Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရတစ်ဖွဲ့လုံးအနေဖြင့် အကျင့်ပျက်ခြစားမှုများ ကင်းရှင်းစွာ စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေးပြောကြား

နိုင်ငံတော်အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း အကျင့်ပျက်ခြစားမှုများ ရှိနေသေးကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီး၏ ဝေဖန်မှုခံနေရသော အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ၊ အဂတိတရား ကင်းရှင်းအောင် စောင့်ထိန်းသွားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတရုံးတွင် သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်သည့် အသစ် ခန့်အပ်လိုက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး အဆင့်ရှိ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်း နှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြည်သူတွေဟာ ကျွန်တော်တို့ နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ ဖြစ်လိုကြပါတယ်။ နောက်တစ်ခုက လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော် တို့ဟာ ပြည်သူ ရွေးချယ်တဲ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရမလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက အစိုးရအနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀ သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက်ခံစားလိုသော ရေကောင်း ရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလားမှု အဆင်ပြေစေရေး၊ အလုပ်အကိုင် ရရှိရေးလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ကြရန် နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် မြန်မြန်ဆန်ဆန် တက်တက်ကြွကြွဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြရန်လည်း လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ဆက်လက် ထည့်သွင်းပြောကြားသည်။

နောက်ဆုံးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးအား “တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တတ် တာရှိပါတယ်။ အဲဒီလို လုပ်မှားကိုင်မှားတွေကို စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရအဖြစ် တာဝန်ယူခဲ့သော ပထမသက်တမ်း လ ၃၀ အတွင်း အစိုးရဌာနအချို့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်အချို့၏ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့် အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိလိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ် အပါအ၀င် ဌာနဆိုင်ရာ အရာရှိ စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၄၅၀ ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

YC


နိုင်ငံခြား ကုမ္ပဏီများကို မြန်မာ့ဆန်စပါးကဏ္ဍအတွင်း အလွယ်တကူ ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့် မပြုရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တောင်းဆို

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍအတွင်း နိုင်ငံခြားကုမ္ပဏီများကို လက်လီလက်ကားကူသန်းရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီစဉ်လျက် ရှိရာ မြန်မာနိုင်ငံ၏ ဆန်းစပါးကဏ္ဍ အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အားယူလုပ်ကိုင်နေရသည့် အချိန်မျိုးတွင် နိုင်ငံခြား ကုမ္ပဏီများကို အလွယ်တကူ ဝင်ရောက်ရင်းနှီး မြှုပ်နှံခွင့် မပြုရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်းသိရသည်။

“နိုင်ငံခြား လုပ်ငန်းရှင်များကို ခွင့်ပြုမယ့်အစား ပြည်တွင်းက အသေးစားနှင့် အလတ်စား လုပ်ငန်းတွေကို အားပေးသင့်တယ်။ ဆန်းစပါးလုပ်ငန်းတွေမှာ သူတို့ကသာ လုပ်ကိုင်ခွင့်တွေသာ ပေးလိုက်မယ်ဆိုရင် တစ်ချိန်မှာ ကျွန်တော်တို့ဟာ သူတို့ရဲ့ ပွဲစားဖြစ် သွားမယ်။ အဲဒါကြောင့် လက်ရှိရှိရင်းစွဲ ဆန်စပါးလောကက လူတွေကိုသာ အားပေးသင့်တယ်”ဟု ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ဆန်စပါးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ကြိုဆို သော်လည်း ယခုမှ ဖွံဖြိုးစပြုလာသော ပြည်တွင်း တိုင်းရင်းသားဆန်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများကို တရားမျှတသော ယှဉ်ပြိုင် မှုနှင့် အမျိုးသား အကျိုးစီပွားအတွက် အကာအကွယ် ပေးသင့်ကြောင်း မြန်မာနိုင်ငံက ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိ သူများက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဆန်စက်လုပ်ငန်း အပါအဝင် လယ်ယာထွက်ကုန် ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခွင့် ပြုရာတွင် တိုင်းရင်းသားလုပ်ငန်းရှင်များထက် မပိုသော ရင်းနှီးမြှုပ်နှံမှုကိုသာ လုပ်ကိုင်ခွင့် ပြုရန် သက်ဆိုင်ရာဌာနများသို့ တင်ပြ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ကော်မရှင်(MIC)က မကြာသေးမီက နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်း၊ ပြည်တွင်း ဆန်စက်လုပ်ငန်းရှင်က ၂၀ ရာခိုင်နှုန်းပါဝင်သော ဆန်စက်တစ်လုံးကို ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့၌ ခွင့်ပြုခဲ့ပါသည်။ MIC က ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံများကို ခွင့်မပြုမီ စီပွား/ကူသန်းနှင့် လယ်/ဆည်ဝန်ကြီး ဌာနများကို တင်ပြသင့်ပြီး ဝန်ကြီးဌာန တွေက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ သဘောထားကို တောင်းခံသင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် စပါးမှ ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုကို နိုင်ငံခြားသား ပါဝင်မှုမပြုဘဲ ဆန်လုံးညိုမှ ဆန်ဖြူကြိတ်ခွဲမှုကိုသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုကြောင်း၊ အခြားနိုင်ငံ များတွင်လည်း ဆန်စပါးကဏ္ဍတွင် ကန့်သတ်မှုများကို အမျိုးသား အကျိုးစီးပွား အတွက် ရှေ့တန်းတင် ပြုလုပ်ကြကြောင်းလည်း ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် အထက်ပါ ကိစ္စရပ်များအား အသင်းဝင် လုပ်ငန်းရှင်များ၏ သဘောထားနှင့် အကြံပြုချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

YC


စာနယ်ဇင်းကောင်စီမှတင်သွင်းသည့် လွှတ်တော်သို့တင်သွင်းမည့် ဥပဒေအမှန်တကယ် နိုင်ငံသားများအတွက် အကျိုးရှိပါက USDP နှင့် NLD တို့မှ ထောက်ခံဆွေးနွေးမည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ မကြာမီကာလအတွင်း လွှတ်တော်သို့တင်သွင်းမည့် သတင်းမီဒီယာဥပဒေမှာ အမှန်တကယ် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရည်ရွယ်၍ အကျိုးရှိမည်ဆိုပါက လက်ရှိ လွှတ်တော်တွင်း အင်အားကြီး ပါတီများ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီတို့မှ ထောက်ခံဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)မှ သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သြဂုတ်လ ၁၃ ရက်နေ့၌ နေပြည်တော်၌ ပြုလုပ် ကျင်းပခဲ့သည့် လွှတ်တော်နာယကဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် စာနယ်ဇင်းကောင်စီတို့၏ တွေ့ဆုံပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်နာယက သူရဦးရွှေမန်းက ကောင်မီမှ မကြာမီလွှတ်တော်သို့တင်သွင်းမည့် သတင်းမီဒီယာ ဥပဒေသည် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိပါက ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ ထားရှိခြင်းမရှိဘဲ မည်သည့်ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေဖြစ် ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီအနေ ဖြင့်လည်း လက်ရှိလွှတ်တော်တွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ ကို လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ပြုထားပြီးဖြစ်သည့် အတွက် ပြည်သူများအကျိုးရှိမည့် ဥပဒေဖြစ်ပါက ထောက်ခံဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့်လည်း အဆိုပါဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင်လည်း တွေ့ဆုံခွင့်တောင်းခံကာ ရှင်းလင်းတင်ပြ ဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၌ စာနယ်ဇင်းကောင်စီ(ယာယီ)မှ လွှတ်တော်သို့တင်သွင်းမည့် ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာကယ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီသစ်ပါတီမှ ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်း ပေးရန်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအကျိုးအတွက် ကောင်စီမှရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့တင်သွင်းမည့် လုပ်ငန်းစဉ်များ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကောင်စီ၏ ပြင်ဆင်အကြံပြုချက်များမပါဝင်ဘဲ ရေးဆွဲထားပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအား ကောင်စီကသဘောမတူ၊ ကန့်ကွက်၊ ပြင်ဆင်ထားသည့်အချက်များ၊ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက်သဘောတူထားခဲ့သည့် ကတိကဝတ်များ၊ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့သည်များနှင့် ကောင်စီက မကြာမီတင်သွင်းမည့် သတင်းမီဒီယာဥပဒေ အပေါ် ထောက်ခံဆွေးနွေးပေးရန် စသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)သည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် ကောင်စီမှရေးဆွဲထားသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပေးမည်ပာု ကမ်းလှမ်းလာသည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment