Transparency Myanmar

transparency.myanmar@gmail.com

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခု အားလုံးဆွေးနွေးပြီးတော ၁၄ ဖွဲ့ဖြစ်ပါတယ်။ ဦးသိန်းဇော်တို့ အဖွဲ့က အဖွဲ့ (၁) ပေါ့။ သူတို့ အဖွဲ့က ခုနစ်ဖွဲ့ ဆွေးနွေးထားတယ်။ ဦးအောင်မင်းတို့ အဖွဲ့က ခုနစ်ဖွဲ့အားလုံး ၁၄ ဖွဲ့ ဆွေးနွေးထားတယ်။ ကျွန်တော်တို့ ကျန်တာက တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ ကချင်တစ်ခု ကျန်တယ်။ ပြီးတော့ TNLA လို့ ခေါ်တဲ့ ပလောင်ပေါ့။ အဲဒီလောက်ပဲ ကျန်တော့တယ်။ ကျန်တာက မရှိသလောက်ပဲ။ အဲဒါတွေ အားလုံးပြီးရင် ကျွန်တော်တို့က တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို လတ်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်တက်မှာ။ အခု ဒီနေ့ လုပ်တဲ့ပွဲက နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပဲ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၄) တွင် ပါရှိသော “တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို သုံးလ၀န်း ကျင်အတွင်း ပြုလုပ်နိုင်ရေး ဆောင်ရွက်နေဟု ဆို” သတင်းမှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တရားဥပဒေကို ကျွန်တော်တို့ ကျော်လို့မရသလို ဘယ်သူမှ ကျော်လို့မရဘူး၊ ဥပမာ နိုင်ငံရေး ပြစ်မှု ကျူးလွန်တယ်၊ သူတို့ကို ကျွန်တော်တို့က မတရားအသင်းက ပယ်ဖျက်ပေးလိုက်မယ်ဆို နိုင်ငံရေးပြစ်မှု ကျူးလွန်သူအားလုံးက အလိုလိုပါသွားမှာပေါ့။ တကယ်လို့သူတို့က ရာဇ၀တ်မှု ကျူးလွန်တယ်၊ ထိခိုက်နစ်နာ တာတွေ သေကြေပျက်စီးမှုတွေ ရှိတယ်ဆိုရင် ကျွန်တော်တို့ ဘာမှလုပ်ပေးလို့ မရဘူး။ လုပ်ပေးလိုက်မယ်ဆို ပြည်သူတွေအပေါ်မှာ ကျွန်တော်တို့ သစ္စာဖောက်ရာ ကျမယ်။ ဒါတော့ သူ့ပြဿနာ သူရှင်းရမှာ ဖြစ်တယ်။ နိုင်ငံရေးပြစ်မှု ကတော့ ကျွန်တော်တို့ လွှတ်ပေးလို့ ရသလို လျော့ပေးလို့ပဲ ရတယ်။ ကျန်တာတော့ လုပ်ပေးလို့ မရဘူး။ ဘာလို့လဲဆိုတော့ နစ်နာတဲ့သူတွေ ရှိတဲ့အတွက် ကြောင့်မို့ပါ။ ပြည်သူတွေဘက်က ရပ်တည် ပေးရမှာ ပါ။ ကျွန်တော်တို့ဘက်က ဘာတွေလုပ်ပေးနိုင်လဲ ဆိုတော့ တရားရုံးကိုသွားပြီး အမှုရင်ဆိုင်တဲ့အခါမှာ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေးတို့ကို စီစဉ်ပေးသွားမှာပါ။ ကျန်တာကတော့ တရားဥပဒေအတိုင်းပါပဲ”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အမည်မည်း စာရင်း ထည့်သွင်း ခံထားရသည့် အဖွဲ့ဝင်များ တရားဥပဒေကြောင်းအရသာ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြော” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


မေး။  ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အတွင်းကပဲ  ပြင်ဆင်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ ရေးဆွဲထားတဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုမျိုး ညှိနှိုင်းပြီး ပြင်ဆင်မလဲ။

ဖြေ။  ။UNFC အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ ပြောကြာတာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေမှာလည်း သေချာဆွေးနွေး ညှိနှိုင်းဖို့လိုတယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီး တော့မှ ဒေါ်အောင်ဆန်း စုကြည်တို့လို ဒီမိုကရေစီအင်အားစုတွေ ဘက်ကရော လက်ရှိအစိုးရဘက်ကရော သေချာဆွေးနွေးပြီး တိုင်းပြည်တစ်ခုလုံး သဘောတူညီချက်တွေရပြီး ကျွန်တော်တို့နိုင်ငံက ဘယ်လိုလုပ် သင့်တယ်။ ဘယ်လိုပေါ်လစီတွေ ချသင့်တယ်။ ပြည်တွင်း စစ်တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ဖွဲ့စည်းပုံထဲမှာ ဘာတွေပါသင့်သလဲဆိုတဲ့ အမျိုးသား သဘောတူညီ ချက်တွေ ရပြီး။ အဲဒီအပေါ် အခြေခံပြီးတော့ ဆောင်ရွက်မှသာလျှင် ကျွန်တော်တို့အနေနဲ့ ယုံကြည်တာကအခုနှစ် ၆၀ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းနိုင်မယ်။ ကျွန်တော်တို့ကြားထဲမှာ ယုံကြည်မှုတွေ တည်ရှိနိုင်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲပြင်မယ်။   ဒါကိုပဲလုပ်မယ် ဆိုရင်တော့ ဒါဆေးမြိးတိုပါ။ ခဏတစ်ဖြုတ်သက်သာတဲ့ ရောဂါပုံစံမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တကယ် ဖြစ်နေတဲ့ ရောဂါဆိုးကြီးကိုတော့ မကုနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ်  The Myanmar Post  ဂျာနယ် အတွဲ(၅)အမှတ် ( ၃၂) တွင်ပါရှိသော “တအောင်း(ပလောင်)ပြည် လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်နှင့် တွေ့ဆုံခြင်း”သတင်းမှ  တအောင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖယ်ဒရယ်စနစ်သာ မြန်မာပြည်မှာ ရရှိခဲ့မယ်ဆိုရင် ပြည်တွင်းစစ်တွေကတော့ အမြန်ဆုံးငြိမ်းလိမ့်မယ်။ အပစ်ခတ်တွေ ရပ်စဲတာဆိုရင်တော့ သေနတ်ပစ်သံတွေ ရပ်သွားတာပေါ့။  ဒါပေမယ့် တကယ်စစ်မှန်တဲ့ မှန်ကန်တဲ့ စစ်ပြေငြိမ်းမှုတော့ မရှိသေးဘူး။ တကယ်ဖယ်ဒရယ်စနစ်ကို ပေးမယ်ဆိုရင်တော့ စစ်ပြေငြိမ်းမှုကို အမြန်တော့ရမှာပေါ။ လက်ရှိအစိုးရက ဒ်ီမိုကရေစီလမ်းစဉ်ကို သွားတယ်ပေါ့။ ဒါပေမယ့်အခု ရေတွင်းတူး ရေကြည်သောက်လို့တော့ မရဘူးပေါ့။ အခုသွားနေတာက မွေးလာတဲ့ကလေးလိုပေါ့။ မွေးလာတဲ့ကလေးငယ် သေးသေးလေးကို ကြီးလာတဲ့အထိတော့ စောင့်ရဦးမှာပေါ့။။ ဒီမိုကရေစီ တစ်ခုတည်း ပြောလို့မရဘူး။ ခုနက ကျွန်တော်ပြောသလို ဖယ်ဒရယ်စနစ်ပါမယ်ဆိုရင် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်က ခေါင်းနဲ့ ပန်းနဲ့ဆိုတော့ ဖယ်ဒရယ်ပါ ပါလာမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးရလာရင်တော့ ခုနကလို တော်လှန်တာတွေ ရှားလာမယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက် ပြည်သူ့ဆန္ဒ အတွဲ(၁)အမှတ် ( ၂၂) တွင် ပါရှိသော  “ဖယ်ဒရယ်စနစ် မြန်မာပြည်မှာ ရရှိခဲ့ပါက ပြည်တွင်းစစ်များ အမြန်ဆုံးငြိမ်းလိမ့်မည်ဟုဆို” သတင်းမှ ကယန်းအမျိုးသားပါတီမှ တွဲဖက်အတွင်းရေးမှူး ခွန်ကာသစ်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကုန်သွယ်ရေးလုပ်ငန်း အခွန်က လုပ်ငန်းအဆင့် ခြောက်ဆင့်ရှိတယ်ဆိုရင် ဆောင်ရမယ့် အခွန်က နှုန်းထား ပိုများလာမယ်။ ထုတ်လုပ်မှုကိုလဲ လျော့ကျစေတယ်။ စွမ်းဆောင်နိုင်တဲ့ အခွန်စနစ် ရှိမှသာ နိုင်ငံခြားလုပ်ငန်း ရှင် တွေကိုလဲ ယှဉ်ပြိုင်နိုင်မယ်။ ပြီးတော့ တင်ပို့မှုကိုလဲ လျော့ကျစေတယ်။ နောက်တစ်ချက်က ပုံမှန်မဟုတ်တဲ့ မသမာတဲ့ အရာတွေကိုလဲ အားပေးရာ ရောက်စေတယ်။ ဒီကုန်သွယ်ခွန်က စီးပွားရေးလုပ်ငန်းရှင်တွေကလဲ အခွန်ရှောင်တာတွေ ရှိနိုင်တယ်။ ဒီ့အတွက် ကုန်သွယ် အခွန်က မကောင်းဘူးလို့မြင်တယ်”

၂၀၁၃ သြဂုတ်လ ၁၂ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကုန်သွယ်ခွန် သည် လုပ်ငန်းရှင်များအား အခွန်ရှောင်မှုကို ဖြစ်စေနိုင်ဟု ပြည်ပစီးပွားရေးပညာရှင် ဝေဖန်” သတင်းမှ International Growth Center (LSE/Oxford) မှ စီးပွားရေးပညာရှင် Mr.Andrea Smurra ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


 

Attached: Q & C
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment