Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“နှစ်ဘက်စစ်ဖြစ်တာမျိုးတော့ မရှိပါဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို  ကြိုးစားနေတဲ့အတွက် သဘောတူညီ ချက်တွေကို အပြည့်အဝမလုပ်ဆောင်နိုင်သေးတာပါ။ နှစ်ဘက်အပြန်အလည် ယုံကြည်မှုတွေရဖို့ဆိုရင် ငြိမ်းချမ်းရေး စားပွဲဝိုင်း မှာပဲ ထပ်ပြီးကြိုးစားရမှာပါ။ တစ်ကြိမ်နှစ်ကြိမ် တွေ့ဆုံဆွေးနွေးရုံနဲ့ အပြန်အလှန် ယုံကြည်မှုရဖို့ မလွယ်ပါဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ်  လူထုပုံရိပ် ဂျာနယ် အတွဲ(၁)အမှတ် ( ၄၆) တွင် ပါရှိသော “ အစိုးရနှင့် KNPP သဘောတူညီချက် အကောင်အထည်ဖော်ရန် ယုံကြည်မှုလိုအပ်”သတင်းမှ  မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) မှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးလုပ်တဲ့အခါ အခက်အခဲတွေရှိတယ်။ ဒီလိုဖြစ်နေတာက တပ်ဖွဲ့တစ်ဖွဲ့တည်းက ဖြစ်နေတဲ့ပြဿနာမဟုတ်ဘူး။ တပ်ဖွဲ့တော်များများဖြစ်နေကြတာ။ နိုင်ငံတကာကလည်း ဆန်နဲ့ စားဝတ်နေရေးတော်တော်များများ ကူညီပေးတယ်။ နီပွန်ဖောင်ဒေးရှင်းက လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် နောက်ပိုင်းအိမ်ရာဆောက်လုပ်ပေးဖို့ရှိပါတယ်။ လူထုတွေဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှပါ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက် လူထုပုံရိပ်  ဂျာနယ်အတွဲ(၁) အမှတ်(၄၆) တွင် ပါရှိသော  “KNU တပ်မဟာ(၂) တော်လှန်ရေး ရန်ပုံငွေကောက်ခံ” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“မှန်ကန်တဲ့ Broadcasting Law ပေါ်ဖို့လုပ်နေတယ်။ ကျန်တဲ့လ ၃၀ မှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ဆောင်မယ်၊ နိုင်ငံတကာကိုကြည့်လိုက်ရင် ဒီမိုကရေစီနိုင်ငံတိုင်းမှာ မီဒီယာတွေရဲ့ သဘော သဘာဝကမတူညီတဲ့အတွက် အနည်းဆုံးတော့ Broadcasting Law နဲ့ Press Law တော့ ရှိပါတယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၆၀) တွင် ပါရှိသော “အစိုးရသစ်၏ ကျန်ရှိသည့် လ ၃၀ အတွင်း အသံလွှင်မီဒီယာဥပဒေ ပေါ်ပေါက်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆောင်ရွက်မည်”သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“သတင်းမီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီအတွက် သတင်းထောက်တွေအတွက် သက်သက်ရေးဆွဲထားတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအကျိုးအတွက် ရေးဆွဲထားတာပါလို့ ကျွန်တော်တို့စာနယ်ဇင်းကောင်စီက ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံး အကျိုးအတွက်ဆိုတဲ့ အချက်မှန်ရင် လွှတ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်လို့  လွှတ်တော်ကိုယ်စားလှယ်တွေက ယူဆရင် သူ့ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကလဲ ထောက်ခံဆွေးနွေးကြမှာပါလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးသူရရွှေမန်းက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးမှာရှိတဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံဆွေးနွေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလဲ ပါတီဝင်တွေအားလုံးကို သူတို့ရဲ့ သဘောဆန္ဒနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးမှာပါလို့ လိုလိုလားလား စိတ်ပါဝင်စားစွာ လက်ခံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက ဦးသူရရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးရတဲ့အတွက် စာနယ်ဇင်းကောင်စီအနေနဲ့ ဥပဒေ အတွက်လဲ ယုံကြည်မှု ပိုရှိလာပါတယ် ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ်         Mizzima  နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ်(၅၉) တွင် ပါရှိသော “ စာနယ်ဇင်းကော်စီနှင့် ဒေါ်စု၊ သူရဦးရွှေမန်း၊ ဦးဌေးဦးတို့ တွေ့ဆုံဆွေးနွေး” သတင်းမှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ ဆွေးနွေးပွဲ ရလဒ်က ကောင်းပါတယ်။ ပြည်တွင်းကို တရားဝင်ပြန်လာဖို့လည်း   ငြိမ်းချမ်းရေးအဖွဲ့က ကြိုဆိုပါတယ်။ ကျွန်တော်တို့တွေက ၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်သွားတယ်။ အဲဒီဘက်မှာ မီသားစုတွေ အခြေချပြီး ကလေးတွေက စာသင်နေတာတွေ ရှိတယ်။ အဲဒီကိစ္စတွေ အားလုံးရှင်းလင်းပြီးရင်တော့ မြန်မာနိုင်ငံထဲကို ပြန်လာမှာပါ။ ရခိုင်ပြည်နယ်ထဲက နိုင်ငံသားဖြစ်ခွင့်နဲ့ ဘင်္ဂါလီတွေကို စိစစ်မယ်ဆိုတာကိုလည်း လက်ခံပါတယ်။ ၁၉၈၂ ဥပဒေဟာ တိုင်းရင်းသားပေါင်းစုံကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေပါ။ ဒီဥပဒေကို မြန်မြန်အကောင်အထည်ဖော်ပေးဖို့ ကိစ္စကိုလည်းပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တောင်းဆိုထားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၂)အမှတ်(၀၃၀) တွင် ပါရှိသော “ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ၈၈ အမျိုးသားများကွန်ရက် (ရခိုင်) နဲ့ တွေ့ဆုံ” သတင်းမှ ၈၈ အမျိုးသားကွန်ရက်(ရခိုင်) အဖွဲ့ခေါင်းဆောင် ဦးခိုင်စွမ်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment