Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအပေါ်စိုးရိမ်စရာများ မကုန်နိုင်သေး

( UPI မှ  29 July 2013 ရက်စွဲပါ “Concerns Linger for Myanmar” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာသမ္မတကယခင်ဗဟိုဘဏ်အကြီးဟောင်းကို ဗဟိုဘဏ်ဥက္ကဋ္ဌခန့်ရန်အဆိုပြု

(29 July 2013 ရက်စွဲပါ Reuters မှ Aung Hla Tun ရေးသားသော Myanmar’s prerident wants ex-governor back to head central bank ကိုဘာသာပြန်ပါသည်)

  1. မြန်မာရေတပ်၏ အကူအညီတောင်းမှုအပေါ် အိန္ဒိယအကျပ်ရိုက်

( The Telegraph မှ 29 July 2013 ရက်စွဲပါ “Dilemma over Myanmar Navy’’ သတင်းကိုဘာသာပြန်ဆို သည်)


မြန်မာနိုင်ငံအပေါ်စိုးရိမ်စရာများ မကုန်နိုင်သေး

( UPI မှ  29 July 2013 ရက်စွဲပါ “Concerns Linger for Myanmar” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် ယုံကြည်မှုကြောင့် အကျဉ်းကျသူနိုင်ငံရေးအကျဉ်းသားများကို ယခုနှစ်မကုန်မှီ အားလုံးလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ချီးကျူးကြိုဆို ခံနေရသော်ငြားလည်း ပြဿနာရှိနေသေးကြောင်း ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၇၃ဦးကို ပြီးခဲ့သောအပတ်ကလွှတ်ပေးခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲ အပြီး စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ်အနေဖြင့် ပြီးခဲ့သောနှစ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ ချီးကျူးကြိုဆိုရမည်ဟု မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားက ပြောကြားလိုက်သည်။

“ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှုတွေနဲ့ပတ်သတ်လို့ အများကြီးစိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆက်နွယ်တဲ့ ဖမ်းဆီးမှု၊ အပြစ်ပေးမှုတွေရှိနေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မစ္စတာကင်တာနားက ဆိုပါသည်။

မစ္စတာကင်တာနားက သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်တွင် မြေသိမ်းယူမှုနှင့် ရခိုင်လူ့အခွင့်အရေး အနေအထားဖေါ် ထုတ်သူများ ဖမ်းဆီးခံရမှုကိစ္စများကို တင်ပြဆွေးနွေးသွားမည်ဟု ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည်ဟု သံသယရှိသော နစက နယ်စပ်လုံခြုံရေး ကော်မတီကို ဖျက်သိမ်းရန် မြန်မာအစိုးရက မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းကို မစ္စတာကင်တာနားက ကြိုဆိုလိုက်ပါသည်။

၎င်းနစကအဖွဲ့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု ပြည်ပအဖွဲ့အစည်းများက ထောက်ပြဝေဖန် ထားပြီး၊ အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုများ ကျူးလွန်သည်ဟု ပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စစ်မှန်သောဒီမိုကရေစီနှင့် အဝေးကြီး လိုသေးသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောထားသော်လည်း၊ အနောက်အုပ်စုအစိုးရများက မြန်မာတို့၏ အပြောင်းအလဲကို အသိအမှတ်ပြုသည့်အနေဖြင့် ယခင်အရေးယူပိတ်ဆို့မှု sanctions များကို ဖြေလျော့ရုတ်သိမ်း နေကြပြီဖြစ်သည်။


မြန်မာသမ္မတကယခင်ဗဟိုဘဏ်အကြီးဟောင်းကို ဗဟိုဘဏ်ဥက္ကဋ္ဌခန့်ရန်အဆိုပြု

(29 July 2013 ရက်စွဲပါ Reuters မှ Aung Hla Tun ရေးသားသော Myanmar’s prerident wants ex-governor back to head central bank ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှထွက်၍ လွတ်လပ်စွာရပ်တည်ရန်လုပ်ဆောင် နေရာ ဗဟိုဘဏ်အကြီးအကဲဟောင်းအား သမ္မတဦးသိန်းစိန်က အဆိုပြုခဲ့သည်ဟု သမ္မတရုံးမှသတင်း တစ်ရပ်က တနင်္လာနေ့က ပြောကြားခဲ့ပါသည်။

“သမ္မတကြီးက ပြည်ထောင်စုလွှတ်တော် ကိုပြီးခဲ့တဲ့အပတ်က ဗဟိုဘဏ်ဥက္ကဌအဖြစ် အရင်အငြိမ်းစား ဥက္ကဌဟောင်း ဦးကျော်ကျော်မောင်ကိုခန့်ထားဖို့ အဆိုပြုခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

ဦးကျော်ကျော်မောင်သည် ဘဏ်ဝန်ထမ်းဘဝမှလာသူဖြစ်ပြီး ၁၉၇၀ အစောပိုင်းကတည်းက စတင်ခဲ့ ခြင်းဖြစ်ပါသည်။ ၄င်းသည် မန္တလေးတက္ကသိုလ်မှဘွဲ့ရခဲ့ပြီး ဘဏ်လောကသို့မဝင်ရောက်မီ တက္ကသိုလ်တွင် နည်းပြဆရာ လုပ်ခဲ့ပါသည်။ သူသည်ဗဟိုဘဏ်ဥက္ကဌအဖြစ် ၁၉၉၇ မှ ၂၀၀၇ ထိတာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဦးသိန်းစိန်ကို ဗဟိုဘဏ်ဥပဒေသစ်ကို ဇွန်လိုင်လ ၁၁ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ပါသည်။ ဗဟိုဘဏ် အငြိမ်း စား ဒုတိယဥက္ကဌနှင့် ကမ္ဘောဇဘဏ်လက်ရှိဒုတိယဥက္ကဌ ဦးသန်းလွင်ဦးက ယခုကဲ့သို့ထူးကဲစွာခန့် အပ်မှုကို ချီးကျူးထောပနာပြုခဲ့ပါသည်။

“သမ္မတကြီးဟာ အသစ်ပြုပြင်ပြောင်းလဲထားတဲ့ဗဟိုဘဏ်ကို ပြုစုပျိုးထောင်ဖို့မှန်ကန်တဲ့ရွေးချယ်မှု ပြုခဲ့တယ်လို့ ထင်ပါတယ်။ လွှတ်တော်အနေနဲ့ အမြန်ဆုံးအတည်ပြုပေးသင့်ပါတယ်။” ဟု၎င်းကပြောပါသည်။

အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်ကအဆိုပြုမှုကို ယခုအပတ်လွှတ်တော် အစည်းအဝေးတွင် တင်လိမ့်မည်ဟုဆိုပါသည်။

သမ္မတရုံးမှ အဆိုပါသတင်းရင်းမြစ်ကပင် လက်ရှိဗဟိုဘဏ်ဥက္ကဌဦးသန်းငြိမ်းကို ဒုတိယဥက္ကဌအဖြစ် အဆိုပြုထား ကြောင်း၊ ၄င်းသည်အသက် ၆၀ ရှိပြီး စစ်တပ်အရာရှိကောင်းတစ်ဦးဖြစ်ကာ ဦးကျော်ကျော်မောင်ထံ မှ ၂၀၀၇ တွင်ဥက္ကဌရာထူး ဆက်ခံထားသူဖြစ်ပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်ဗဟိုဘဏ်မှ အကြီးတန်း တာဝန်ရှိပုဂ္ဂိုလ် ဒေါ်ခင်စောဦးတို့ကိုလည်း ဒုတိယဥက္ကဌများအဖြစ်ခန့်အပ်သွားမည် ဖြစ်ပါ သည်။

ဦးဆက်အောင်သည် အနောက်တိုင်းတွင်ပညာသင်ကြားခဲ့သော စီးပွားရေးပညာရှင် တစ်ဦးဖြစ်ပြီး အသက် ၄၀ ဝန်းကျင်သာရှိသေးသူဖြစ်ပါသည်။  ၄င်းသည်ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ သမ္မတ၏စီးပွားရေးအကြံပေး တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်သည်မှာ တစ်နှစ်ခန့်ရှိပြီးဖြစ်ပါသည်။

အသက် ၆၀ ခန့်ရှိဒေါ်ခင်စောဦးသည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီးငွေကြေး အင်စတီကျူးရှင်းစည်းမျဉ်း များနှင့်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန အကြီးအကဲဖြစ်ပါသည်။


မြန်မာရေတပ်၏ အကူအညီတောင်းမှုအပေါ် အိန္ဒိယအကျပ်ရိုက်

( The Telegraph မှ 29 July 2013 ရက်စွဲပါ “Dilemma over Myanmar Navy’’ သတင်းကိုဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံက ၄င်း၏ရေတပ်ကိုမဟာဗျူဟာမြောက်တိုးချဲ့ရန်အတွက် အိန္ဒိယ အကူအညီရရန်ကြိုးစား ခြင်းသည် နယူးဒေလီမှ မူဝါဒချမှတ်သူများအတွက် ပျော်စရာသတင်းတစ်ခုဖြစ်သော်လည်း၊ တရုတ်နိုင်ငံဘက်သို့ မကြာခဏ ဦးလှည့် သွားတတ်သော မြန်မာနိုင်ငံအပေါ်ထိထိရောက်ရောက် ကူညီနိုင်စွမ်းမရှိမည်ကို အိန္ဒိယအစိုးရက စိုးရိမ်လျက် ရှိသည်။

အိန္ဒိယသို့ ၄ ရက်ခရီးစဉ်ရောက်ရှိနေသော မြန်မာ့ရေတပ်ဦးစီးချုပ် သူရသက်ဆွေသည် အိန္ဒိယရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးဒီကေဂျိုဝီုနှင့် မနေ့ကတွေ့ဆုံကာ၊ ရေတပ်ခြင်းစစ်ဆင်ရေးကိစ္စပူးပေါင်းဆောင်ရွက် ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ ပစ္စည်းကိရိယာပံ့ပိုးခြင်း၊ လက်ရှိဆက်ဆံရေးကို နောက်တစ်ဆင့်မြှင့်ခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်ခြင်းကိစ္စရပ်များ ပိုမိုခိုင်မာ အားကောင်းရေးနှင့် ပတ်သက်ပြီးရှုထောင့်ပေါင်း စုံမှဆွေးနွေးခဲ့ကြသည်ဟု တရားဝင် သတင်းများက ဆိုပါသည်။

အိန္ဒိယရေတပ်ဗိုလ်ချုပ်ကြီး ဂျိုဝီုက “ မြန်မာဟာအိန္ဒိယရဲ့အရင်းနှီးဆုံးနိုင်ငံတစ်ခုပါ၊ ကုန်းမြေခြင်းသာမ ကပဲ ရေပြင်နယ်နိမိတ်ချင်း လည်းဆက်စပ်နေပါသည်။ ရေတပ်- ရေတပ်ခြင်းဆက်ဆံရေးကလည်းတကယ်ကို ရင်းနှီးနွေးထွေး မှုရှိခဲ့ပါတယ်။” ဟုနှုတ်ခွန်းဆက်စကားပြောကြားသည်။

နယူးဒေလီက ၂၀၀၇ ခုနှစ်တွင်လက်ဆောင်ပေးခဲ့သော Islander အမျိုးအစား ရေကြောင်းကင်းလှည့် လေယာဉ်လေးစီး ကိုပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံက အကူအညီတောင်းခံထားပါသည်။ အဆိုပါဗြိတိသျှလုပ် လေယာဉ်များကို ဗြိတိန်နိုင်ငံကကန့်ကွက်နေသည့်ကြားမှပင် ထိုစဉ်ကတပ်မတော်အစိုးရထံ အိန္ဒိယနိုင်ငံက လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ ခေတ်မမှီတော့သော၎င်းလေယာဉ်များကို အိန္ဒိယရေတပ်ကအနားပေးလိုက် သော်လည်း ချို့တဲ့သည့်မြန်မာ့ရေတပ် အတွက် အသုံးဝင်နေသောကြောင့်ဖြစ်ပါသည်။

ထို့အပြင်ကမ်းလွန်ကင်းလှည့်ရေယာဉ်များနှင့် အိန္ဒိယနိုင်ငံလုပ်အမြန်တိုက်ခိုက်ရေး ရေယာဉ်များကို လည်းပြင်ဆင် ပေးရန်မြန်မာနိုင်ငံက အကူအညီတောင်းထားသည်။ သို့သော် အိန္ဒိယသင်္ဘောကျင်းများတွင် အိန္ဒိယ ရေတပ်၏ အမှာစာများဖြင့် ပြည့်ကျပ်လျက်ရှိသည်။

အိန္ဒိယနှင့်မြန်မာရေတပ်တို့သည် ပြီးခဲ့သောမတ်လအတွင်းက ရေပြင်နယ်နိမိတ်ပူးတွဲကင်းလှည့်မှုကို စတင်ပြုလုပ် ခဲ့ကြပြီးဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေတပ်အင်အားချဲ့မှုကို စိုးရိမ်တကြီးစောင့် ကြည့်နေသော အိန္ဒိယရေတပ်ကလည်းယခုကဲ့သို့ မြန်မာတို့အကူအညီတောင်းလာခြင်းကို အခွင့်အလမ်းတစ်ခု အနေဖြင့်ဖြည့်ဆည်း ပေးသင့်သည်ဟု ရှုမြင်သုံးသပ်သည်။

လွန်ခဲ့သောဆယ်ခုနှစ်များအတွင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုနှင့်မြန်မာအစိုးရ ရင်ဆိုင်နေရချိန် တွင် နယူးဒေလီအာဏာပိုင်များက မြန်မာစစ်ဖက်နှင့် အလုပ်သဘောဆက်ဆံရေးကို ကျင့်သုံးခဲ့သည်။ ထိုကာလများအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းသို့ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ကာ လမ်းများ၊ ပိုက်လိုင်းများတည်ဆောက်ရုံ သာမကပဲ၊ မြန်မာစစ်တပ်ကိုပါလေ့ကျင့် ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုနှစ်ကုန်၌မရေမရာ ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင် နေချိန်တွင် မြန်မာနိုင်ငံက အိန္ဒိယ စစ်ဘက်ထံ အကူအညီတောင်းလာခြင်းသည် အိန္ဒိယအရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းဒေ သအပေါ်သက်ရောက်မှုရှိနိုင်သည့် အရေးပါသောအစီအစဉ်တစ်ခုဟု ဆိုနိုင်ပါသည်။

မြန်မာ့ရေတပ်ဦးစီးချုပ်သည် အိန္ဒိယကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဘီကရန်ဆင်း၊ ကာကွယ်ရေးဝန် ကြီးအာကေမက်သူး၊ လေတပ်ဒုတိယဦးစီးချုပ်ဗိုလ်ချုပ်ကြီး  အေရတ်ရာဟာ တို့နှင့်လည်းတွေ့ဆုံခဲ့သည်ဟုသိရှိ ရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment