Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဒီ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုတာ အခြေခံဥပဒေမှာ အခန်း ၁၀ ပုဒ်မ ၄၀၄ (က) မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခါ ပုဒ်မ ၄၀၄ (ခ) မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့သူ ဖြစ်ရမယ်။ အဲဒီလို ဖြစ်တဲ့သူတွေဟာ ဒီမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာ ဖော်ပြထားတဲ့အတွက်ကြောင့် တန်းတူအခွင့်အရေး ရတယ်၊ ဒါတွေကို အခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ ဒီလိုမျိုး ပြန်ပြင်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအဆိုကို ကန့်ကွက်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၅ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မည်သည့်နိုင်ငံတွင်မှ မရှိသော ဘင်္ဂါလီများ အပါအ၀င် white card ကိုင်ဆောင်ထားသူအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှုအား အာဏာရပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကန့်ကွက်သဖြင့် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်း”  သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ်လို့သာ သူ့ကားကို လူအယောက် ၂၀၀ လောက်က ၀ိုင်းပြီး ဆွဲကြရင် အဲ့ဒီဒေသမှာ ရှိတဲ့လူတွေမှာ မိုဘိုင်းလ်ဖုန်းတွေ ရှိနေတယ်။ သတင်းထောက်တွေလည်း ရှိနေတယ်။ တကယ်လို့ ကုလသမဂ္ဂကလည်း တစ်ဦးချင်းစီ ပြောသွားတာပါ။ သူပြောတဲ့ပေါ် မူတည်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ပြောလာမယ်ဆိုရင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သလို တုံ့ပြန်ရမှာပေါ့။ အဲ့ဒီ အဖြစ်အပျက်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ လူတွေက သူ့ကားနားကို ယှဉ်ကပ်သွားတာက သူ့ကို အန္တရာယ် ပြုမယ့်သူတွေ မဟုတ်ဘူး။ သူ့ကို စာပေးဖို့ ကပ်သွားတာပါ။ သူ့နားမှာလည်း လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”

၂၀၁၃ သြဂုတ်လ ၂၅ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍  တိုင်းဒေသကြီး စုံစမ်းရေးကော်မရှင်က ပြန်လည်စိစစ်လျက် ရှိ” သတင်းမှ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုကျွန်တော်တို့ အစိုးရက ဆွဲနေတဲ့ ဘတ်ဂျက်တွေက အံချော်နေတာတွေ တွေ့ရတယ်။ ပြည်သူများ အတွက် လိုအပ်တာက တစ်မျိုး၊ ရေးဆွဲတဲ့ ဘတ်ဂျက်က တစ်မျိုး ဖြစ်နေတယ်။ အခု လက်ရှိအစိုးရရဲ့ သက်တမ်းကလဲ လ ၃၀ သာ ကျန်တော့တယ်။ ဒီတော့ နောက်နှစ် ဘဏ္ဍာနှစ်က စပြီး ပြည်သူတွေအတွက် တကယ် လိုအပ်မယ့် ဘတ်ဂျက်ကိုသာ သုံးစွဲသွားမှာပါ”

၂၀၁၃ သြဂုတ်လ ၂၇ ရက် The Flower News ဂျာနယ် အတွဲ (၉) ၊ အမှတ် (၃၃) တွင် ပါရှိသော “အစိုးရ ရေးဆွဲသည့် ဘတ်ဂျက် အံချော်နေဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြော” သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိက ဆွေးနွေးဖို့အချက်က WGEC အဖွဲ့ သွားတာရယ် ကျွန်တော်တို့ တပ်အနေနဲ့ သွားတာရယ်မှာ အစိုးရက ကြေညာထားတဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာထားတာရယ်မှာ နိုင်ငံရေး ဆွေးနွေးရာမှာ ဘယ်လိုဆွေးနွေးမယ်။ Time Frame (အချိန်သတ်မှတ်ချက်) တွေ ဘယ်လိုချမယ်ဆိုတာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ WGEC က အစိုးရနဲ့ ညှိမှာပေါ့”

၂၀၁၃ သြဂုတ်လ ၂၃ ရက် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒု - သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ တွေ့ရန်ရှိ” သတင်းမှ WGEC အဖွဲ့ဝင် RCSS/SSA (ရှမ်းပြည်တောင်ပိုင်း တပ်မတော်) လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းမိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စစ်ပွဲ ပဋိပက္ခတွေမှာ ကလေးစစ်သား စုဆောင်းနေမှုကို ချက်ချင်း အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ရဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆောင်ရွက်ချက်တွေနဲ့ ဒီလိုဆိုးရွားတဲ့ စုဆောင်းမှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တွေကို အပြည့်အ၀ ခွင့်ပြုလိုက်တာ ကျွန်တော် ကြိုဆိုပါတယ်”

၂၀၁၃ သြဂုတ်လ ၂၅ ရက် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရေး ကုလ နှင့် အပြည့်အ၀ ပူးပေါင်းရန် ဗြိတိန်တိုက်တွန်း” သတင်းမှ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ၀န်ကြီး ဟူဂိုဆွိုင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment