Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

( UPZ မှ 14 Aug 2013 ရက်စွဲပါ “ Myanmar business dealings still opaque ’’ သတင်းကို ဘာသာပြန်ဆိုသည်)

(Upstream Oil & gas News မှ 14 Aug 2013 ရက်စွဲပါ “ Daewoo eyes Burma gas ramp-up” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏ စီးပွားရေးခွင်များ ပွင့်လင်းမှုမရှိသေး

( UPZ မှ 14 Aug 2013 ရက်စွဲပါ “ Myanmar business dealings still opaque ’’ သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော ကုမ္ပဏီများ အပြည့်အဝပွင့်လင်းမြင်သာမှုရှိစေရေးအတွက် အမေရိကန် အစိုးရကို တောင်းဆိုထားကြောင်း Earth Rights International အုပ်စုက ပြော ကြားလိုက်ပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီများအနေဖြင့် ၄င်တို့၏ ရောင်းရေးဝယ်တာကိစ္စရပ်များတွင် လိုလိုလားလား ပွင့်လင်းမှုရှိစေရေးအတွက် အမေရိကန်သမတအိုဘားမားထံ စာရေးသား တောင်းဆိုထားအပ်ဟု ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးအုပ်စု Earth Right International ERI က ပြောကြားသည်။

ကုမ္ပဏီများ၏ ငွေကြေးဆိုင်ရာကိစ္စများတွင် ပွင့်လင်းမှု ယခုအချိန်ထိဆိုးဆိုးဝါးဝါး အားနည်း နေသေးကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရင်းနှီးမြုပ်နှံမှုသဘောသဘာဝနှင့် မဆိုင်သော ငွေကြေးကိစ္စရပ်များတွင် ပွင့်လင်းမြင်သာအောင် အမေရိကန် သမတက တင်းကြပ်ပေးစေလို  ကြောင်း ERI ကဆက်လက်ပြောကြားသည်။

ထို့အပြင် ၄င်းကုမ္ပဏီအားလုံး အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပွင့်လင်းရေး စည်းကမ်းချက်များကို မည်သို့မည်ပုံစီမံကိုင်တွယ်နေသည်ကို ရှင်းလင်းရန် အမေရိကန်အစိုးရ အားတောင်းဆိုထားသည် ဟုလည်း ERI ကအဂါင်္နေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာ ၅၀၀,၀၀၀ (ငါးသိန်း)နှင့်အထက် အသစ်ရင်းနှီးမြုပ်နှံသော အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ဇူလိုင် လ (၁) ရက်နောက်ဆုံးထား၍ အစီရင်ခံစာ တင်ရမည်ဟု အမေရိကန်အစိုးရဘတ်ဂျက်နှင့် စီမံခန့်ခွဲ ရေးဌာနက မေလတွင်ပြောကြားထားပါသည်။ အစီရင်ခံရမည့် စည်းကမ်းများတွင် လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု၊ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဦးနှင့် စီစဉ်ဆောင်ရွက်ရမှု များကိုထည့်သွင်း ထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရက ဒီမိုကရေစီသို့ ဦးတည်သောပြုပြင်ပြောင်းလဲမှုများ လုပ်ဆာင်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်အုပ်စုနိုင်ငံများက ယခင်အရေးယူ ပိတ်ဆို့ထားသော sanctions များကိုဆက်တိုက် ဖြေလျှော့ရုတ်သိမ်းပေးနေသည်။

လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာနိုင်ငံမှ အပြောင်းအလဲများကို sanctions များက ရှေ့တန်းမှ တွန်းအား ပေးခဲ့ကြခြင်း ဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။

Revenve Watch Institute ကဇွန်လတွင် ထုတ်ပြန်သော သယံဇာတ စီးပွားရေး ကဏ္ဍပွင့်လင်းမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အနိမ့်ဆုံး အဆင့်သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက အသံကျယ်ကျယ်  ပြောဆိုလာသော်လည်း အပြောနှင့် လက်တွေ့ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ အထူးသဖြင့် အကြီးတန်းအဆင့်အာဏာပိုင်များ၏ အမှားအယွင်းများကို အစိုးရက လူသိခံလိုပုံမရကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေံလာသူများက မှတ်ချက်ပေးကြသည်။


ဓာတ်ငွေ့တိုးမြှင့်ထုတ်ယူရန် Daewoo မျှော်မှန်း

(Upstream Oil & gas News မှ 14 Aug 2013 ရက်စွဲပါ “ Daewoo eyes Burma gas ramp-up” သတင်းကို ဘာသာပြန်ဆိုသည်)

ဓာတ်ငွေ့ထုတ်ယူကာစသာရှိသေးသော မြန်မာ့ကမ်းလွန်အကြီးဆုံးလုပ်ကွက်တွင် သိသိသာသာ တိုးမြှင့် ထုတ်ယူနိုင်ရေးအတွက် Daewoo International က လေ့လာနေပါသည်။

တောင်ကိုးရီးယားကုမ္မဏီသည် ၄င်းလိုင်စင်ရရှိထားသော အကြီးစားရွှေဝါရောင်ဓာတ်ငွေ့စီမံကိန်း၏ ထုတ်လုပ်မှု စတင်သည့်အနေဖြင့် ဇူလိုင်၁၅ရက်တွင်  မြလုပ်ကွက်မှ ဓာတ်ငွေ့စတင်ထုတ်ယူခဲ့သည်။

၎င်းလုပ်ကွက်တွင် မနှစ်က ထုတ်လုပ်ရေးတွင်း ၄တွင်း တူးဖော်ခဲ့ပြီးနောက် လောလောဆယ် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၁၂၀ ထွက်ရှိနေသည်။

သို့သော်လည်း နောက်ထပ် ထုတ်လုပ်ရေးတွင်းများ တိုးလာမည့် နောက်နှစ် နှစ်ကုန်ပိုင်းတွင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ သို့ တိုးမြှင့်ထုတ်လုပ်ရန် Daewoo က မျှော်လင့်ထားသည်။

လောလောဆယ် ထွက်ရှိလာသော ဓာတ်ငွေ့များကို မြန်မာနိုင်ငံဖြတ် ပိုက်လိုင်းမှတဆင့်  ယူနန်နယ်စပ်ကို  ဖြတ်သန်းက တရုတ် CNPC ကုမ္မဏီသို့ ရောင်းချပေးလျှက်ရှိပြီး Daewoo နှင့်အတူ ရှယ်ယာဝင်ကုမ္မဏီများအနေဖြင့် ၂၀၁၃ မှစ၍ နောက်ထပ် နှစ်ပေါင်း ၃၀တိုင်တိုင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း၅၀၀ ထုတ်ယူရောင်းချနိုင်မည်ဖြစ်သည်။

အနည်းဆုံး ဓာတ်ငွေ့ကုဗပေ ၄.၅ ထရီလီယံခန့် အေးအေးဆေးဆေး ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားသော ရွှေ၊ ရွှေဖြူနှင့် မြ လုပ်ကွက်များမှ ဓာတ်ငွေ့ဆက်လက်တူးဖော် ထုတ်ယူနိုင်ရန် Daewoo နှင့် လက်တွဲဖော် ပါတနာ ကုမ္မဏီများက စီစဉ်နေပါသည်။

အဆိုပါ ရွှေစီမံကိန်းကို ရင်းနှီးမြှုပ်နှံရာတွင် Daewoo International က ပင်မရှယ်ယာ ၅၁%၊ မြန်မာအစိုးရပိုင် MOGE က ၁၅%၊ ONGC နှင့် Gail  အိန္ဒိယကုမ္မဏီနှစ်ခုက ၁၇% နှင့် ၈.၅% နှင့် ကိုရီးယား Kogas က ၈.၅% အသီးသီးထည့်ဝင်ထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment