Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ မရှင်းလင်းသည့် အစီရင်ခံစာများ

(11 July 2013 ရက်စွဲပါ UPI မှ Mixed reports on Myanmar’s transparency ကိုဘာသာပြန်ဆိုသည်)

  1.  ကာလကတ္တားမှ ရန်ကုန်သို့ ဗုဒဟူး နေ့တိုင်း  Air India တိုးချဲ့ပျံသန်းမည်

(The State man မှ 12 July  2013 ရက်စွဲပါ “News  A1  flight  from Kolkata to  Yangon  Wednesdays “ သတင်း ကို ဘာသာပြန်ဆိုသည်)

  1. ၈.၅. ဘီလီယံဒေါ်လာတန် ထားဝယ်စီမံကိန်း အခက်အခဲတွေ့နေ

(VOA News မှ  July  2013  ရက်စွဲပါ  Burma $ 8.5  billion  port project facing  hurdles   သတင်းကို  ဘာသာပြန်ဆို သည်)

  1. ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားအပြည့်အဝပေးရန်နှင့်ဘာသာရေးအကြမ်းဖက်မှုများ အဆုံးသတ်ရန် မြန်မာကို ဘန်ကီမွန်း ပြောကြား

(AP သတင်းဌာန၏ 11 July 2013 ရက်စွဲပါ UN chief tells Myanmar to give Muslim Rohingyas full citizenship and end religious violence ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ မရှင်းလင်းသည့် အစီရင်ခံစာများ

(11 July 2013 ရက်စွဲပါ UPI မှ Mixed reports on Myanmar’s transparency ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အစောဆုံးရင်းနှီးမြှုပ်နှံသူများ၏ ပွင့်လင်းမြင်သာမှုများ နှင့် ပတ်သက်၍ လေ့လာသောအဖွဲ့တစ်ခုမှ အမြင်များရောထွေးနေသည့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါသည်။

မေလက အမေရိကန်စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံးကပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဒေါ်လာ(၅၀၀၀၀၀)နှင့်အထက် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ မူဝါဒများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဇူလိုင်လ(၁)ရက်မှစ၍ အစီရင်ခံရမည်ပာုဆိုပါသည်။ အစီရင်ခံစာတွင် လူ့အခွင့်အရေးများ၊ အဂတိလိုက်စားမှုနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များနှင့် အစီအစဉ်များ စသည်တို့ကို ဖော်ပြရန် လိုအပ်ပါသည်။

EarthRight International က ကြာသပတေးနေ့က ပြောကြားရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံတွင်လုပ်ကိုင် နေသော စွမ်းအင်ကုမ္ပဏီများ၏ အစီရင်ခံစာအချို့ကို ပြန်လည်သုံးသပ်ခဲ့ရာ ရောထွေးပြီးမရှင်းလင်းသော အကဲဖြတ်မှုများ ရှိခဲ့ပာုဆိုပါသည်။

“အစီရင်ခံရမယ့် လိုအပ်ချက်တွေကို ချမှတ်ထားပြီးဖြစ်ပါတယ်။ ဘာကြောင်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း လဲရေးတွေ လုပ်နေတယ်ဆိုပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြီးမားသော အန္တရာယ်တွေရှိနေဆဲဖြစ်ပါတယ်”ပာု ERI မှ ကမ်ပိန်းဒါရိုက်တာ Paul Donowtz ကကြေညာချက်တွင် ဖော်ပြထားပါသည်။

ERI သည် Texas အခြေစိုက် စွမ်းအင်ရှာဖွေသူ Hercules Offshore ၏အစီရင်ခံစာကို ရွေးထုတ်ခဲ့ပါသည်။ ERI ကပြောကြားရာတွင် Hercules သည် အစီရင်ခံစာကို လုံ့လစိုက်ပြီး အပြည့်စုံဆုံးဖြစ်အောင် ဖော်ပြထားသော်လည်း မြန်မာနိုင်ငံမှ လုပ်ငန်းများအတွက် အဓိကပစ္စည်းပေးသွင်သူများနှင့် ဆပ်ကန်ထရိုက်တာအမည်များကို ဖော်ပြခြင်းမပြုခဲ့ပေ။ Donowita ကပြောကြားရာတွင် ၎င်းတို့ကဲ့သို့သော အဖွဲ့များအနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို စောင့်ကြည့်ရန်လိုအပ်သော ပွင့်လင်းမြင်သာမှုမရှိသောကြောင့် အခက်အခဲများ ရှိကြောင်းပြောပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခြင်းကြောင့် အရေးယူမှုများ ဖြေလျော့ပေးခဲ့ပါသည်။ လူ့ အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် အရေးယူမှုများက ပြုပြင်ပြောင်းလဲရေးကိုဖြစ်စေသည့် အကြောင်းများ၌ ရှေ့တန်း က ပါခဲ့သည်ပာုဆိုပါသည်။

ပြီးခဲ့သည့်ဇွန်လက Revenue Watch Institue က သယံဇာတထုတ်ယူရေးတွင် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို အောက်ဆုံးအဆင့်တွင် သတ်မှတ်ထားပါသည်။


 ကာလကတ္တားမှ ရန်ကုန်သို့ ဗုဒဟူး နေ့တိုင်း  Air India တိုးချဲ့ပျံသန်းမည်

(The State man မှ 12 July  2013 ရက်စွဲပါ “News  A1  flight  from Kolkata to  Yangon  Wednesdays “ သတင်း ကို ဘာသာပြန်ဆိုသည်)

အိန္ဒိယလေကြောင်းလိုင်း Air India သည် ကာလကတ္တားနှင့် ရန်ကုန် အကြား တိုက်ရိုက်ခရီးစဉ် ပျံသန်းမှုကို  ဇူလိုင်  ၁၇ရက်မှ စက်တင်ဘာ ၁ရက်နေ့အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တိုးချဲ့ပျံသန်းပေးသွားမည် ဟုသိရှိရသည်၊

ခရီးစဉ်အသစ် A1 -227 သည် ကာလကတ္တားမှ နံနက် ၅း၅၀ တွင်ထွက်ခွာကာ  ရန်ကုန်သို့  ဒေသစံတော်ချိန် နံနက်  ၈း၅၀ တွင်  ရောက်ရှိမည်ဖြစ်ပြီး အပြန်ခရီးစဉ်အနေဖြင့်  ၇န်ကုန်မှ ဒေသစံတော်ချိန်  နံနက် ၉း၃၀တွင်  ပြန်လည် ထွက်ခွာ ကာ ကာလကတ္တားသို့ နံနက်  ၁၀း၃၀ တွင် ရောက်ရှိမည်ဖြစ်သည်။

၎င်းခရီးစဉ်များ ပျံသန်းရာတွင် ခရီးသည် ၁၄၄ဦးခန့်  Air bus  319 အမျိုးအစားလေယာဉ်ကို အသုံးပြုမည်ဖြစ် သည်။ လက်ရှိတွင်  Air India သည် ကာလကတ္တားနှင့် ရန်ကုန်အကြား အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ပျံသန်းပေးနေ သည်။


၈.၅. ဘီလီယံဒေါ်လာတန် ထားဝယ်စီမံကိန်း အခက်အခဲတွေ့နေ

(VOA News မှ  July  2013  ရက်စွဲပါ  Burma $ 8.5  billion  port project facing  hurdles   သတင်းကို  ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ပြီးစီးသွားချိန်တွင်  အမြန်လမ်း၊ ရထားလမ်း၊ ပိုက် လိုင်းများက  အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံ၏ မူလကူးသန်းရောင်းဝယ်မှုဗဟိုကို ချိတ်ဆက် ပေးကြပေလိမ့်မည်။

ဒေသတွင်း အကြီးဆုံး စီးပွားရေးဇုန်ဖြစ်သည့်အလျောက် အဓိကတည်ဆောက်ရေးလုပ်ငန်းများကို ယခုတိုင် မစတင် ရ သေးသော်လည်း မြန်မာတောင်ဘက်ကမ်းရိုးတန်းမှ ၈.၅ ဘီလီယံဒေါ်လာတန် စီမံကိန်းအကြောင်းကို ဦးဆောင် အကောင် အထည်ဖော်မည့်  ဘန်ကောက်အခြေစိုက်  အီတာလျှံ-ထိုင်း ကုမ္ပဏီက ရှင်းလင်းထုတ်ပြန်ပြီး ဖြစ်သည်။

ကုမ္ပဏီအင်ဂျင်နီယာ ဆူပတ်ဆက်သာသန်၏ အဆိုအရ ထားဝယ်စီမံကိန်းသည် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ မှသည် မော်တော်ကား တပ်ဆင်ခြင်းနှင့် ရေနံဓာတုလုပ်ငန်းများအထိ အရာရာကို ဖြည့်ဆည်းကမ်းလှမ်းသွားမည်ဟု ဆိုပါ သည်။

“အပေါစား လုပ်ငန်းတွေအနေနဲ့ ကွန်ပျူတာအစိတ်အပိုင်း၊ အထည်ချုပ်၊ အလှကုန်၊စားသောက်ကုန် စက်ရုံတွေ ပါဝင်မှာပါ”ဟု ၄င်းကဆိုသည်။

စီမံကိန်းအောင်မြင်စွာ ပြီးစီးသွားပါက ထိုင်း-မြန်မာ ကုန်သွယ်ရေးကို ပီပီပြင်ပြင် မြှင့်တင်နိုင်မည်ဖြစ်သော်လည်း စီမံကိန်း မစခင်ကတည်းကပင် ငွေကြေးအခက်အခဲနှင့်  ပြင်းထန်သော ဒေသခံကန့်ကွက်မှုတို့ကို ရင်ဆိုင်နေရပါသည်။

ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အားထုတ်သည့်အနေဖြင့် ရန်ပုံငွေရှာဖွေရေးကိစ္စကို ထိုင်းနှင့်မြန်မာ အစိုးရများက မကြာသေးမီကပင် တာဝန်လွှဲပြောင်း ယူခဲ့ကြသည်။

ထိုအတောအတွင်း  ဖျက်သိမ်းခြင်းခံရမည့် ကျေးရွာများမှ ဒေသခံရွာသားများက  ၄င်းတို့ဘယ်နေရာကို ပြောင်းရမ လဲ၊ လျော်ကြေးဘယ်လောက်ရမလဲ ဆိုသည်တို့ကို တိတိကျကျ မသိရသေးဟု ထုတ်ဖော်ပြောကြားထားသည်။

သူမ၏သားသမီးများက စီမံကိန်းသတ်မှတ် ဧရိယာထဲတွင် အိမ်သစ်များ ဆောက်လုပ်ထားသည်ဟုဆိုသော ဒေါ် သိန်းအေး က  “ကျွန်မတို့ရွာတွေ စီမံကိန်း ဧရိယာထဲမှာ ပါနေတယ်။ မကြာခင် ရွှေ့ပေးရမယ်ဆိုတဲ့ ကောလဟာလတွေ က တော့ နေ့တိုင်း ကြားနေရတာပါပဲ။ ကျွန်မကလေးတွေရဲ့ အိမ်တွေက  လျော်ကြေးပေးဖို့ စည်းကမ်းကိုက်ညီတဲ့ စာရင်းထဲမှာ မပါဘူးဆိုပေမယ့်  ထိုက်တန်သော လျော်ကြေးမှမရရင် သူတို့ကရွှေ့ပြောင်းဖို့ ငြင်းကြပါလိမ့်မည်” ဟု ပြောကြားပါသည်။ အခုထိတော့ ဘာမှ မသဲကွဲသေးပါဘူးဟုလည်း သူမက ဖြည့်စွက်သည်။

ဘယ်နေရာကို ရွှေ့ရမလဲဟုမသိသေးသူ မော်တော်ဆိုက်ကယ်မက္ကင်းနစ် ဦးစိုးမြအတွက်မှာမူ သူ၏  အသက်မွေး ဝမ်း ကျေုာင်းအလုပ်မှာ  အန္တရာယ်ရှိနေပြီ ဖြစ်သည်။

“ကျွန်တော့် လက်ရှိနေရာက  လမ်းမကြီးရဲ့ ဘေးမှာပါ။ လုပ်ငန်းလုပ်ဖို့ ကောင်းတဲ့နေရာပေါ့။ ရွှေ့ပေးရမယ့် နေရာ သစ် ဒီလိုကောင်းတဲ့ နေရာပြန်မရဘူးဆိုရင်  ကျွန်တော့်စီးပွားရေးက ဘယ်ကောင်းတော့မလဲ။ ဒါတွေက အစိုးရရဲ့ အစီအစဉ် တွေဆိုတော့ ကျွန်တော်တို့ များများစားစား မသိရပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ လိုက်နာပူးပေါင်း ဆောင်ရွက် ကြရမှာပေါ့”ဟု ဦးစိုးမြက ဆိုပါသည်။

စီမံကိန်းကန်ထရိုက်တာများက  စိတ်ရင်းစေတနာကောင်းကို ပြသရန်  ကြိုးစားမှုများ ပြုလုပ်ထားသော်ငြားလည်း အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံရွာသားများ၏  စိုးရိမ်ပူပန်စရာများအပေါ်  ကျေနပ်ဖွယ်ဖြစ်လာအောင်  များစွာအားထုတ်ရန် လိုသေးသည်ကို စီမံကိန်း  မန်နေဂျာများက  နားလည်သိရှိ ထားကြပါသည်။


ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားအပြည့်အဝပေးရန်နှင့်ဘာသာရေးအကြမ်းဖက်မှုများ အဆုံးသတ်ရန် မြန်မာကို ဘန်ကီမွန်း ပြောကြား

(AP သတင်းဌာန၏ 11 July 2013 ရက်စွဲပါ UN chief tells Myanmar to give Muslim Rohingyas full citizenship and end religious violence ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ယုံကြည်စိတ်ချရသော နိုင်ငံတစ်နိုင်ငံ အဖြစ်ရှုမြင်ခံရလိုသည်ဆိုပါက မွတ်စလင် လူနည်းစုများအပေါ် ဗုဒ္ဓဘာသာဝင်တို့၏ တိုက်ခိုက်မှုများ အဆုံးသတ်ရန် မဖြစ်မနေလုပ်ဆောင်ပေးရ မည်ဖြစ်သည်ဟု ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းကသတိပေး ပြောကြားလိုက်သည်။

ဗုဒ္ဓဘာသာဝင်တို့ ကြီးစိုးသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို ဖိနှိပ်တိုက်ခိုက်သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လူရာပေါင်းများစွာသေကြေပျက်စီးခဲ့ရပြီး ၁၄၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရ သည်။ အဆိုပါဖြစ်ရပ်များကြောင့် စစ်ဘက်က အာဏာပြန်လည်သိမ်းယူနိုင်သည့်အတွက် လက်ရှိအကောင် အထည်ဖော်နေသော မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အပေါ်ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာနိုင်သည်ဟု အများက ရှုမြင်ကြသည်။

“လူနည်းစုတွေရဲ့ ဘေးဒုက္ခဆိုးတွေနဲ့ ပူဆွေးဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအာဏာပိုင် တွေကလို အပ်တဲ့ဆောင်ရွက်ချက်တွေလုပ်ပေးဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီအထဲမှာ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်ဖို့ တောင်းဆိုချက်တွေလည်း ပါဝင်ပါတယ်” ဟု ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုသို့လုပ်ဆောင်ရန်ပျက်ကွက်ခဲ့သည် ဆိုပါက မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထိခိုက်နစ်နာစေနိုင်သလို ဒေသ တွင်း အနုတ်လက္ခဏာဆောင်သည့် တုံ့ပြန်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ် တွင် တိုင်းရင်းသားလူမျိုး ၈ မျိုးအပါအဝင် အခြားတိုင်းရင်းသားလူနည်းစုပေါင်း ၁၃၀ ကို အသိအမှတ်ပြုသည့် နိုင်ငံသားဥပဒေ တစ်ရပ်ကို ရေးဆွဲထုတ်ပြန်ခဲ့သော်လည်း ယင်းဥပဒေအရ ရိုဟင်ဂျာတို့အနေဖြင့် နိုင်ငံသားဖြစ်ပိုင်ခွင့် မရှိပေ။ ဗုဒ္ဓဘာသာဝင် အများစုကမူ ရိုဟင်ဂျာများသည် ဗြိတိသျှ ကိုလိုနီအစိုးရလက်ထက်က ခိုင်းစေရန်ခေါ်ဆောင် ခြင်းခံရသူများဖြစ်သည်ဟု ရှုမြင် ကြသည်။

ယခုနှစ် အစောပိုင်းတွင်မူ မြန်မာအစိုးရက ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသရှိ မြို့ ၂ မြို့၌ ရိုဟင်ဂျာတို့ကို ကလေး မွေးဖွားနှုန်းကန့်သတ်သည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေအရ ရိုဟင်ဂျာမိသားစုများအနေဖြင့် တစ်အိမ်ထောင် လျှင် ကလေး ၂ ဦးသာယူခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဥပဒေကို ပြစ်တင်ဝေဖန်ခဲ့ရာ ဗုဒ္ဓဘာသာဝင်အများစု ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချပြောဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမည့် အလားအလာရှိနေပေရာ ရိုဟင်ဂျာအခွင့်အရေးနှင့် ပတ်သက်၍အနည်းငယ်သာထုတ် ဖော်ပြော ဆိုထားသည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နှစ်ပေါင်း ၅၀ ကျော်ကြာ ကမ္ဘာကြီးနှင့် ဝေးကွာခဲ့သည်။ သို့သော် လတ်တလောနှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာလွတ်လပ် ခွင့်များပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ သတိဖြင့်ချီးမွမ်း ပြေဆိုခြင်းခံခဲ့ရ သည်။ သမ္မတဘားရက်အိုဘားမားက အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်ခဲ့ခြင်းသည် မြန်မာပြည်အတွက် ထူးခြားသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

“ခင်ဗျားတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပပေးရုံနဲ့မလုံလောက်သေးပါဘူး။ သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို အဆုံးသတ်အောင်လုပ်ပေးရမှာဖြစ်တယ်” ဟုကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီး အပ္ပဒူလာယာ ဟမိုလာမီ ကသ တင်းထောက်များကိုပြောကြားသည်။ ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ပိုင်ခွင့်၊အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်၊ ဘာသာရေးဆိုင် ရာလုပ်ကိုင်ဆောင်ရွက်မှုများလုပ်ပိုင်ခွင့်မရရှိကြကြောင်း၊ သေဆုံးသူများအတွက်ပင် ထုံးတမ်းဓလေ့များ အရ မြှုပ်နှံခွင့်မရှိကြောင်း ပြောကြားသည်။

အစ္စလာမ်ကွန်ဖရင့်အဖွဲ့(OIC) မှ ကုလသမဂ္ဂဆိုင်ရာ သံတမန် Roble Olhaye ကမူ ရိုဟင်ဂျာများသည် လူမျိုးဖြုတ် သတ်ဖြတ်မှုများခံရနိုင်သည့် ခွဲခြားဆက်ဆံမှုများဖြင့် နေထိုင်နေရသည်ဟု ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment