Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS(1)
Document

Snapshot of the item below:
CURRENT NEWS(1)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်များ ပိုပေးထားရန် သမ္မတဆုံးဖြတ်
  2. ကရင်လူမျိုးဒုက္ခသည်များအတွက် အိုးအိမ်နေရာများ ပြန်လည်ထူထောင်နိုင်ရန် KNU ကြိုးပမ်း
  3. မြန်မာနိုင်ငံရှိ ကျေးလက်နေတိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်

တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့်များ ပိုပေးထားရန် သမ္မတဆုံးဖြတ်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြေရှင်းရေး အပါအဝင် အချက်ငါးချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရသို့ လုပ်ပိုင်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတက သြဂုတ်လ ၉ ရက်နေ့တွင် နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် ဒုဝန်ကြီးချုပ်များအား တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ပြည်တွင်း ပဋိပက္ခဖြစ်စဉ်များအတွင်း အသေးအဖွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် လူအုပ်စုဖွဲ့၍ ရမ်းကားမှုများတွင် လက်ဦးမှု ရယူနိုင်ခဲ့ခြင်းမရှိသောကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း အဆိုပါ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လုံခြုံရေးအင်အားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ တိုက်ရိုက် စီမံခန့်ခွဲရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားသည်။

 “အရင်တုန်းက ပဋိပက္ခတွေ ဖြေရှင်းတဲ့အခါမှာ အချိန်ပိုယူရတာပေါ့။ ကျွန်တော်တို့က အထက်ကို အမိန့်တောင်းခံပြီး ဟိုက အခြေအနေရ ပြန်ချပေးတယ်။ အခုကဝန်ကြီးချုပ်ကပဲ ကွပ်ကဲလို့ရပြီဆိုတော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ ပဋိပက္ခတွေဖြေရှင်းတဲ့ အခါမှာ ပိုပြီးတော့ ထိရောက်&