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

ဦးဝီရသူသည်လည်း ထိုသို့သော စိုးရိမ်ထိတ်လန့်မှုမျိုးဖြစ်နေသည်။ ၎င်းတို့၏ အဆိုအရ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လာသော လူဦးရေဖိအားများဟု သိရသည်။

မြန်မာပြည်သူအတော်များများကမူ ဦးဝီရသူသည် သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာဝင်များနှင့် မဟာမိတ် ဖွဲ့ထားကြောင်း၊ ၎င်းတို့က လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အမျိုးသားလှုပ်ရှားမှုများပြုလုပ်လိုကြောင်း ထင်ကြေးပေး ပြောဆိုလျက်ရှိသည်။ ဦးဝီရသူကမူ ထိုသို့ချိတ်ဆက်မှုများမရှိပါကြောင်း ငြင်းဆိုထားသည်။

သို့သော် မြန်မာအစိုးရအနေဖြင့် ဦးဝီရသူ၏ လုပ်ရပ်များကို ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အနည်းငယ်သာ လုပ်ကိုင်ခဲ့သည်။ ဦးဝီရသူ တောင်ကြီးမြို့သို့ လာရောက်သောအခါ သူ၏ မော်တော်ယာဉ်တန်းကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးကြသည်။

ဦးဝီရသူ၏ အမျိုးသားရေးလှုပ်ရှားမှုကို ၉၆၉ လှုပ်ရှားမှုဟုခေါ်သည်။ ၉၆၉ အမှတ်တံဆိပ်ပါ စတေကာများကို မြန်မာပြည်တစ်ဝန်းရှိ မော်တော်ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင်တွေ့ရသည်။ ယခုအခါ ၉၆၉ လှုပ်ရှားမှုသည် ဘာသာမတူသူချင်းလက်ထပ်ထိမ်းမြားမှုနှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင်ရန် လက်မှတ်ထိုးဆန္ဒကောက်ခံမှုများ ပြုလုပ်လျက်ရှိပြန်သည်။ မွတ်စလင်စားသောက်ဆိုင်များကို အားမပေးကြရန်လှုံ့ဆော်ထားသည့် လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေလျက်ရှိသည်။

ဦးဝီရသူစီးနင်းလာသည့် မော်တော်ယာဉ်တန်း တောင်ကြီးမြို့ထဲသို့ရောက်ရှိလာစဉ် ၎င်းနှင့်အတူ မော်တော် ဆိုင်ကယ်အစီး ၆၀ ကျော်ခန့်ကလည်း ဟွန်းများအဆက်မပြတ်တီးကာလိုက်ပါလာသည်။ ၎င်းတို့ရောက်ရှိလာပြီးနောက် ၂  နာရီ အကြာခန့်တွင် တောင်ကြီးဈေးထဲ၌ ဈေးရောင်းသူ မွတ်စလင်တစ်ဦးဖြစ်သည့် ထွန်းထွန်းနိုင်က ယခုလို တိုးတိုးလေးပြောသည်။

“ကျွန်တော် တကယ်ကြောက်တယ်ဗျာ။ကလေးတွေကိုပြောထားတယ် မလိုအပ်ဘဲအပြင်မထွက်ကြဖို့”


ရိုပာင်ဂျာတို့ကို သြစတြေးလျ ကူညီမည်ဖြစ်သော်လည်း အခြေချနေထိုင်စေမည်မပာုတ်

(Bernama News မှ 10 July 2013 ရက်စွဲပါ “Foreign Minister: Australia will help Rohingya but not resettle them”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အဖိနှိပ်ခံ ရိုပင်ဂျာများထက် သြစတြေးလျားအထောက်အပံ့ ပိုမိုရရှိသော လူမျိုးစု အနည်းငယ်သာ ရှိမည်ဖြစ်သော်လည်း ကူညီမည့်နည်းလမ်းမှာ ၎င်းတို့ကို သြစတြေးလျားတွင် ပြန်လည်အခြေချနေထိုင်စေမည့် ပုံစံမပာုတ် ကြောင်း သြစတြေးလျားနိုင်ငံခြားရေးဝန်ကြီး ဘော့ကားက ပြောကြားလိုက်သည်။

မူလက ဘင်္ဂလားဒေ့ရှ် မျိုးရင်းဖြစ်သော နိုင်ငံမဲ့ ရိုပာင်ဂျာ ၈၀၀,၀၀၀ ခန့်သည် ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ခံရခြင်း ကြောင့် ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှုတို့ကို ထုံးစံသဖွယ် ပုံမှန်ကြုံတွေ့နေရသည်ပာု ဘော့ကားကဆိုပါသည်။

“တကယ်လို့ ကျွန်တော်တို့ဒေသတွင်းမှာ ဒုက္ခတွေ့နေသူတွေအားလုံးကို ခင်ဗျားကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကူအညီကို ရိုပာင်ဂျာတွေထက် ပိုရတဲ့သူ အနည်းငယ်သာရှိတာကို တွေ့ရမှာပါ”ပာု ၎င်းက Sky News သို့ ပြောကြား သည်။

သြစတြေးလျားနိုင်ငံသည် ရိုပာင်ဂျာတို့ သိသိသာသာ အကူအညီပေးလျက် ရှိသော်လည်း သြစတြေးလျားတွင် ၎င်းတို့ အခြေချနေထိုင်ကြမည်မပာုတ်ပာု ဘော့ကားက ရှင်းလင်းပြောဆိုသည်။

“အခြေချနေထိုင်ခွင့်ကို ကျွန်တော်တို့ မစဉ်းစားပါဘူး။ ဒီကိစ္စက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မပာာမင်းကြီးရုံး UNHCR ရဲ့ ဦးစားပေးမူဝါဒတွေအတိုင်း ဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့ ပြောချင်တာပါ။ မြန်မာနိုင်ငံထဲမှာပဲ ကောင်းမွန်တဲ့ ဖြေရှင်းနည်းကို ရှာတွေ့ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ခိုလှုံခွင့်တောင်းထားသူတွေကို ကျွန်တော်တို့ ခေါ်ယူ လက်ခံ တာမျိုး မရှိပါဘူး”ပာု ၎င်းကဆက်လက်ပြောကြားသည်။

“ခိုင်မာသော နိုင်ငံရေးပြေလည်မှု ရရှိအောင် မြန်မာအစိုးရကို တိုက်တွန်းအားပေးရေးကိုသာ မိမိတို့ အာရုံစိုက် သွားမည်”ပာု ဘော့ကားက ဆိုပါသည်။

“ဒီလိုနိုင်ငံတွေမှာ သြစတြေးလျားက တိုက်တွန်းအားပေးနေတဲ့ ပြန်လည်သင့်မြတ်မှုနဲ့ ထင်သာမြင်သာတဲ့ သြစတြေးလျား ကယ်ဆယ်ရေး အထောက်အပံ့တွေပာာ ကွဲပြားတဲ့ အပြောင်းအလဲကို ပြုလုပ်နိုင်တယ်။ ဒါပာာ ကမ္ဘာကြီးရဲ့ ဒုက္ခဘုံတွေကို သြစတြေးလျားက ဖိအားပေးတဲ့နေရာမှာ၊ သြစတြေးလျားမှာ အလွယ်တကူ အခြေချနေထိုင်စေတာထက် ပိုမိုပြီးကောင်းမွန်တဲ့ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်”ပာု ဘော့ကားက ရှင်းလင်းပြောကြားသည်။

 


ဗုဒ္ဓဂါယာ ဗုံးပေါက်မှု ရိုဟင်ဂျာများအပေါ် ထောက်လှမ်းရေး ဗျူရိုက သံသယရှိ

( 9 July 2013  ရက်စွဲပါ  Hindustan Times Rohingya cause behind Bodh Gaya serial blasts, suspects IB  ကို ဘာသာပြန်ပါသည်)

ဗုဒ္ဓဂါယာမှ ဗုံးခွဲမှုများသည် ဆော်ဒီအာရေဗျနိုင်ငံ  Jeddah  တွင် ကျင်းပမည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ အသိုင်းအဝိုင်း၏ ဆိုးရွားသော အခြေအနေကို မီးမောင်းထိုးပြမည့် နိုင်ငံတကာ ကွန်ဖရင့်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ပေလော။

ဗုံးဖောက်ခွဲမှုများသည် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများရှိကြောင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ ဆန့်ကျင်ကြောင်း အိန္ဒိယ မူဂျာဟီဒင်(IM)များ၏ လက်ရာဖြစ်မည်ဟု လုံခြုံရေး အေဂျင်စီများက သံသယရှိနေကြပါသည်။

တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံ  Jeddah   တွင် ရခိုင် ရိုဟင်ဂျာ ယူနီယမ် (Arakan Rohingya Union  - ARU)က ကွန့်ဖရင် တစ်ရပ်စတင်ကျင်းပရာ ၄င်းတို့သိုင်းအဝိုင်း၏ ဆိုးရွားသော အခြေအနေနှင့်  ကမ္ဘာတစ်လွှား ရိုဟင်ဂျာကို တရားဝင်ကိုယ်စားပြုနိုင်ရေးများကို ရည်ရွယ်ကျင်းပခဲ့ပါသည်။

အဆိုပါ ကွန့်ဖရင်ကို အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ယခု ကွန့်ဖရင့်မှာ  ARU ကို  ၂၀၁၁ခုနှစ် မေလ ၃၁ ရက်နေ့ စတင်ဖွဲ့စည်း ပြီး ကတည်းက ဒုတိယအကြိမ်ဖြစ်ပါသည်။

သို့သော် ထောက်လှမ်းရေးဗျူရိုသည်  IM အပေါ်တွင်သာ ရေဒါဖွင့်ထားသည်မဟုတ်ပဲ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organisation – RSO)အပေါ်တွင်လည်း စောင့်ကြည်လျှက်ရှိပါသည်။ RSO သည် တောင်အာရှ အကြမ်းဖက် လှုပ်ရှားမှုတွင် ကြိုးကိုင်သူဟု စွပ်စွဲမှုများ ရှိပြီး၊ အာဆီယံနိုင်ငံများတွင် ပြောက်ကြား တိုက်ခိုက်မှုများဖြင့် မတည်ငြိမ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။

“ကျွန်တော်တို့ရဲ့ RSO အပေါ် စိတ်ဝင်စားမှုက သူကို တည်ထောင်တဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ မော်လနာအဏ္ဏဝါနဲ့ ဒေါက်တာယူနွတ်တို့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ကို ပြန်ရောက်နေတယ်လို့ ကျွန်တော်တို့ မိတ်ဆွေ  R t AW ထံမှ သတင်းများ ဇန်နဝါရီလဆန်းမှာ ဆက်တိုက်ဝင်လာကတည်းက ဖြစ်ပါတယ်”ဟု ထောက်လှမ်းရေးဗျူရိုတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

စစ်အစိုးရပ ၄င်းတို့အုပ်စုများကို နှိပ်ကွပ်မှုများ ပြုခြင်းကြောင့် ၄င်းတို့ နှစ်ဦးသည် လန်ဒန်နှင့် ဆော်ဒီအာရေဗျသို့ ထွက်ပြေးခဲ့ကြပါသည်။ ၄င်းတို့သည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  Marichar   နယ်တွင် စစ်ရေးလေ့ကျင်မှုများ လုပ်ဆောင် နေကြောင်း ထောက်လှမ်းရေးဗျူရိုက ရှင်းပြပါသည်။

“သူတို့ကို လေ့ကျင့်ပေးနေသူတွေကတော့ ဥစ္စဘက်ကစ္စတန် အစ္စလာမ်လှုပ်ရှားမှု (IMU) နဲ့ ကာဇက်စ္စတန်အစ္စလာမ် လှုပ်ရှားမှု (IMK) တို့က ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်က  Hafiat- e –Islam နဲ့  ISI နောက်ခံပြု  Lashkar- e – Taiba တို့ကလည်း ကူညီကြပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောပါသည်။


ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍  အိန္ဒိယ၊ မြန်မာ ဆွေးနွေး

(The Asian Age  မှ 9 July 2013  ရက်စွဲပါ “ India, Burma discuss blasts ”သတင်းကို ဘာသာပြန်ဆိုသည်)

ဗုဒ္ဓဘာသာ ဘုရားဖူးမြို့ ဗုဒ္ဓဂါယာတွင် ဗုံးများပေါက်ကွဲခဲ့သောဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် မွတ်ဆလင်များ အကြမ်းဖက်ခံရခြင်းအပေါ် တုန့်ပြန်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည် ဟူသော သတင်းများနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက တနင်္လာနေ့တွင် မြန်မာနိုင်ငံနှင့် ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားဌာနဆိုင်ရာ ညှိနှိုင်းမှုများအတွက် လက်တလော မြန်မာနိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံခြားရေး အတွင်းဝန်ရာဂျန်မာထိုင်းသည်  တနင်္လာနေ့က  အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံ၍ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု တရားဝင်သတင်းများက ဆိုပါသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု ရလာဒ်များးကို မြန်မာနိုင်ငံသို့ အသိပေးသွားမည်ဟု မစ္စတာ မာထိုင်းက မြန်မာခေါင်းဆောင်များကို ပြောကြားခဲ့ပြီး၊ လုံခြုံရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို လိုအပ်ကြောင်း ကိုနှစ်ဖက်စလုံးက အလေးထားပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် များစွာတုန်လှုပ်ကာ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး မစ္စတာမာထိုင်းကလည်း ဗုဒ္ဓဂါယာကို အေးချမ်းသောနေရာအဖြစ် ထိန်းသိမ်းရန် အိန္ဒိယနိုင်ငံက တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာမခံပြောကြားသည်။

ဗုံးပေါက်ကွဲသောနေရာသည် အန္တရာယ်မရှိတော့ပဲ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း မစ္စတာ မာထိုင်းက ဆက်လက်ပြောကြားသည်။

မစ္စတာမာထိုင်းသည် မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်(ကာကွယ်ရေး ဦးစီးချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် ပတ်သက်၍ အမြင်ခြင်း ဖလှယ်ခဲ့သည်ဟု သိရှိရသည်။


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment