Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

ဘာသာပြန်သတင်းများ (၂)

(New Internationalist blog မှ 13 Aug 2013 ရက်စွဲပါ “This is just the beginning of Burma’s new beginning” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 12 Aug 2013 ရက်စွဲပါ “PTTEP rebuffs Myanmar bribery claim”သတင်းကို ဘာသာပြန်ဆိုသည်)


ခေတ်သစ်တစ်ခုစတင်ခြင်းရဲ့ အစမျှသာရှိသေး

(New Internationalist blog မှ 13 Aug 2013 ရက်စွဲပါ “This is just the beginning of Burma’s new beginning” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ မြို့တော်ရန်ကုန်၏ ရွှေရောင်ညနေခင်းတွင် စေတီဘုရာများ ရွှေရောင်ဝင်းကာ လမ်းများပေါ်သို့ အရိပ် ကျနေခြင်းသည် တိုင်းပြည်၏ အမှောင်ခေတ်အဆုံးသတ်သွားစေလိုသော ပြည်သူတို့၏ မျှော်လင့်ချက်ကို ကွက်တိ ထင်ဟပ်နေသော အလင်္ကာမြောက် မြင်ကွင်း ဖြစ်ပါသည်။

အားတက်စရာ ပြောင်းလဲခြင်းလမ်းမပေါ်မှ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ အာဏာရှင်စစ်အုပ်ချုပ်ရေး အလွန်တွင် ဒီမို ကရေစီခရီးကို ယခု တိုက်တွန်းအားပေးနေပေပြီ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသော၊ သမိုင်းတွင် အကြီး အကျယ်ဆုံး  လူထုအုံကြွမှုအရေးတော်ပုံ အထိမ်းအမှတ်ကျင်းပရန် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခင် အပတ် က လူပေါင်းထောင်ချီ စုဝေးခဲ့ကြခြင်းသည် Golden Land ဟုလူသိကြသော မြန်မာနိုင်ငံ၏ ခေတ်သစ်ကို ဖော်ကျူး နေသည်။

စစ်အစိုးရနှုတ်ထွက်ပေးရန် တောင်းဆိုကာ ကျောင်းသားများ လမ်းပေါ်ထွက်ခဲ့ကြသော ၁၉၈၈ သြဂုတ်လ ၈ ရက် လူထု အုံကြွမှုအထိမ်းအမှတ် ငွေရတုအခမ်းအနားကျင်းပရန်အတွက် ပြီးခဲ့သောကြာသပတေးနေ့က MCC ခန်းမတွင် လူပေါင်း ထောင်ချီစုဝေးရောက်ရှိလာခဲ့ကြသည်။ ၁၉၈၈ ခုနှစ်က အမျိုးသားများ၊ အမျိုးသမီးများသာမက ကလေးသူငယ်များပါ  ပါဝင် ဆင်နွှဲခဲ့ကြသည့် နိုင်ငံလုံးကျွတ်အုံကြွမှုသည် ရက်စက်ကြမ်းတမ်းစွာ နှိမ်နှင့်ခြင်းခံခဲ့ရပြီး၊ လူပေါင်း၃၀၀၀ခန့် အသက် ဆုံးရှုံးခဲ့ရသည်။ အဆိုပါ အခမ်းအနားသို့ အတိုက်အခံပါတီဝင်များ၊ အာဏာရပါတီဝင်များ၊ ပြည်ပရောက်ကျောင်းသားများ၊  သံတမန်များ၊ ပြည်တွင်းပြည်ပသတင်းထောက်များ၊ သံဃာတော်များ၊ တက်ရောက်ခဲ့ကြ သည်။

အာဏာရှင်စနစ် အဆုံးသတ်ပြီး ၂ နှစ်အကြာတွင်မှ အထမဆုံးအကြိမ် တရားဝင်စတင်ကျင်းပခွင့် ရရှိသော ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသော ပရိတ်သတ် ၅၀၀၀ ကျော်ကို  ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်း ပြောကြားရာတွင် ပြန်လည်သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ဆက်လက် တိုးတက်အောင် အားထုတ်ကြရန် တိုက်တွန်းခဲ့သည်။

အနီရောင်ရိုးရာ ဝတ်စုံဝတ်ဆင်ကာ နှစ်ထပ်ခန်းမဆောင်အတွင်း ပရိတ်သတ်များကို မိန့်ခွန်းပြောကြားသူ  ဒေါ်အောင်ဆန်း စုကြည်က “အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရမ်းအရေးကြီးပါတယ်။ ကျွန်မတို့ လက်စားချေလို့ မဖြစ်ပါဘူး။ လူတိုင်းဟာ ကိုယ့်ဒေါသကိုယ်ထိန်းဖို့ တာဝန်ရှိပါတယ်“ဟု အလေးထားပြောဆိုသွားသည်။ သူမ၏မိန့်ခွန်းကို ခန်းမအပြင် ဖက်ရှိ မျက်နှာပြင်ကျယ် ရုပ်သံဖန်သားပြင်မှတဆင့်  စောင့်ကြည့်ကြသူအရေအတွက်မှာလည်း ထောင်နှင့်ချီသည်။ လူထုချစ်ခင် လေးစားသော ဒီမိုကရေစီ ခေါင်းဆောင်သည် လက်ရှိအရပ်ဖက် အစိုးရလက်ထက် ခေတ်သစ်လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် (အမတ်) တစ်ဦးအဖြစ် တရားဝင် လှုပ်ရှားလျက်ရှိသည်။

၎င်းနေ့ အစောပိုင်းတွင် ဒီမိုကရေစီလှုပ်ရှားသူများက မြို့လယ်ကိုဖြတ်သန်းချီတက်ကာ ရှစ်လေးလုံးအရေး တော်ပုံ အဓိက နှိမ်နှင်းခံရသည့် နေရာတစ်ခုဖြစ်သော ဆူးလေစေတီတော်တွင် အမှတ်တရ ပန်းခွေချခဲ့ကြသည်ဟု AFP သတင်း ဖော်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် တွေ့မြင်ရသော အပြောင်းအလဲများကြောင့် ပီတိဖြစ်နေသူမှာ ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက်  ထိုင်းနယ်စပ်မှတဆင့် သြစတြေးလျားသို့ ထွက်ပြေးရောက်ရှိခဲ့သူ တိုးဇော်လတ် ဖြစ်သည်။ ယခုအခါ DVB မီဒီယာ၏ ဗျူရိုအကြီးအကဲဖြစ်နေသူ တိုးဇော်လတ်က “ဒီအခမ်းအနားမှာ ပြည်ပရောက် ကျောင်းသားတွေ အများကြီးကို ပြန်တွေ့ရတာ  အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပြန်လည်ဆုံဆည်းမှုတစ်ခုလိုပါပဲ။“ ဟုပြောကြားသည်။

အသက် ၁၈ နှစ်အရွယ်တွင် မြန်မာနိုင်ငံကို စွန့်ခွာကာ ထိုင်းနယ်စပ်တွင် ငါးနှစ်ခန့်လက်နက်ကိုင် တော်လှန်ခဲ့ဘူးသူ တိုးဇော်လတ်သည် ယခုအခါ သတင်းထောက်အဖြစ် Sony ကင်မရာကို ကိုင်စွဲကာ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်လျက် ရှိသည်။ ပြည်သူတွေကို သတင်းပေးတဲ့ကိစ္စက အရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်ဟု ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံး၌ စစ်မှန်သောပြုပြင်ပြောင်းလဲမှုများဖြစ်လာလိမ့်မည်ဟု ၄င်းက အကောင်းမြင် ယုံကြည် နေသော်ငြားလည်း အပြောင်းအလဲများမှာ ယခုမှ အစသာရှိသေးကြောင်း ၄င်းက ဝန်ခံပြောဆိုသည်။

“အခုထိ မပြောင်းလဲသေးတဲ့အရာတွေ အများကြီးရှိနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းမှန် ပေါ်ကို ရောက်နေ ပါပြီ။ အခုကတော့ ခေတ်သစ်တစ်ခုစတင်မှုရဲ့ တကယ့်ကို အစပြုရုံလေးပဲရှိပါသေးတယ်“ ဟု ၄င်းက မှတ်ချက် ပေးသည်။

မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများကို “ အထက်မှဆင်းသက်သော (သို့) ခွင့်ပြုသော ပြောင်းလဲမှု”ဟု ပြည်ပအကဲ ခတ်များက ခေါ်ဝေါ်သမုတ်ကြပြီး၊ ပြည်တွင်းအကဲခတ်များကမူ “အတွင်းကြိတ်စီမံထားသော နိုင်ငံရေးလမ်း ကြောင်း“ ဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။


မြန်မာကမ်းလွန်လုပ်ကွက်လိုင်စင်အတွက် တန်စိုးလက်ဆောင်ပေးကြောင်း စွပ်စွဲချက်ကို PTTEP ငြင်းဆို

(Bangkok Post မှ 12 Aug 2013 ရက်စွဲပါ “PTTEP rebuffs Myanmar bribery claim”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံကမ်းလွန်ရေနံဓာတ်ငွေ့လုပ်ကွက် MD7၊ MD8 တို့နှင့်ပတ်သတ်၍ ပါင့်လင်းမြင်သာမရှိမှု၊ တန်စိုးလက်ဆောင် ပေးမှု စွပ်စွဲချက်များကို ထိုင်းနိုင်ငံပိုင်ရေနံကုမ္မဏီ PTTEP ကငြင်းဆိုကန့်ကွက်လိုက်ပါသည်။

Myanmar Times ဝက်ဘ်ဆိုက်ပါ သတင်းကို ပြန်လည်တုန့်ပြန်သည့် ကုမ္မဏီ စီအီးအို စွန်ပါနစ်က “ မြန်မာနိုင်ငံမာကာဘင်ပင်လယ်ပြင်မှ MD7၊ MD8 လုပ်ကွက်များအပါအဝင် ရေနံ၊ ဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေး လိုင်စင်များရရှိအောင် တန်စိုးလက်ဆောင်မပေးရန် PTTEP မူဝါဒချမှတ်ထားသည်“ ဟုပြောကြားသည်။

“PTTEP ဟာ ထိုင်းစာရင်းစစ်ချုပ်ရုံးလို စာရင်းတွေအများကြီးရှိတဲ့၊ ရှယ်ယာပိုင်ဆိုင်မှုတွေအများကြီးရှိတဲ့၊ လုံခြုံရေးနဲ့ ရှယ်ယာအိပ်ချိန်းကော်မရှင်ရှိတဲ့  အများပိုင်ကုမ္မဏီကြီးတစ်ခုပါ။ စီပွားရေးလုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားပါတယ်။့ ကုမ္မဏီဘယ်လိုလည်ပတ်နေသလဲဆိုတာကို စစ်ဆေးနိုင်ပါတယ်။ ကျွန်တော်တို့ကုမ္မဏီကို စာရင်းစစ်ဝင်လို့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာနှစ်အတော်ကြာပါပြီ။ အခုထိ ဒီလုပ်ကွက် နှစ်ခုတူးဖော်မှုကို မစရသေးပါဘူး။ ဒါ့ကြောင့် ရေနံထွက်မှာလား၊ ဓာတ်ငွေ့ထွက်မှာလား ဆိုတာလည်း ကျွန်တော်တို့ မသိရသေးပါဘူး“ ဟု မွန်ပါနစ်က ရှင်းလင်းပြောဆိုသည်။

အဆိုပါ လုပ်ကွက်နှစ်ခုစလုံးအတွက် တိုက်ရိုက်ညှိုနှိုင်းမှုများကို ယခုလေလံမတိုင်မှီ ၂၀၁၀ခုနှစ်တွင် စတင် ဆွေးနွေးခဲ့ကြပြီး၊ ယခုနှစ်အစောပိုင်းတွင် မြန်မာအစိုးရက ၄င်းရေနက်ပိုင်းလုပ်ကွက် လုပ်ပိုင်ခွင့်များကို PTTEP ကို ချပေးခဲ့သည်။

တန်စိုးလက်ဆောင်ပေးမှုစွပ်စွဲချက်ကို စွမ်းအင်ဝန်ကြီး ရပ်တာမွန်ပိုက်ဆယ်ကလည်း ငြင်းဆိုသည်။ PTTEP ကို ထိုင်းနိုင်ငံပိုင် PTTEP လုပ်ငန်းက အများစုရှယ်ယာပိုင်ပါတယ် “ကျွန်တော်တို့ ဒီလိုအဖြစ်မခံပါဘူး“ ဟု စွမ်းအင်ဝန်ကြီးက ဆိုသည်။

လောလောဆယ်တွင် PTTEP သည် မြန်မာကမ်းလွန်ရတနာနှင့် ရဲတံခွန်စီိမံကိန်းနှစ်ခုမှ ဓာတ်ငွေ့တစ်ရက်လျှင် ကုဗပေ ၁.၁ ဘီလီယံ ထုတ်ယူလျှက်ရှိသည်။

ထို့အပြင် ယခုနှစ်ကုန်တွင် ဓာတ်ငွေ့ထွက်ရှိတော့မည်ဟု မျှော်လင့်ရသော ဇောတိက (M9) လုပ်ကွက်ကိုလည်း လိုင်စင်ရထားသည်။

မနေ့က PTTEP ရှယ်ယာတစ်ယူနစ်လျှင် ငါးဘတ် တတ်ကာ ၁၆၀.၅၀ဘတ်ဖြင့် စာရင်းပိတ်ကာ ဘတ်ငွေ ရ၆ရသန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment