Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံမှာဆိုရင် အစိုးရနဲ့ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် အစိုးရပဲ ဖြေရ တယ်။ ဥပမာကာ/လုံနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက် ဘာလို့မရှိလဲဆိုရင် အစိုးရပဲမေးရမှာပေါ့။ ကာ/လုံ အဖွဲ့ဝင် အများ စုက အစိုးရအဖွဲ့ဝင်တွေပဲ။ လွှတ်တော်ထဲက ပါတာက ဥက္ကဋ္ဌနှစ်ယောက်ပဲလေ။ ဘယ်လိုအဖြေပဲဖြစ်ဖြစ်၊ မတွေ့ဘူး ပြော ပြော၊ တွေ့မယ်ပြောပြောပေါ့နော်။ အကြောင်းပြချက် ရှိရမယ်။ မတွေ့ဘူးဆိုရင် ဘာကြောင့်ဆိုတာ ပြောနိုင်ရမယ်။ မတွေ့ချင် လို့ မတွေ့ဘူးဆိုတာတော့ လုံလောက်တဲ့အကြောင်းပြချက်မပာုတ်ဘူး။ တာဝန်သိသိနဲ့တော့ ဖြေရမယ်”

ဇူလိုင်လ ၁၂ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အုပ်ချုပ်ရေးပိုင်အပေါ် လွှတ်တော်သြဇာ ပိုရှိရန်လိုပာု ဒေါ်အောင်ဆန်းစုကြည်ဆို”သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရှေ့အလယ်ပိုင်း နိုင်ငံတွေကပဲဖြစ်ဖြစ်၊ မြန်မာသံရုံးမရှိတဲ့ နိုင်ငံတွေကပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာဖို့ ဗီဇာ လျှောက်မယ် ဆိုရင် မြန်မာသံရုံးရှိတဲ့ အနီးဆုံးနိုင်ငံမှာသွားပြီးတော့ လျှောက်ထားရမယ်။ ဗီဇာလျှောက်ရင်တော့ နိုင်ငံကူးလက်မှတ်မှာ ပါတဲ့ အချက်တွေအပြင် မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်၊ ဘာကြောင့်လာတယ်၊ ဘယ်မှာတည်းမယ် စတဲ့အချက်တွေ ကို ဖြည့်ရတယ်။ အရင်ကတော့ အချက် ၃၁ ချက်လောက်ဖြည့်တယ်။ အခုတော့ သာမန်အဆင့်လောက်ပဲ ဖြည့်ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားဝန်ကြီးဌာန အနေနဲ့လည်း တိုင်းပြည်လုံခြုံရေး အတွက် ဗီဇာ ပေးတဲ့အခါမှာ စောင့်ကြည့်ရမယ့် နာမည်စာရင်းတွေကို အရင်အတိုင်းပဲ စစ်ဆေးပြီးတော့ ဆောင်ရွက် နေပါတယ်။ စောင့် ကြည့်ရမယ့်စာရင်းထဲမှာ မပါဘူးဆိုရင်တော့ ဗီဇာထုတ်ပေးသွားမှာပါ”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “မြန်မာနိုင်ငံ၏ အဓိက ဝင်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အစ္စလာမ္မစ်နိုင်ငံများမှ ဝင်ရောက်လာသူ များအား အဓိက ထားစစ်ဆေးပာုဆို”သတင်းမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွှန့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဗပာိုဘဏ်ရဲ့မူဝါဒကတော့ အင်လိုင်းဖြစ်ဖို့လိုတယ်။ မူဝါဒတွေကို လျှောက်ပြီး ချမှတ်လို့မရဘူး။ ပြည်သူတွေရဲ့လက်ထဲမှာ ငွေကြေးက ဘယ်လောက်သုံးစွဲနေတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းထားက ဘယ်လိုမျိုးဖြစ်နေတယ်။ မှားနေရင် ဘယ်လိုပြင်ရ မယ်။ အဲဒါတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့လိုတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်ရဲ့ အရန်ငွေက ဘယ်လောက်ရှိ တယ်။ ငွေကြေးနဲ့ရွှေက ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူကိုကြေညာပေးရမယ်။ ဗပာိုဘဏ် ဆိုတာကတော့ ပွင့်လင်းရ မယ်။ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်းတက်တာတွေကိုကြည့်ပြီး ငွေစက္ကူကို ဘယ်လိုမျိုး ရိုက်ထုတ်ရမယ်ဆိုတာကို သိရမယ်။ ငွေစက္ကူရိုက်ထုတ်မယ်ဆိုရင်လဲ ကမ္ဘာ့ငွေကြေး အနေအထားကိုကြည့်ပြီး လုပ်ရမယ်။ လက်ရှိကမ္ဘာ့ဘဏ်နဲ့ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တွေရဲ့ အကူအညီကိုယူပြီး လုပ်ရမယ်။ ဗပာိုဘဏ် သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေက ငွေကြေးလည်ပတ်မှု ကောင်းမွန်ပြီးတော့ တိုင်းပြည်စီးပွားရေး ကောင်းမွန်တယ်။ နောက်တစ်ခုကတော့ ဗပာိုဘဏ်ကနေ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးပြီးတော့မှ သူတို့ကို ဥပဒေမပာုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုင်တွယ်ပြီးမှ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်သင့်တယ်”

ဇူလိုင်လ ၁၂ ရက်နေ့ထုတ် Yangon Time နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ဗပာိုဘဏ်မှ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ငွေကြေးနှင့် ဘဏ္ဍာရေမူဝါဒကို ကိုင်တွယ်ပါက ပြည်တွင်းစီးပွားရေး လုပ်ငန်းများ နှစ်အနည်းငယ်အ တွင်း ဦးမော့လာနိုင်”သတင်းမှ စီးပွားရေးပညာရှင် ဦးလှမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“မြန်မာနိုင်ငံကို လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးပဋိပက္ခ အစွန်းရောက် အကြမ်းဖက်သမားတွေ၊ တိုက်ခိုက်ရေး သမားတွေလို့ ပုတ်ခတ်တယ်။ သူတို့ပြောခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးပဋိပက္ခ သက်သာခွင့်ရတဲ့ စကားလုံးမျိုး တစ်ခုမှ မပာုတ်ပါ ဘူး။ မီးထိုး၊ မီးရှို့လှုံဆော်နေတဲ့ နိုင်ငံမပာုတ်ပါဘူး။ ငြိမ်းသက်နေတဲ့ နိုင်ငံပါ။ သူတို့ရဲ့ အခက်အခဲတွေ ဖြေရှင်း ပေးနေတဲ့ နိုင်ငံပါ။ ဘာသာပြောင်းအောင် အတင်းအကျပ် ဖိအားပေးနေတာ မပာုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုလားတယ်၊ သာသနာ တော်ကြီး တိုးတက်ရာ တိုးတက်ကြောင်းကို ဇောက်ချပြီး လုပ်သွားချင်ပါတယ်”

ဇူလိုင်လ ၁၂ ရက်နေ့ထုတ် Yangon Time နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အမျိုး၊ ဘာသာ၊ သာသနာတော်ကို ဓမ္မဝိနယနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် ရပာန်းအပါး ၃၀၀ ကျော် သြဝါဒခံယူ”သတင်းမှ မြန်မာနိုင်ငံ မိုးကုတ် အဖွဲ့ချုပ်နာယက ဆရာတော်ကြီး ဦးအဂ္ဂဥာဏ၏ မိန့်ကြားချက်အား ကောက်နှုတ်ချက်။


မေး။ ခရိုနီတွေနဲ့ ၈၈ တွေရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ။

ဖြေ။ သီးခြားဆက်ဆံရေးမရှိဘူး။ အထူးသဖြင့် စေတနာဝဿန်တေးဂီတ ရန်ပုံငွေရှာဖွေပွဲပေါ့။ အနုပညာရှင်တွေနဲ့ ရန်ပုံငွေရှာ ဖွေတာမို့လို့ ရိုးရိုးလေးပဲမြင်တယ်။ အနုပညာရှင်နဲ့ညှိနှိုင်းပြီး လက်မှတ်ရောင်းတယ်။ အဲဒီက ရတာကိုမျှော်တယ်။ အဲဒီလောက် ပဲ ပရိသတ်ထဲက အလှူခံတာ၊ အဲဒါမျိုးမျှော်လင့်တယ်။ ဒါပေမဲ့ တကယ်မှာတော့ ကျွန်တော်တို့ မမျှော်လင့်ဘဲ ရလာတဲ့ ပမာဏက သိန်းထောင့်ငါးရာကျော် ရလိုက်တာပဲ။ နှောင်ကြိုးမဲ့ နိုင်ငံရေးသမားက သူတို့ကဘာလုပ် ပေးရမလဲဆိုတဲ့ အမြင်မျိုး နဲ့ လုပ်ပေးတာဆိုရင်တော့ ဘယ်သူကပဲလှူလှူ ကျွန်တော်တို့က နိုင်ငံရေးအပြောင်းအလဲမှာ ကျွန်တော်တို့ဘက်က လည်း ဘဝတွေ၊ မိသားစုတွေဆုံးရှုံးပြီးတော့ လုပ်ခဲ့တာကြောင့် အသိအမှတ်ပြုပြီးတော့ ဒီအပြောင်း အလဲထဲမှာ ပါဝင်ချင် တယ်ဆိုရင် တော့ ကျွန်တော်တို့က ငြင်းပယ်မှာ မပာုတ်ဘူး။

ဇူလိုင်လ ၁၂ ရက်နေ့ထုတ် မော်ဒန် အပတ်စဉ်ဂျာနယ် အမှတ်(၃၆၅)တွင် ပါရှိသော “ခရိုနီနှင့် နိုင်ငံရေးအခင်းအကျင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့တွေ့ဆုံခြင်း”အင်တာဗျုးမှ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အတွင်းရေးမှူး ဦးကိုကိုကြီး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

ဇူလိုင် ၁ဝ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးမှ ယခင် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့ သည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေနှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေတို့အား ဖျက်သိမ်းမည့်အဆိုကို အတည်ပြုဆုံး ဖြတ်ခဲ့ကြောင်း သိရသည်။ ယခင် အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေ အပါအဝင် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေပါ အချက်များနှင့် လက်ရှိ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေကြမ်းပါ အချက်များ ဆန့်ကျင်လျက်ရှိ သည့် အတွက် ဖျက်သိမ်းရန် ပြင်ဆင်ချက်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး  ယင်းအဆိုကို ပြည်သူ့လွှတ်တော်ဥပဒေ ဆိုင်ရာ ကော်မတီများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့  (Technical Team) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နည်းပညာအထောက် အကူပြု အဖွဲ့တို့ ရှေ့ဆက်သွားမည့် လမ်းပြမြေပုံကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း - မြန်မာ နယ်စပ်၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက ယခုမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓဘာသာဝင်များက လူနည်းစု မွတ်စလင်များအား အကြမ်းဖက်နေမှု များကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁ဝ ရက်နေ့က သြစတြေးလျ ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ်နှင့် လက်ရှိ ဥရောပသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ လစ်သူယေးနီးယားနိုင်ငံတို့ ပါဝင်သော မြန်မာ့မိတ်ဖက်နိုင်ငံများ အဖွဲ့၏ သံအမတ်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားသွားခဲ့ ကြောင်း သိရသည်။   အစိုးရ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ လက်ရှိ အပစ်အခတ် ရပ်စဲရေးထက် ပိုမိုခိုင်မာစေရန် အားလုံးဝိုင်းဝန်းအဖြေရှာ၍ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရေးအတွက် တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အခြားပြည်နယ်များတွင် နိုင်ငံရေးပါတီများ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ သဘာဝ အရင်းအမြစ်များကို  ဒေသခံ များ စီမံခန့်ခွဲနိုင်ရေးအတွက် တောင်းဆိုနေကြချိန်တွင် ကရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မ တီ (UCKAG) မှ လည်း ကရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းကာ သဘာဝ အရင်းအမြစ်စီမံခန့်ခွဲရေးအ တွက်  ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။


 ရင်းနှီးမြှုပ်နှံမှု

အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alender Feldman က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အမေရိကန်ကုမ္ပဏီများ အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စသည့် မြန်မာနိုင်ငံ ရှိ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 ဆက်သွယ်ရေး

ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသော ကုမ္ပဏီဖြစ်သည့် Telenor နှင့် Ooredoo ကုမ္ပဏီတို့သည် ၎င်းတို့၏ ကတိကတိများအတိုင်း မလုပ်ဆောင်နိုင်ပါက ပေးလျော်ရမည့် ဒေါ်လာ ၂၅ သန်းကို ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ကြိုတင် ပေးဆောင်လိုက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အရ သိရှိရသည်။ ယခုအချိန်တွင် အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၎င်းတို့လုပ်ငန်းအတွက် ပြည်တွင်းမှ လုပ်သားများ အလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက် နေကြောင်း သိရသည်။


 ဘဏ္ဍာရေး

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ တင်သွင်းသော ၂ဝ၁၁ - ၂ဝ၁၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံး ငွေစာရင်းများအပါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန လက်အောက်တွင် ရှိသော မြန်မာ့စီးပွားရေးဘဏ်သည် နှစ်ပေါင်း ၂ဝ ကျော် အမြတ်အစွန်းမရခြင်းနှင့်  အရှုံးပြခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ် ၇၉ ဒသမ ၁၆၈ ဘီလျံ သုံးစွဲခဲ့ရကြောင်း သိရှိရသည်။


 

 

 

 

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment