Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ နေရာမှာ ပြီးခဲ့တဲ့ ကာလအတွေ့အကြုံကို သင်ခန်းစာယူပြီး ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် မူတည်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက်သွားနိုင်ဖို့က အရေးကြီးပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၂ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာပါ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ငြိမ်းချမ်းရေးဖော်ဆောင်သူများကို သူရဦးရွှေမန်း တိုက်တွန်း” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“၅၈ ဒသမ ၅ သန်းလောက် ကုန်မယ်။ နိုင်ငံတော်က ပေးတာရှိတယ်။ UN (ကုလသမဂ္ဂ) က လှူတာရှိတယ်။ ကျန်တာကို အလှူရှင်နိုင်ငံတွေက လာတာရှိတယ်။ လာရင်လာ၊ မလာရင်လဲ ကိစ္စမရှိဘူး။ ဒါ အမျိုးသားရေး ကိစ္စ ဖြစ်တဲ့အတွက် နိုင်ငံ တော်က စိုက်ထုတ်သွားမှာပဲ”

၂၀၁၃ ဇူလိုင်လ ၂၂ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာပါ “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရန် ကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်းသုံးမည်” သတင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် မျှတအောင် လုပ်ပေးရမှာပေါ့။ အဲတော့ ဥက္ကဋ္ဌကြီး အနေနဲ့ ကျွန်မနဲ့ ယှဉ်ပြိုင်ရဲတယ်ဆိုလို့ရှိရင် ကျွန်မ သမ္မတ ဖြစ်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကိုလည်း လုပ်ပေး ရမှာပေါ့။ အဲဒီလို မလုပ်ပေးရင် အဲဒါက မှန်မှန်ကန်ကန် မဟုတ်ဘူးလို့ ဒီလိုပဲ ကျွန်မက သတ်မှတ်ရမှာပဲ”

၂၀၁၃ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၈) တွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှမျှတတ ဆောင်ရွက်ပေးဖို့ ဦးရွှေမန်းကို ဒေါ်စု တောင်းဆို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ မီဒီယာအဖွဲ့အစည်းသုံးခုက တညီတညွတ်တည်း ကန့်ကွက်တယ်ဆိုတာကို သိရပါတယ်။ အဲဒီ တော့ မိမိတို့ ကန့်ကွက်ချင်တာဟာ ဘာတွေလဲဆိုတာကို ပြည်သူ့လွှတ်တော်ကို ပေးပို့ဖို့လည်း လိုပါတယ်။ အဲဒီမှာ ဒီဘက်က နေပြီးတော့ မိမိတို့ လုပ်နိုင်သလောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ဦးက အဆိုပြန်လည် တင်ပြမယ် ဆိုရင် ပြန်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးနိုင်တဲ့ အနေအထားရှိပါတယ်။”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် The Myanmar Post ဂျာနယ် အတွဲ (၅) ၊ အမှတ် (၂၉) တွင် ပါရှိသော “မီဒီယာ ပုံနှိပ် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အဆိုပြန်လည် တင်ပြမည်ဆိုပါက လွှတ်တော် တွင် ပြန်လည်ဆွေးနွေးနိုင်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“သူတို့ဆီမှာ ဒီ Financial Process အရဆိုရင် သူက ပေးတာက သူတို့ဆီကနေ အစိုးရအဖွဲ့င အတည်ပြုတာတို့ MOU လက်မှတ် ရေးထိုးတာတို့ ဒါတွေရှိပါတယ်။ တော်ကြာ ဒီမှာရှိတဲ့ မီဒီယာတွေက ဒေါ်လာငါးသန်းတော့ ရပြီ ဆိုပြီး အတင်း စာရင်းလိုက်စစ်နေဦးမယ်။ စာရင်းစစ်လို့ မရပါဘူး။ ကျွန်တော့်လက်ထဲ မရောက်သေးပါဘူး။ ပေးမယ်လို့ပဲ ပြောသွားတာ ဖြစ်ပါ တယ်။ လက်ထဲ မရောက်သေးပါဘူး။ သူတို့ဆီမှာရှိတဲ့ Financial Process တွေကို ဆက်ပြီးတော့ လုပ်ပြီးတော့မှ ပိုက်ဆံ ရလာမှဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၁) တွင် ပါရှိသော “ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတကာအကူအညီများ မရရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ရှင်းလင်း” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment