Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS(1)
Document

Snapshot of the item below:
CURRENT NEWS(1)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဗုဒ္ဓစာပေများ ထုတ်ဝေရာတွင် အဓမ္မဝါဒသက်ရောက်မှုပါသော အရေးအသားများ မပါရှိစေရန်အတွက် စီစစ်ရန် စီစဉ်

ဗုဒ္ဓစာပေများ ရေးသားထုတ်ဝေရာတွင် အဓမ္မဝါဒ သက်ရောက်သော အရေးအသားများ မပါရှိစေရန်အတွက် စီစစ်ပြီးမှ ထုတ်ဝေခွင့်ပြုမည့် တင်ထုတ်စနစ်ကိုသာ ကျင့်သုံးသင့်သည်ဟု သံဃာ့မဟာနာယက ဆရာတော်ကြီးများက မိန့်ကြားကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ထံမှ သိရသည်။

“မကြာမီက ကျင်းပပြီးစီးခဲ့တဲ့ သံဃာ့မဟာနာယကအဖွဲ့ အစည်းအဝေးမှာ ဆရာတော်ကြီးတွေက မိန့်ကြားပါတယ်။ အခု ထုတ်ဝေဖြန့်ချီတဲ့ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်တဲ့ စာပေတွေမှာ အဓမ္မဝါဒကို အခြေခံတဲ့ အရေးအသားတွေ တွေ့နေရတဲ့အတွက် အရမ်းကိုအန္တရာယ် ကြီးနေပါတယ်။ တင်ထုတ်စနစ်ကို ကျင့်သုံးပါလို့ မိန့်ကြားပါတယ်”ဟု ဦးဆန်းဆင့်က ပြောသည်။

ယခင်များက စာပေစီစစ်ရေးရှိသောကြောင့် ဘာသာရေးနှင့် ပတ်သက်သော အချက်လေးချက်ကို  အခြေခံကာ ဘာသာရေး စာပေများကို စီစစ်ခဲ့ပြီး စာပေစီစစ်ရေး ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ထုတ်တင်စနစ်ကြောင့် အဓမ္မဝါဒသက်ရောက်သည့် အရေး အသားများ ပါရှိသော၊ ဗုဒ္ဓကျမ်းဂန်များနှင့် မကိုက်ညီသော စာပေများကို ဖြန့်ချီမှုများရှိလာသည်။ ထို့ကြောင့် ဖြန့်ချီပြီးသွားသော အဓမ္မဝါဒ သက်ရောက်သော စာအုပ်များကို လိုက်လံ သိမ်းဆည်းရန်မှာ မဖြစ်နိုင်သောကြောင့် စီစစ်ရန် ညှိနှိုင်းသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် အခြားဘာသာများတွင်လည်း သက်ဆိုင်ရာ ဘာသာများ၏ ကျမ်းဂန်များနှင့် မညီညွတ်ပါက ထုတ်ဝေခွင့်ကို ပိတ်ပင် သွားမည်ဖြစ်ကြောင်း ၎င်းက တပါတည်း ပြောကြားသွားသည်။

အခြားစာပေများကို လွတ်လပ်စွာ ထုတ်ဝေခွင့်ပေးထားသည်မှာ ဖြစ်သင့်သော်လည်း ဘာသာရေးနှင့် သက်ဆိုင်သော စာပေများတွင် အဓမ္မဝါဒသက်ရောက်မှု မရှိစေရန်အတွက် တင်ထုတ်စနစ်ကို ပြတ်ပြတ်သားသား ကျင့်သုံးသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ဘာသာရေးစာပေများကို ဗုဒ္ဓ၏ကျမ်းဂန်များနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စီစစ်နိုင်ရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တွင် စာပေမဟာဌာန ကြီးကို ဖွဲ့စည်းထားရှိပြီး အဆိုပါဌာနကြီးမှ ဗုဒ္ဓစာပေများကို စီစစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

YC


 ဘိန်းဖြူ နှင့် လက်နက် မှောင်ခိုလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပတ်သက်နေမှု စုံစမ်းဖော်ထုတ် အရေးယူမည် 

မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ ဘိန်းဖြူ နှင့် လက်နက်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု သတင်းများ ရရှိထားမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေး အထူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခုလက်ရှိတွင် သတင်းရရှိထားမှုများကို မှန်ကန်မှု ရှိ ၊ မရှိ ကို စစ်ဆေးသွားမည် ဖြစ်ကာ အထောက်အထား ခိုင်လုံစွာဖြင့် မှန်ကန်မှု ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နာမည်စာရင်း ရထားပြီးပြီ။ တချို့က လက်နက်ရောင်းဝယ် ဖောက်ကားမှု၊ တချို့က မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေပေါ့။ လောလောဆယ် မှန်မှန်စစ်ဆေးနေတုန်းပါ။ အသေးစိတ်ပြောလို့တော့ မဖြစ်နိုင်ဘူး။ ပွင့်လင်းလာတဲ့ခေတ်၊ ဒီမိုကရေစီခေတ်လို့ ဆိုတဲ့နေရာမှာ ဒီလိုမျိုး လုပ်ရပ်တွေက ရှိလာနေပြီဆိုတော့ တရားဥပဒေအရပဲ ဆောင်ရွက်ရမယ်။ နာမည်ကြီးသူဋ္ဌေး၊ နာမည်ကြီး လုပ်ငန်းရှင် ဆိုပြီး ဥပဒေချိုးဖောက်လို့ မရပါဘူး။ အထောက်အထား ခိုင်လုံရင် ဘယ်သူပဲဖြစ်ဖြစ် ဖမ်းမှာပါ” ဟု မူးယစ်အထူးတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လက်နက်လုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ၌ နာမည်ကြီးနေသော ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်အချို့ အနေဖြင့် ဥပဒေပြင်ပမှ စီးပွားရေးလုပ်ဆောင်မှုများကို ထိထိ ရောက်ရောက် အရေးယူတားမြစ်ရန် လိုအပ်ကြောင်း၊ လွန်ခဲ့သော ငါးနှစ်ခန့်ကလည်း စီးပွားရေး လုပ်ငန်းရှင်လောကတွင် နာမည်ကြီးခဲ့သူ မောင်ဝိတ်သည် မူးယစ်ဆေးဝါးမှုဖြင့် တရားဥပဒေအရ အရေးယူ ခံခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း၊ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

“နာမည်တော့ ထုတ်မပြောချင်တော့ဘူး။ ဒီလိုဖြစ်ရပ်မျိုးကို တကယ် အရေးယူမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရလက်ထက် ကောင်းမွန်တဲ့ တရားစီရင်ရေးစနစ်တစ်ခု ပေါ်ထွန်းလာမယ်” ဟု ၎င်းက ပြောဆိုသည်။

YC


အခွန်ကင်းလွတ်ခွင့်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ကို စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များ ခံစားလိုပါက MIC သို့ ပြန်လည် လျှောက်ထားရမည်

လက်ရှိ ပုံမှန်လည်ပတ်လျက်သည့် မြန်မာနိုင်ငံမှ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေအရ အခွန်ကင်းလွတ်ခွင့် ခံစားလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ သူရ ဦးသောင်းလွင်၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အခု ပြည်တွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းအဟောင်းတွေမှာ ပြည်တွင်း လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ပြည်ပ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် ဥပဒေအရ ခွင့်ပြုထားတဲ့ အခွန်ကင်းလွတ် သက်သာခွင့်တွေ ခံစားခွင့်ရဖို့ ဆိုရင် MIC ကို ပြန်လည်လျှောက်ထားနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုရှိရင် အခွန် ကင်းလွတ် သက်သာခွင့်လည်းရှိပါတယ်။ အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်ပေးတယ်။ လုပ်ငန်းအဟောင်း တွေက ဒီလို ခံစားခွင့်လိုချင်ရင် လုပ်ငန်းမှာ ထပ်ပြီး ရင်းနှီးတာမျိုး၊ လုပ်ငန်းအသစ် ထပ်တိုးချဲ့တာမျိုးတွေ တင်ပြပြီး အခွန်ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်ပါတယ်”ပာု ၎င်းက ဆက်လက် ပြောကြား သည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတွင်း လုပ်ငန်းများဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူနိုင်စေရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များ ချထားပေးရာတွင် လုပ်ငန်းစဉ်များ လျှော့ချ၍ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်း ကျင့်သုံးနေသည့် ကုန်သွယ်လုပ်ငန်းအခွန်ထက် VAT (ထပ်ဆင့်တိုး အခွန် ကောက်ခံခြင်း) က ပိုမိုကောင်းမွန်ကြောင်း International Growth Center (LSE/ Oxford) မှ စီးပွားရေးပညာရှင် Mr.Andrea Smurra က ဖေန်ပြောကြားခဲ့ပြီး ထိုကဲ့သို့ ပြောကြားမှုအပေါ် ပြည်တွင်းလုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး သူရ ဦးသောင်းလွင်ကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။

“ကုန်သွယ်ရေးလုပ်ငန်း အခွန်က လုပ်ငန်းအဆင့် ခြောက်ဆင့်ရှိတယ်ဆိုရင် ဆောင်ရမယ့် အခွန်က နှုန်းထား ပိုများလာမယ်။ ထုတ်လုပ်မှုကိုလဲ လျော့ကျစေတယ်။ စွမ်းဆောင်နိုင်တဲ့ အခွန်စနစ် ရှိမှသာ နိုင်ငံခြားလုပ်ငန်း ရှင် တွေကိုလဲ ယှဉ်ပြိုင်နိုင်မယ်။ ပြီးတော့ တင်ပို့မှုကိုလဲ လျော့ကျစေတယ်။ နောက်တစ်ချက်က ပုံမှန်မဟုတ်တဲ့ မသမာတဲ့ အရာတွေကိုလဲ အားပေးရာ ရောက်စေတယ်။ ဒီကုန်သွယ်ခွန်က စီးပွားရေးလုပ်ငန်းရှင်တွေကလဲ အခွန်ရှောင်တာတွေ ရှိနိုင်တယ်။ ဒီ့အတွက် ကုန်သွယ်အခွန်က မကောင်းဘူးလို့ မြင်တယ်” ဟု Mr.Andrea Smurra က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြန်မာရင်းနှီးမြှုပ်နှံကော်မရှင်အား စတင်၍ မဖွဲ့စည်းမီကတည်းကပင် လုပ်ငန်းဆောင်ရွက် နေသူများ နှင့် လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများအကြား အခွန်သက်သာခွင့် အပါအ၀င် အခြားသော လိုင်စင်ကြေး ပေးရ သွင်းရမှု စသည့် ကွာဟသည့် အခြေအနေများ ရှိနေ ကြောင်းလည်း လုပ်ငန်းရှင်းများကလည်း ပြောဆိုနေကြသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment