Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS(2)
Document

Snapshot of the item below:
CURRENT NEWS(2)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  ဟံသာဝတီ လေဆိပ်တည်ဆောက်ရန်နှင့် ရန်ကုန်၊မန္တလေးလေဆိပ် အဆင့်မြှင့်တင်ရန်အတွက် တင်ဒါအောင်သူများ ကြေညာ

 ဟံသာဝတီ လေဆိပ်တည်ဆောက်ရန်နှင့် ရန်ကုန်၊မန္တလေးလေဆိပ် အဆင့်မြင့်တင်ရန်အတွက် တင်ဒါအောင်သူများ ကြေညာ

ရာနှုန်းပြည့် ရင်နှီးမြှုပ်နှံမှုရမည့် ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်း အတွက် ကိုရီးယားကုမ္ပဏီ ငါးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော(Incheon Airport)အဖွဲ့၊ ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် စင်င်္ကာပူ၊ တရုတ် ကုမ္ပဏီများ ပါဝင်သော(Pioneer Aerodrome Services)အဖွဲ့၊ မန္တလေး လေဆိပ် အဆင့်မြှင့်တင်မှု လုပ်ငန်း အတွက် ဂျပန်ကုမ္ပဏီမှဦးဆောင်သည့် ပြည်တွင်းကုမ္ပဏီတစ်ခု ပါဝင်သော (Mitisubishi-Jalux Inc) အဖွဲ့တို့မှ လုပ်ကိုင်ခွင့် တင်ဒါများ အောင်မြင်ခဲ့ကြောင်း လေကြောင်းညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။

ယင်းလုပ်ငန်းများ လုပ်ကိုင်ရန် အရန်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသော ကုမ္ပဏီများမှာ ရန်ကုန်လေဆိပ်အတွက် စင်င်္ကာပူ ကုမ္ပဏီတစ်ခု ဦးဆောင်သော(Yongnam-CAPE-JGC)အဖွဲ့အား လည်းကောင်း၊ မန္တလေးလေဆိပ်အတွက် ပြင်သစ် ကုမ္ပဏီတစ်ခုမှ ဦးဆောင်၍ ပြည်တွင်းမှ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီပါဝင်သော(VINCO Airport)အဖွဲ့အား လည်းကောင်း၊ ဟံသာဝတီ လေဆိပ်အတွက် စင်င်္ကာပူကုမ္ပဏီတစ်ခုဦးဆောင်သော (Yongnam-CAPE-JGC) အဖွဲ့အား လည်းကောင်း အသီးသီး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ဒါရရှိသည့် အဖွဲ့များနှင့် ပထမအဆင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြ၍ ကျန်လုပ်ငန်းအဆင့်များအား သုံးလအတွင်း အပြီးသတ်ရွေးချယ် လုပ်ဆောင်သွားမည်ဖြစ်ပြီး လေကြောင်းညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ဟံသာဝတီလေဆိပ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်၊ ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်းနှစ်ရာနှင့် မန္တလေးလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ သန်းနှစ်ရာအား တင်ဒါရရှိသည့် အဖွဲ့များမှ ရင်းနှီးမြှုပ်နှံရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment