Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဒီဥပဒေကို ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေကို ထိခိုက်အောင်မသုံးရဘူးဆိုတာ ကျွန်တော်တို့ ဘာမှကန့်ကွက်စရာ မရှိဘူးသဘောတူတယ်။ နောက်တစ်ခုက ကျွန်တော်တို့က အရေးယူမှုနဲ့ တစ်ခုမှမပတ်သက်ဘူး။ ချက်ချင်းကျွန်တော်တို့ အရေးယူတာမဟုတ်ဘူး။ စာအုပ်တစ်အုပ်ထွက်လာရင် မသင့်တော်ဘူးထင်လို့တစ်ယောက်ယောက်က တိုင်ရင်ကြားနားမယ်။ ပြီးရင်ခဏပိတ်ထားမယ်။ ပြီးရင်တရားရုံးက ဆုံးဖြတ်ရင် ပိတ်ဆိုလည်း ပိတ်မယ်။ ဒါမှမဟုတ်လည်း ပြန်လွှတ်မယ်။ ကျွန်တော်တို့နဲ့က ဘာမှမပတ်သက်ဘူး”

 ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ်  Empire Daily  နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ် ( ၅၇) တွင် ပါရှိသော “စာနယ်ဇင်းဥပဒေပြင်ဆင်ရေး ပြည်ထောင်စုဝန်ကြီး စာနယ်ဇင်းကောင်စီဆွေးနွေး”သတင်းမှ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိအခြေအနေမှာ အသစ်ရေးမယ် အဟောင်းပြင်မယ်ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာမယ်။ ထိပ်တိုက်ရင်ဆိုင်သွားမယ်ဆိုရင် အီဂျစ်မှာလို အာဏာသိမ်းမှု ပြန်ဖြစ်လာနိုင်တယ်။ ကျွန်တော် တို့က ဒါကလည်း မြင်ထားမှရမယ်။ နိုင်ငံရေးသမားတွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင် ဆုံးဖြတ်ထားတဲ့ အပေါ်မှာ ဘာတွေလာမယ်ဆိုတာပြင်ထားဖို့ လိုမယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော  “ဖွဲ့စည်းပုံ အခြေခံဥပဒြေ ပင်ဆင်ရေး/ အသစ်ရေးဆွဲရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် ထိပ်တိုင်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ဟု ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင်” သတင်းမှ ချင်းအမျိုးသားတပ်ဦး(CNF) အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျှန်မုန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အခုထွက်လာတဲ့ ဥပဒေတွေကို ကြည့်လိုက်ရင် ထိန်းချုပ်ထားတာတွေ များနေတယ်။ ပြည်သူတွေကို ချုပ်ထားတာတွေ ဖြစ်နေတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် လွှတ်တော်အမတ်တွေ ဥပဒေကို တကယ်နားမလည် မလည် သိနိုင်တယ်။ လွှတ်တော်အမတ်တွေက   ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုရင် ပြည်သူတွေကို အကျပ်အတည်းရောက်အောင် မလုပ်သင့် ဘူး။ ဥပဒေကိုလဲ နားလည်၊ ပြည်သူ့ဘက်ကလဲ ရပ်တည်တယ်ဆိုရင် ပြည်သူ့အတွက် အကျိုးပြုတဲ့ဥပဒေတွေကို သူတို့ပြဋ္ဌာန်း နိုင်မှာပါပဲ” 

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၁၉) တွင် ပါရှိသော “လွှတ်တော်အမတ်တွေ ပြည်သူ့အတွက် ဥပဒေကိုလေ့လာပါ”သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဝန်ကြီးဌာနလုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြားဝန်ကြီးဌာနများ၏ ပေါင်းစပ်ညှိနှိုင်းမှုအားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးမှု မရှိဘဲ ဗဟိုမှ တိုက်ရိုက်အမိန့်ပေးကွပ်ကဲသည့် စနစ်ကျင့်သုံးနေခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့်အာဏာဖြန့်ခွဲမှု မရှိခြင်း စတဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်တာကိုတွေ့ရှိရတဲ့အတွက် မိမိတို့ရဲ့စိတ်ဓါတ်(Mind Set) ပြင်ပြီးဌာနမှ တာဝန်ယူရတဲ့လုပ်ငန်းကဏ္ဍများ အဆင်ပြေချောမွေ့ တိုးတက်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။ ဒါမှလည်း ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်လာပြီး ပြည်သူ့အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှာဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ထုတ်         Venus  News  ဂျာနယ် အတွဲ(၅)အမှတ်(၃) တွင် ပါရှိသော “ဝန်ကြီးဌာနအချို့ လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး ဗဟိုမှ တိုက်ရိုက်အမိန့်ပေးကွပ်ကဲသည့်စနစ် ကျင့်သုံးနေကြောင်း သမ္မတ ဝေဖန်” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကော်မရှင်အနေနဲ့က အလုပ်သမားတွေ အတွက်တင်မကဘဲ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေကိုပါ နိုင်ငံတော်ကိုတောင်းဆိုပေးသွားမှာပါ။ အလုပ်ရှင်တွေမှာပဲ အဓိကတွေ့ရတဲ့ပြဿနာတွေက မြေယာအခက်အခဲတွေ၊ လျှပ်စစ်မီးပြဿနာတွေ၊ လုပ်သားအင်အား လိုအပ်သလောက်မရရှိတဲ့ ပြဿနာတွေ အများဆုံးတွေ့နေရပါတယ်။ အခြားနိုင်ငံတွေက မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့သဘောကျနေချိန်မှာ ဒီအချက်တွေက အတားအဆီးဖြစ်နေပါတယ်။ ပြည်တွင်းမှာလဲ ခုလက်ရှိက လျှပ်စစ်မီးပြဿနာပေါ့။ တချို့စက်ရုံတွေဆို မီးမရလို့ပိတ်ရမလိုတောင်ဖြစ်နေတာတွေရှိပါတယ်။ ဒီပြဿနာတွေကို ကော်မရှင်က တင်ပြတောင်းဆိုပေးသွားမှာပါ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်ထုတ် Yangon Time နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ်(၉၀) တွင် ပါရှိသော “အလုပ်ရှင်များ၏ လိုအပ်ချက်ကို အစိုးရထံ တောင်းဆိုပေးမည်ဟုဆို” သတင်းမှ လေ့လာရေးကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment