Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

 “ညဘက်အရက်မူးပြီးတော့ မော်တော်ဆိုင်ကယ်နဲ့ ဘယ်ကုလားတွေက ဘယ်လိုပါဆိုပြီးအော်အော် မယုံနဲ့၊ ကိုယ်က ချက်ချင်းလိုက်ဖို့ မလိုဘူးလား။ ဒါသက်သက်မဲ့ တို့ရွာ တို့မြို့ကို ပျက်ဆီးအောင်လုပ်တာ။ မယုံကြနဲ့ဟေ့လို့ ကြားတာနဲ့ အိမ်က ချက်ချင်းထွက်ပြီး အော်ပြီးတော့ တားမြစ်လိုက်နိုင်ရမယ်။ ရှို့ကွ၊ ချကွ ဆိုပြီးတော့ ပါသွားလို့မရဘူး။ အိမ်တလုံး မီးရှို့ရင်  တစ်သိန်းပေးမယ် မင်းသွားရှို့စမ်းပြီး ဟိုမှာ ဖြစ်ပြီးပြီ။ ရှို့လည်း ရှို့ပြီးရော ထောင်သာကျသွားတယ် အဲဒီတစ်သိန်းပေးမယ့် လူလည်း မရှိဘူး။ နိုင်ငံတော် တိုးတက်မှာကို မရှုစိမ့်တဲ့လူတွေ။ ဖျက်လိုဖျက်ဆီး စိတ်ဓာတ်နဲ့လုပ်နေတယ်။ လားရှိုးမှာဖြစ်တယ်၊ မလေးရှားမှာ ဖြစ်တယ် တစ်ချိန်တည်း တပြိုင်တည်း။ အချိတ်အဆက်တွေ ဘယ်လောက်များလက်တံ ရှည်သလဲ။ ပြီးခဲ့တဲဧပြီ လက ကျွန်တော်ကို အလေးရှားဝန်ကြီးချုပ်က တွေ့ချင်တယ်။ ကျွန်တော်မသွားဘူး။ မလာဘူးကွာလို့။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မင်းတို့ပြောတာတွေကို  သိပ်မကျေနပ်ဘူးလို့။ မင်းတို့က နည်းနည်း အစွန်းရောက် တယ်ကွာ။ တောင်းပန်တယ် သူတို့မှားပါတယ်။ ကျွန်တော်တို့နိုင်ငံက အစ္စလာမ် ဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်ပြီးတော့ ကျွန်တော်တို့ မဲဆန္ဒရှင်တွေဟာ အစ္စလာမ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်တာနက်မှာ ဒီလိုရေးမိတာပါဆိုပြီးတော့တောင်းပန်တယ်”

၂၀၁၃ သြဂုတ် ၂ရက်နေ့ထုတ် မြန်မာသံတောင်ဆင့် အပတ်စဉ် သောကြာနေ့ထုတ် သတင်းဂျာနယ်တွင် “ဗုဒ္ဓဘာသာအပေါ် ပြောဆိုရေးသားမှုများ အစွန်းရောက်၍ မလေးရှားနှင့် အင်ဒိုနီးရှား ဖိတ်ကြားချက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ငြင်းဆန်ခဲ့” သတင်းမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဇူလိုင်လ ၁၉ရက်နေ့ ရေနံချောင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေးအခြေအနေပါတီစည်းရုံးရေးဆိုင်ရာများမှာကြားရာတွင် ထည်သွင်းပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလို နည်းနည်းချင်းလွှတ်ပေးတာက မဖြစ်သင့်ဘူး။ သမ္မတအနေနဲ့ နိုင်ငံရေးအကျဉ်သားအားလုံးကို မြန်မြန်စီစစ်ပြီး လွှတ်ပေးသင့်တယ် ။ အခုလို ဟိုတစ်ယောက်ဒီတစ်ယောက်လွှတ်နေတာက ထောင်ထဲမှာ ကျန်နေခဲ့သူတွေရော သူတို့တွေရဲ့ မိသားစုတွေကိုပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ နိုင်ငံတော်အနေနဲ့ ဒီလူတွေကို ခပ်မြန်မြန် လွှတ်ပေးဖို့တောင်းဆိုပါတယ်”

၂၀၁၃ သြဂုတ် ၂ရက်နေ့ထုတ် News Watch(စောင့်ကြည့်) သတင်းဂျာနယ်တွင် “မုန့်လုံးစက္ကူကပ်သလို”

သတင်းဆောင်းပါမှ ဦးရဲအောင်(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနှင့် ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြနေတာတွေက တစ်ဖက်သတ်ဖြစ်နေပါတယ်။ သူတို့တစ်တွေဖော်ပြကြတာတွေက ရခိုင်လူမျိုးတွေက အစွန်းရောက် အမျိုးသားရေး ဝါဒီတွေဆိုတဲ့ ပုံစံနဲ့ ပြောဆိုဝေဖန်နေကြပါတယ်။ ဒါကြောင့် UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို အဖြစ်မှန်တွေကို သိစေချင်လို့ ရေးရတာပါ။ ဒီလိုရေးသားတဲ့နေရာမှာလဲ လူထုနှစ်ထောင် ကျော်ကို တွေ့ဆုံမေးမြန်းပြီးတော့ ရလာတဲ့အချက်အလက် တွေပေါ်မူတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။ ဒါပြင်အစီရင် ခံစာကို ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့ သက်ဆိုင်ရာ ပါတီတွေကို တင်ပြပြီးတော့ လွှတ်တော်ထဲ အထိအရောက်ပို့သွားမှာပါ”

၂၀၁၃ သြဂုတ် ၂ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်သတင်းစာ “ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ ရခိုင်ပြည်နယ်နှင့် ပက်သက်သည့် အစီရင်ခံစာ ထပ်မံထုတ်ပြန်” အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦး (ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့)၏ ပြောကြားချက်အား ကေက်နှုတ်ချက်။


“လယ်ယာမြေပြဿနာတွေကို လုပ်ပိုင်ခွင့်ရှိတဲ့ တိုင်းဒေသကြီး အစိုးရ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် အစိုးရတို့က အမြန်ဆုံးဖြေရှင်းပေးပါ။ မဖြေရှင်းပေးရင် ဒီထက်ပို ကျွက်ကျွက်ညံ သွားမယ်ဆိုတာ အတိအလင်း ပြောလိုက်တယ်”

၂၀၁၃ သြဂုတ် ၂ရက်နေ့ထုတ် အင်ပါယာ နေ့စဉ်ထုတ်သတင်းစာတွင်“ လယ်ယာမြေများအား လုပ်ပိုင်ခွင့် ရှိသူများက အမြန်ဆုံးမဖြေရှင်းပေးက ဒီထက်ပိုကျွက်ကျွက်ညံသွားမည်ဟု မိတ္ထီလာဒေါ်မြင့်မြင့်အေးပြော” သတင်းမှ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မြင့်မြင့်အေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့အိမ်ခြေမြေဈေးနှုန်းက အမေရီကန်နိုင်ငံ လော့စ်အိန်ဂျလိစ်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အဆပေါင်း ၁၀၀ကွာတယ် ဘာလို့လဲ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးတွေကြီးတယ်ဆိုတာ ပွဲလန့်တုန်းဖျာခင်းတတ်တဲ့သူတွေ ကြောင့်ပေါ့ ။ မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးနှုန်းတွေက ကမ္ဘာမှာ ဈေးအကြီးဆုံးလို့ ပြောတာတွေခံနေရတယ်။ အဲဒီတော့ အပင်ပန်ခံပြီး ဘယ်နိုင်ငံနဲ့မှ နှိုင်းယှဉ်ပြစရာတောင်လိုမယ် မထင်ဘူး။ စီမံကိန်း မစမီကတည်းက အဲဒီနေရာကို ဝယ်ထားတဲ့လူတွေကရှိတယ်။ ဝယ်ပြီးသွားရော ဘာစီမံကိန်းဆောက်မယ်ဆိုပြီးအော်လိုက်တယ်။ မြန်မာနိုင်ငံက စီမံကိန်းဆို ဈေးတက်တာပဲလေ”

၂၀၁၃ သြဂုတ် ၂ရက်နေ့ထုတ် Yangon Times Daily တွင် “မြန်မာမြေဈေး အမေရီကန်ထက်ပင်ဈေးကြီး ရင်နှီးမြှုပ်နှံရန် စိတ်ပျက်လက်ပျက်ဖြစ်” သတင်းမှ စီပွားရေးပညာရှင် ဦးလှမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment