Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ (၁)

(The Japan Times မှ  12 Aug  2013  ရက်စွဲပါ Mitsubishi , JALUX on inside  track to run Myanmar airport  သတင်းကို ဘာသာပြန်ဆိုသည်)

(12 Aug 2013 ရက်စွဲပါ Shanghai Daily မှ Xinhua၏ Myanmar steps up measure for reform ကို ဘာသာပြန်ပါသည်)

( AFP မှ 13 Aug 2013  ရက်စွဲပါ “Myanmar clashes signal growing Muslim despair” သတင်းကို ဘာသာပြန်ဆိုသည် )


တံတားဦးလေဆိပ်မွမ်းမံ လုပ်ကိုင်ခွင့်ကို  Mitsubishi , JALUX နှင့် ရိုးမတို့  ပူးပေါင်းထားသော ဖက်စပ် ကုမ္ပဏီရရှိ

(The Japan Times မှ  12 Aug  2013  ရက်စွဲပါ Mitsubishi , JALUX on inside  track to run Myanmar airport  သတင်းကို ဘာသာပြန်ဆိုသည်)

မန္တလေးလေဆိပ်ကို ပြန်လည်မွမ်းမံရန် နှင့် လုပ်ကိုင်ရန်အတွက် မြန်မာအစိုးရထံမှ ညှိနှိုင်းခွင့်ပြုသည့် အခွင့်အရေး ရရှိပြီဖြစ်ကြောင်း ဂျပန် Mitsubishi Corp နှင့် JALUX တို့က တနင်္လာနေ့တွင် ပြောကြားသည်။

အဆိုပါ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် မြန်မာကုမ္ပဏီ SPA project management Ltd တို့ ပူးပေါင်းပါဝင်သော အဖွဲ့ အနေဖြင့်  တင်ဒါအောင်မြင်ပါက  မန္တလေးလေဆိပ်ကို  ၂၀၁၄ မှစ၍ နှစ် ၃၀ လုပ်ကိုင်ရန်အတွက်  မြန်မာအစိုးရ လေကြောင်း ဦးစီးဋ္ဌာနနှင့် ဖက်စပ်လုပ်ငန်း ထူထောင်သွားမည်ဟု ဆိုပါသည်။

၎င်းစီမံကိန်းအတွက် ယန်းငွေ ခြောက်ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ လေဆိပ်ပစ္စည်းကိရိယာ၊ နည်းပညာ တိုးတက်ရေးတွင် အတွေ့အကြုံရှိသော Mitsubishi ၏ ကျွမ်းကျင်မှုနှင့် နိုင်ငံရပ်ခြားလေဆိပ်လုပ်ငန်း လုပ်ကိုင်ရာတွင်  အတွေ့အကြုံရှိသော တစ်ခုတည်းသော ဂျပန်ကုမ္ပဏီ JALUX ၏ လုပ်ငန်းကျွမ်းကျင်မှု တို့ဖြင့် စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု ဂျပန်ကုမ္ပဏီများက ဆိုပါသည်။

မြန်မာနိုင်ငံ အလယ်ဗဟိုတွင် အချက်အခြာကျသော မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လောလော ဆယ်တွင်  မြန်မာနိုင်ငံအစိုးရက စီမံလုပ်ကိုင်လျက်ရှိသည်။ ၄င်းလေဆိပ်ကို  ၂၀၁၂ ခုနှစ်တွင် ခရီးသွား ၅၈၀,၀၀၀ခန့်က အသုံးပြုခဲ့ကြပြီး  ယခင်တစ်နှစ်ကထက် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာသည်ဟု သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲလာမှု နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးလာမှုတို့ကြောင့်  ခရီးသွားအရေ အတွက် တိုးပွားလာတော့မည်ဟု မျှော်လင့်ရပါသည်။

ဖက်စပ်ကုမ္ပဏီတွင် ပါဝင်သော SPA project management Ltd ကို Yoma Strategic Holdings က အပြည့်အဝ ပိုင်ဆိုင်သည်ဟု ဆိုသည်။

 


မြန်မာက ပြုပြင်ပြောင်းလဲရေး အတွက် အရှိန်မြှင့်

(12 Aug 2013 ရက်စွဲပါ Shanghai Daily မှ Xinhua၏ Myanmar steps up measure for reform ကို ဘာသာပြန်ပါသည်)

မြန်မာအစိုးရသည် ပြီခဲ့သည့် အပတ်က သမ္မတဦးသိန်းစိန် ဦးဆောင်သော သီခြားဖြစ်သည့် အမျိုးသားပြုပြင်ပြောင်း လဲရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မတီသည် အစိုးရ၏ လက်ကျန်လ(၃၀)တွင် ပြုပြင်ပြောင်လဲရေး အစီအစဉ်များကို တိုက်ရိုက်လုပ်ဆောင်ရန် ဖြစ်ပါသည်။

ဦးသိန်းစိန်က ၎င်း၏အစိုးရသို့ ပြောကြားရာတွင် အစိုးရ၏ ကျန်ရှိသော သက်တမ်း လ(၃၀)တွင် သိသာထင်ရှား သည့် ရလဒ်များရအောင် ဖြစ်နိုင်သမျှကြိုးပမ်းရန် တိုက်တွန်းခဲ့ပါသည်။

ပထမလ(၃၀)ကို ပြန်လည် သုံးသပ်မည်ဆိုပါက ဦးသိန်းစိန်၏ ကျန်ရှိသော လ(၃၀)တွင် ဦးသိန်စိန်၏ အစိုးရသည် ဒီမိုကရေစီအတွက် အံသြဖွယ် အသွင်ကူပြောင်းရေးကာလကို ချမှတ်နိုင်ခဲ့ပြီး၊ တိုင်းပြည်တွင် ပိုမိုကောင်းမွန်သော နိုင်ငံရေး ဝန်ကျင်ကို ဖန်တီးပေးခဲ့ပါသည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးတက်ခဲ့ပြီး အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ပါသည်။

အစိုးရသည် ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥပဒေများ၊ စည်းမျဉ်းများကို ဖြေလျော့ခြင်း၊ အသွင်ကူပြောင်ရေးကာလ မဟာဗျူဟာ စီမံကိန်းအဖြစ် အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ပါသည်။

ဒုတိယသက်တမ်း လ(၃၀)အတွက် အစိုးရသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ပိုမိုဦးစားပေးရန် လိုအပ်ချက်နှင့် ပြည်သူလူထု ဗဟိုပြုဖွံဖြိုးတိုးတက်ရေး ချဉ်းကပ်မှုများမှ တဆင့် လူမှု-စီးပွားအကျိုးအမြတ်များ ပြည်သူလူထု ထံ ရောက်ရှိရန် သောချာစေရေးကို အလေးပေးမည်ဆိုပါသည်။

အစိုးရက ကျန်ရှိသော လ(၃၀)အတွက် ပေါင်းစည်းလုပ်ဆောင်မှု စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ပါသည်။ သို့မှသာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ အကြုံးဝင်မည် ဖြစ်ပြီး၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကြား လုပ်ငန်းတာဝန်များ မထပ်ရေး ရှောင်ရန်တိုက်တွန်းခဲ့ပါသည်။

ပြုပြင်ပြောင်းလဲရေးတွင် မြင်သာထင်သာသော ရလဒ်များသေချာစေရေးအတွက် ဦးသိန်းစိန်က အစိုးရနှင့် စီးပွားရေးတစ်ခုလုံး၏ ၉၀ ရာခိုင်းနှုန်းရှိသော ပုဂ္ဂလိက ကဏ္ဍတို့ကို ကောင်းမွန်စွာလုပ်ဆောင်ရေးကို တိုက်တွန်းခဲ့ပါသည်။

သမ္မတက ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်စေရန် ၎င်းအနေဖြင့် ဝန်ကြီးများ၊ ဒုဝန်ကြီး များနှင့် ညွှန်ကြားရေးမှူးချုပ်များအပါအဝင် အစိုးရအကြီးတန်း ရာထူးများကို ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ရသည်ဟု ဝန်ခံခဲ့ ပါသည်။

ဒုတိယ သက်တမ်းလ(၃၀)တွင် သမ္မတကြီးသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဦးစားပေးမည်ဖြစ်ရာ လျှပ်စစ်ဓါတ်အားဖြည့်ဆည်းရေး၊ သောက်သုံးရေနှင့် ဆည်လုံလောက်မှုရှိရေး၊ အလုပ်အကိုင်ပိုမိုဖန်တီပေးမည့် SME နှင့် စက်မှုဖွံဖြိုးရေးတို့ကို မျက်ခြေမပြတ် ကြည့်ရှုသွားမည်ဖြစ်ပါသည်။

ဦးသိန်းစိန်က အောက်ခြေတွင် မူဝါဒများ အကောင်အထည်ဖော်ရန် ဖြန့်ဝေရေးယူနစ်များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရန် တောင်းဆိုခဲ့ပါသည်။ ၎င်းအဖွဲ့များသည် ပြည်သူများသို့ အပေါင်းလက္ခဏာဆောင်သော ရလဒ်များ ဆောင်ကြဉ်း နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှုများမှ တဆင့်လုပ်ဆောင်ရန်ရည်ရွယ်ပါသည်။

အမျိုးသားစီးပွားတိုးတက်ရေးနှင့် ပတ်သက်၍ ဒေသဆိုင်ရာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးများ ကိုပိုမိုလုပ်ဆောင်ရန် သမ္မတက အလေးအနက်ပြောကြားခဲ့ပါသည်။

 


 

မြန်မာနိုင်ငံ မှ ပဋိပက္ခများက ရိုဟင်ဂျာတို့၏ မျှော်လင့်ချက်မဲ့ အခက်အခဲကြီးထွားလာခြင်းကို ထင်ဟပ်နေ

( AFP မှ 13 Aug 2013  ရက်စွဲပါ “Myanmar clashes signal growing Muslim despair” သတင်းကို ဘာသာပြန်ဆိုသည် )

နှစ်လတာအတွင်း သုံးကြိမ်ခန့် ရိုဟင်ဂျာ မွတ်ဆလင်များကို ရဲတပ်ဖွဲ့များက ပစ်ခတ်ခဲ့ပြီးနောက် မနှစ်က လူမျိုးရေး အဓိကရုဏ်းကြောင့် ကြေမွသွားတော့ ရခိုင်ပြည်နယ်တွင် ပြန်လည်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုများ အောင်မြင်ရန် ဖြစ်နိုင်ခြေမရှိတော့ဘဲ တင်းမာမှုများ ပြန်လည်ဖြစ်ပေါ်နေပါသည်။

သေဆုံးသူရိုဟင်ဂျာအမျိုးသမီးအလောင်းကို ရဲစခန်းသို့ ယူဆောင်စစ်ဆေးမှုကြောင့် အငြင်းပွားရာမှ အကြမ်းဖက် ဆူပူလာသော ရိုဟင်ဂျာ လူအုပ်ထံသို့ ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် မြို့တော်စစ်တွေအပြင်ဘက် ကျေးရွာများ တွင် ပဋိပက္ခဖြစ်နိုင်သည့် အန္တရာယ်ရှိနေဆဲပင်ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် တုန့်ပြန်မှုကို ရင်ဆိုင်နေရသော ရိုဟင်ဂျာတို့အနေဖြင့် မျှော်လင့်ချက်မဲ့ ထင်ရာစိုင်းမှုများ ကြီးထွားလာသည်ကို ယင်းပဋိပက္ခများက ပြသနေပါသည်။ ယခုနောက်ဆုံးဖြစ်ရပ်တွင် အနည်းဆုံး နှစ်ဦးသေဆုံးပြီး၊ တစ်ဒါဇင်ကျော် ဒဏ်ရာရရှိသည်ဟု ဒေသခံသတင်းများက ဆိုပါသည်။

မနှစ်ကလူ ၂၀၀ ခန့်သေဆုံးကာ ၁၄၀,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော အဓိကရုဏ်း နှစ်ကြိမ်ဘေးသင့်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပြန်လည်တည်ငြိမ်မှုရအောင် အစိုးရက ကြိုးပမ်းနေသည့်ကြားမှပင် တင်းမာမှုများ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။

အချို့သတင်းများတွင် ရိုဟင်ဂျာလူအုပ်ကို ရဲတပ်ဖွဲ့က ပစ်ခတ်သည်ဟု ဖော်ပြထားပြီး၊ အချို့သတင်းများတွင်မူ ရိုဟင်ဂျာလူအုပ်၏ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကို ရဲများကပစ်ခတ်လူစုခွဲခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ လူမျိုးရေး၊ ဘာသာရေး ပြဿနာများတွင် ပြည်ပမှ အစ္စလာမ်အဖွဲ့များ၊ ပြည်တွင်းမှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နှေးကွေးစေလိုသူများ၊ ဗုဒ္စဘာသာအစွန်းရောက်များ ပါဝင်ရောယှက်ပတ်သက်နေသည်ဟု အကဲခတ် လေ့လာသူ တစ်ချို့က ထောက်ပြပြောဆိုထားပါသည်။

မည်သို့ပင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး အလွန်အာဏာရရှိလာသော သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုများကို အဆိုပါ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများက လောင်းရိပ်မိုးကာ ဖိအားပေးနေသည်ဟု အကဲခတ်များ က မှတ်ချက်ပေးသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment