Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အင်အားသုံး ဖြေရှင်းနေမယ့်အစား ညှိညှိနှိုင်းနှိုင်း အဖြေရှာကြရင် ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲကို ရောက်ခဲ့ပါတယ်။ ယခုလို ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းဟာ အလင်းသစ်တစ်ခုရဲ့ အစလို့ ဆိုနိုင်ပေမယ့် အားလုံးဟာ ထင်ထင်ရှားရှား မြင်ကွင်းဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရ နှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မြ၀တီမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရန်တို့ ပါဝင်သည့် သဘောတူညီမှုရရှိ” သတင်းမှ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“စစ်မတိုက်ရဘဲနဲ့ ငြိမ်းချမ်းအောင် စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ စနစ်က ခွင့်မပြုဘူး။ လုပ်လို့ မရဘူး။ အခု ကျွန်တော်တို့ တောင်းဆိုတဲ့ ဒီမိုကရေစီစနစ်မှာ စနစ်က ခွင့်ပြုတယ်။ သမ္မတကလည်း ခွင့်ပြုတယ်။ အဲဒီတော့ လုပ်ကြတယ်။ မီးကုန်ယမ်းကုန် လုပ်ကြတယ်။ စစ်ဖြစ်တဲ့ အနေအထားကို မဖြစ်အောင် ကျွန်တော်တို့က ဆွဲချရမယ်။ ဆွဲချတဲ့အခါ စားပွဲဝိုင်းမှာ ငြင်းကြခုံကြလေ။ တိုက်ပွဲဆင်နွှဲကြတယ်”

၂၀၁၃ သြဂုတ်လ ၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရ အဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အပစ်အခတ် ရပ်စဲရေးအဆင့်တွင်သာ ရပ်ထား၍ ပြဿနာများ ပြန်ဖြစ်နေရခြင်းဖြစ်” သတင်းမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

မေး။   ။ ဒီလုပ်ငန်းစဉ်အတွက် ရန်ပုံငွေကို ဘယ်သူက ထောက်ပံ့ပါသလဲ။

ဖြေ။   ။ ဒါကတော့ INGO တွေ ပါမယ်။ NGO, UN အေဂျင်စီတွေ ရှိမယ်။ သူတို့က ဒီလုပ်ငန်း လုပ်တဲ့အခါမှာ သူတို့ကိုယ်တိုင် သူတို့ Donor ဆီက ရထားတဲ့ ရန်ပုံငွေက တစ်ဆင့်လုပ်ပါတယ်။ အစိုးရအဖွဲ့အစည်း အနေနဲ့လည်း အစိုးရဘတ်ဂျက်ထဲကနေ ပြီးတော့ လုပ်လို့ရတဲ့ ခေါင်းစဉ်ကနေ သုံးတာဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ ရံပုံငွေလို့ သီးသန့်ထားတာ မရှိပါဘူး။

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ဦးစီးအရာရှိ ဦးကျော်လင်းထင် နှင့် အင်တာဗျူး” မှ  ဦီးကျော်လင်းထင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဒီလိုအချိန်မှာ စိန်ခေါ်မှုတွေလဲ အများကြီးပဲ။ အခွင့်အရေးတွေလဲ အများကြီးပဲ။ မြန်မာနိုင်ငံမှာ စိတ်ဝင်စားနေတာ ကိစ္စတစ်ခုရှိတယ်။ ဘာလဲဆိုတော့ လက်ပံတောင်းတောင် စီမံကိန်းပဲ။ အဲဒီမှာလဲ စိန်ခေါ်မှုတွေ အများကြီးပဲ။ ဒါကို ကိုယ့်ဘက်ပါအောင် လုပ်နိုင်ရမယ်။ ပြည်သူတွေ ကိုယ့်ဘက် ပါအောင် လုပ်နိုင်ရမယ်။ နိုင်ငံခြားကုမ္ပဏီတွေ ကိုယ့်ဘက်ပါအောင် လုပ်နိုင်ရမယ်။ ဒေသခံတွေ ကိုယ့်ဘက်ပါအောင် လုပ်နိုင်ရမယ်ဆိုရင် တစ်နေ့ကျရင် အောင်မြင်မှုတွေ ရသွားနယ်။ ဒီသမိုင်းက လုပ်ငန်း တကယ် အကောင်အထည်ဖော်နိုင်တဲ့ အချိန်ကျရင် ကမ္ဘာမှာ ဒုတိယကြေးနီအတွက် အများဆုံး ဖြစ်တယ်”

၂၀၁၃ သြဂုတ်လ ၆ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လက်ပံတောင်းတောင်သည် ကမ္ဘာတွင် ဒုတိယ ကြေးနီအထွက်အများဆုံး ဖြစ်သဖြင့် အားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ဟု သမ္မတ၏ လူမှု နှင့် စီးပွားအကြံပေး ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ၏ လူမှုရေး နှင့် စီးပွားရေးအကြံပေး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပရော်ဖက်ရှင်နယ်မဟုတ်ဘူး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ် ဖြစ်တော့ ဥပဒေပညာရပ်ကို ၉၀ ရာခိုင်နှုန်းလောက် မကျွမ်းကျင်ဘူး။ ဒီလို ပရော်ဖက်ရှင်နယ်တွေကို ခေါ်ပြီးတော့ တာဝန်ပေးတာက ပိုကောင်းတယ်”

၂၀၁၃ သြဂုတ်လ ၆ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်ကို ပြင်ပ ပညာရှင်၊ တပ်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment