Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်အမြင် ပြောရရင်  အခြေခံဥပဒေပြင်တာ လွှတ်တော်ကလုပ်ရမှာ၊ အခြေခံဥပဒေပြင်တဲ့အခါမှာ လွှတ်တော် တစ်ခု တည်းနဲ့ မသက်ဆိုင်ဘူး။ ပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံးနဲ့ သက်ဆိုင်တယ်။ ပြည်သူတွေ၊ တိုင်းရင်းသားတွေ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပြီး အကြံဥာဏ်ယူပြီး စသင့်တယ်၊ သူတို့ချည်းပဲ ဆုံးဖြတ်ရင် မမှန်လောက်ဘူး၊ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့အတွက် အခြေခံဥပဒေကို ပြင်ဆင်တာဖြစ်မှာ စိုးတယ်၊  လူထုတွေ၊ တိုင်းရင်းသား တွေရဲ့ သဘောထား တွေကို မေးမြန်းဖို့ လိုတယ်”                   

၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ်   News Watch ဂျာနယ် အတွဲ(၈) အမှတ် (၈) တွင်ပါရှိသော “ဒေါ်အောင်ဆန်း စုကြည်အား အခြေခံသော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ရှမ်းအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းညွှန့် လွင်မှဆို” သတင်းမှ  ရှမ်းအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းညွှန့်လွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအင်န်ယူပဲဖြစ်ဖြစ် စစ်တပ်ပဲဖြစ်ဖြစ် ဒီလိုမျိုးလက်မှတ်ထိုးတာကို အားပေး တယ်။ သဘောကျတယ်။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ မဆိုပေါ့။ ကေအင်န်ယူမှရယ် မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့ဆိုရင် ဒီလိုလုပ်ရတာက အကောင်းဆုံးပါပဲ။ ဒီစာချုပ်မှာ ပါဝင်သဘောတူထားတာကြောင့် ကျွန်တော်တို့တိုင်းပြည်က ကလေးတွေ၊ အမျိုးသမီးတွေအတွက် အရမ်းကိုကောင်းပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက ဒီစာချုပ်ထဲမှာ ပါဝင် လက်မှတ် ရေးထိုးသင့်ပါတယ်။ ဒါကပိုပြီး ကောင်းတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ုပြန် ဆောင်ရွက်ဖို့လည်း လိုအပ် ပါတယ်။ ကျန်လက်နက်ကိုင် အဖွဲ့တွေလည်း နမူနာယူပြီး လိုက်နာသင့်တယ်လို့ မြင်တယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ  ၂၆ ရက်နေ့  စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁) အမှတ်(၁၀၄)တွင်ပါရှိသော “ကေအင်န်ယူနှင့် ဂျီနီဗာအခြေစိုက် ဂျီနီဗာကော(လ်) ကလေးသူငယ်အကြမ်းဖက်မှု တားဆီးရေးစာချွန်လွှာ လက်မှတ် ထိုး” သတင်းမှ ကရင်လူငယ်ကွန်ရက်မှ အဖွဲ့ဝင် ကိုစောထွန်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီကိစ္စတွေကို ဒီမိုကရေစီအစိုးရလက်ထက်မှာ မလုပ်သင့်တော့ဘူး။ ဆိုလိုတာက နိုင်ငံသားအားလုံးဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို သွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီလိုသွားနေတဲ့အချိန်မှာ ဒီလိုအကြောက်တရားတွေ ဝင်လာအောင် လုပ်လိုက် ခြင်းဖြင့် နိုင်ငံသားတွေ ပြုပြင်ပြောင်းလဲရေးကိစ္စမှာ ပါဝင်မလာအောင် ခြောက်လှန့်သလို ဖြစ်နေတယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ်    Mizzima  နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၄၆) တွင် ပါရှိသော “နိုင်ငံရေးလှုပ်ရှားသူများကို ဆက်ဖမ်းနေခြင်းသည် ပြုပြင်ပြောင်းလဲရေးကို အတားအဆီး ဖြစ်စေသည် ဟုဆို”သတင်းမှ  ရှေ့နေကိုအောင်သူရိန်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လယ်သမားများနှင့် သာမန်ပြည်သူများကိုယ်စား ကျွန်တော်တို့ စကားပြောရာမှာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြသင့်တယ်။ လွှတ်တော်မှာ ဒီလိုစကားတွေ ပိတ်ပင်သင့်တယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော် တို့ရဲ့ စိတ်ထဲမှာ ရှိတာတွေ ပြောဆိုဖို့ အခွင့်အရေးရှိသင့်တယ်။ မြေသိမ်းယူမှုဟာ မြေသိမ်းယူတာပဲ။ ဒီအတွက် အခြားစကား လုံးမရှိဘူး။ တရားမမျှတမှုဟာ တရားမမျှတာပဲ။ ဒီအတွက် အခြားစကားလုံးမရှိဘူး”

၂၀၁၃ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ထုတ် News Watch ဂျာနယ်အတွဲ(၈)အမှတ်(၈)တွင်ပါရှိသော “လွှတ်တော်တွင် စစ်တပ် အပေါ်ဝေဖန်မှု မပိတ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးပြောကြား” သတင်းမှ  ရခိုင် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မြေပုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်း၏  ပြောကြားချက်အား ကောက်နှုတ် ချက်။

 


“ဒီစာချုပ်ကိစ္စမှာ ဘာတွေပါတယ်။ ဘယ်လို့တွေ ချုပ်ဆိုထားတယ်ဆိုတာလည်း ဒေသခံတွေအနေနဲ့ မသိရသေးဘူး။ ဒီစာချုပ် မချုပ်ခင်မှာ ဒီဒေသမှာ ရှိတဲ့သူတွေကို အရင်ရှင်းပြရမယ်။ ဒေသက လူတွေနားလည်လက်ခံလာပြီဆိုတော့မှ စာချုပ်ကို တရားဝင်ချုပ်ပြီး ပြည်သူကို ချပြရမယ်။ ခုဟာက နည်းနည်းလွဲနေတယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ်  7 Day Daily နေ့စဉ်ထုတ်သတင်းစာ အမှတ် (၉၃)တွင်ပါရှိသော “ကြေးနီ စီမံကိန်း စာချုပ်သစ် ဒေသခံများအား ချပြပြီးမှသာ ပြန်ချုပ်သင့်ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ပြော” သတင်း မှ လက်ပံတောင်း တောင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ၏  ပြောကြားချက်အား ကောက်နှုတ်ချက်။

 


 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment