Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပြည်သူတွေဟာ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်လိုကြပါတယ်။ နောက်တစ်ခုက လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လို့ကြတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရဖြစ်တာနဲ့ အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူရဲ့ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့အစိုးရရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရမလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ရေးအတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ထုတ်  Daily Eleven  တွင် ပါရှိသော “ အစိုးရတစ်ဖွဲ့လုံး ပုဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတ ဦးသိန်းစိန် သတိပေး”သတင်းမှ  မြန်မာနိုင်ငံတော်ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီစနစ်ကိုသွားမဲ့တိုင်းပြည်တိုင်းမှာ ရှိသင့်တယ်။ ဥပဒေက နှစ်ခုရှိလာပြီဆိုတော့ ဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီက ရေးတဲ့ဥပဒေ နှစ်ခုကို ညှိနှိုင်းဖို့လိုပြီလို့  ကျွန်တော်ထင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက် Myanmar Post  Global  ဂျာနယ် အမှတ်(၁၂၂) တွင် ပါရှိသော  “သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းလာပါက အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ထောက်ခံဆွေးနွေးမည်” သတင်းမှ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး။  ။ နောက်ဆုံးအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဘာများပြောချင်ပါသလဲ ။

ဖြေ ။  ။လယ်ယာမြေသိမ်းခံရတဲ့ ကိစ္စတွေ၊ စားကျက်မြေတွေကို ငါးကန်ပုဇွန်ကန်လုပ်ပြီး ခရိုနီတွေဝင်သိမ်းတဲ့ ကိစ္စတွေ၊ တိုင်ကြားရင် အရေးမယူတဲ့ကိစ္စတွေ အများကြီးရှိနေတုန်းပဲ။ ကျွန်တော်ပြောချင်တာက လူအခွင့်အရေးတိုးတက်လာပါပြီ။ တိုးတက်ပါပြီလို့ သမ္မတကြီးတစ်ယောက်က နိုင်ငံခြားထွက်ပြောနေတာ မဟုတ်ဘဲနဲ့ နိုင်ငံတွင်းမှာ ရှိတဲ့ ဒေသတိုင်းမှာ လူ့အခွင့်အရေး လေးစားမှုတွေ ဖြစ်ဖို့လိုအပ်တယ်။ နေပြည်တော်နဲ့ လွှတ်တော်မှာပဲ ရာသီဥတုသာယာနေလို့မရဘဲနဲ့  ကျွန်တော်တို့အောက်ခြေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ချိုးဖောက်နေတဲ့ကိစ္စတွေကိုပဲ ဖော်ထုတ်ဖို့လိုအပ်တယ်။ အဲဒါမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုဖြစ်ပါလိမ့်မယ်။ ဒါမျိုးတွေဖြစ်အောင် လုပ်ဆောင်ကြပါလို့ ပြောနေလို့မရဘူး”

  ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ Myanmar Post  Global  ဂျာနယ် အမှတ်(၁၂၂) တွင် ပါရှိသော “အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည်မှုကော်မတီမှ ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း”သတင်းမှ  အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည်မှုကော်မတီမှ ဦးအောင်မျိုးမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဟင်္သာတမှာ ဆန်စက်တစ်ခုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းလုပ်ငန်းရှင် ပူးပေါင်းလုပ်ကိုင်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က မကြာသေးမီက ခွင့်ပြုခဲ့တယ်။ ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရာခိုင်နှုန်း ၈၀ ၊ ပြည်တွင်းဆန်စက် လုပ်ငန်းရှင်က ရာခိုင်နှုန်း ၂၀ လို့ ကျွန်တော်တို့ သိရပါတယ်။ MIC က ဒီလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခွင့် မပြုမီ စီးပွား/ကူးသန်း နဲ့ လယ်/ဆည် ၀န်ကြီးဌာနတွေကို တင်ပြရမယ်။ ၀န်ကြီးဌာနတွေရဲ့ သဘောထား မှတ်ချက်ပါလို့ MIC က ခွင့်ပြုရတာပါ။ မြန်မာပြည်မှာ အထည်ချုပ်စက်ရုံတစ်ခု ထောင်ဖို့ဆိုရင် စက်မှုဝန်ကြီးဌာနကို သဘောထားတောင်းတယ်။ ပြီးရင် အထည်ချုပ်အသင်းကို သဘောထား တောင်းတယ်။ ပြီးမှ စက်ရုံတည်ထောင်ခွင့်ကို MIC က ခွင့်ပြုတယ်။ အခု ဒီဆန်စက်လုပ်ငန်းမှာတော့ ကျွန်တော်တို့ဆီက သဘောထားတင်ပြချက်တွေကို မတောင်းခံဘဲ လယ်/ဆည် ၀န်ကြီးဌာနက ရက်ရက် ရောရော ခွင့်ပြုပေးနေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့အမြင်တွေ တောင်းခံသင့်တယ်လို့ တင်ပြသွားမယ်။ သူတို့ဘက်က တောင်းခံတာ မတောင်းခံတာကတော့ သူတို့ အပိုင်းပါ။ ကျွန်တော်တို့ကတော့ ပြောသင့် ပြောထိုက်တာ ပြောသွားမှာပဲ”

              ၂၀၁၃ သြဂုတ်လ ၁၅ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လယ်ယာထွက်ကုန် ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခွင့်ပြုရာ၌ တိုင်းရင်းသားလုပ်ငန်းရှင်ထက် မပိုသော ရင်းနှီးမြှုပ်နှံမှုကိုသာ ခွင့်ပြုရန် တင်ပြမည်” သတင်းမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရက အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်တဲ့အခါမှာ ပင်လုံလိုမျိုး အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတစ်ရပ် ကို လုပ်မယ်ဆိုတာကို အစိုးရဘက်က ပြောထားတာရှိတယ်။ အခုဆိုရင် ကျွန်တော်တို့အားလုံးကလည်း ဒါကို လုပ်ကြဖို့ တိုက်တွန်းနေကြတယ်။ အဲဒီလိုမျိုး တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ညီလာခံကြီးမှာ ကျွန်တော်တို့ ပအိုဝ်း အမျိုးသားတွေက တစ်မူတည်း တစ်သံတည်း ဘယ်လိုပြောကြမလဲပေါ့။ အဖွဲ့မတူကြတာတွေ၊ အနေအထား မတူကြတာတွေက အဖွဲ့တွေ ဘယ်လောက်များများ၊ ကျွန်တော်တို့အနေနဲ့က အမျိုးသားရေး မူဝါဒ တစ်မူတည်း တစ်သံတည်း ဘယ်လိုဆုံးဖြတ်ကြမလဲပေါ့”

၂၀၁၃ သြဂုတ်လ ၁၅ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အခြေခံဥပဒေ ချမှတ်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားညီလာခံ ကျင်းပမည်” သတင်းမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment