Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(25 August 2013 ရက်စွဲပါ BBC News Asia မှ Burma Violence; Rioters burn Muslim Homes and Shops သတင်းကို ဘာသာပြန်ဆိုသည်)

(The Japan Times မှ 23 Aug 2013 ရက်စွဲပါ  “Myanmar Offered Power Know.How” သတင်းကို ဘာသာပြန်ဆိုသည်)


မူဆလင်အိမ်များနှင့် ဈေးဆိုင်များကို အကြမ်းဖက်သမားများ မီးရှို့

(25 August 2013 ရက်စွဲပါ BBC News Asia မှ Burma Violence; Rioters burn Muslim Homes and Shops သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်ဖြစ်စဉ်များတွင် အကြမ်းဖက်သမားများသည် မူဆလင်များ ပိုင်ဆိုင်သည့် နေအိမ်များနှင့် ဈေးဆိုင်များအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဖြစ်စဉ်မှာ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်သော မူဆလင်အမျိုးသားအား ထုတ်ပေးရန် ရဲများက ငြင်းဆန်သောအခါတွင် ကန့်ဘလူမြို့လယ်၌ အကြမ်းဖက်မှုများ တစ်ညလုံး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်သည် မူဆလင်များအား တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် နောက်ဆုံးဖြစ်သော အကြမ်းဖက်မှုတစ်ခုဖြစ်ကာ ရဲများကလည်း ထိန်းသိမ်းနိုင်ခြင်း မရှိပေ။

ပြည်နယ်အစိုးရက အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ အင်အား ဖြည့်တင်းထားသည်။

အကြမ်းဖက်မှုသည် မြန်မာနိုင်ငံအတွင်းရှိ မူဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များ မည်မျှ ကိန်းအောင်းနေပြီဆိုသည်နှင့် တာဝန်ရှိသူများအနေဖြင့် ယင်းအခြေအနေကို ထိန်းသိမ်းရန် မည်မျှလျစ်လျူရှုသည်ကို ခါးသီးစွာ သတိပေးလိုက်ခြင်း ဖြစ်သည်ဟု ဘန်ကောက် BBC ရုံးမှ ဂျွန်နသန်က ပြောကြားသည်။

ယခု ရက်သတ္တပတ်အစောပိုင်းကလည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကန်တားနား စီးနင်းလိုက်ပါလာ သော ကားကို မိတ္ထီလာမြို့တွင် လူအုပ်ကြီးက တိုက်ခိုက်ခဲ့သေးသည်။ ၎င်းသည် မတ်လက ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုကို စုံစမ်းလေ့လာရန်လာရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ယဉ်တန်းမှာ တိုက်ခိုက်ခံရပြီး ၎င်း၏ကား တံခါးနှင့် ပြတင်းပေါက်များကို လူ ၂၀၀ ခန့်က ဝိုင်းဝန်း ကန်ကျောက် ထုနှက်နေသည်ကို ဒေသဆိုင်ရာ ရဲများက အကာအကွယ်မပေးခဲ့ဟု မစ္စတာကန်တားနားက စွပ်စွဲပြောဆိုခဲ့သည်။

မူဆလင်လူမျိုးပိုင် ရွှေဆိုင်တွင် အငြင်းပွားကြရာမှ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် မူဆလင်အသိုင်းအဝိုင်းမှ အနည်းဆုံး ၄၃ ဦး သေဆုံးခဲ့ရသည်။

အကြမ်းဖက်မှုသည် အနည်းဆုံး မြို့သုံးမြို့သို့ ဆိုးဝါးစွာ ကူးစက်ခဲ့ပြီး မူဆလင် ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

လူပေါင်း ၂၀၀ ခန့်သေဆုံးကာ လူသောင်းနှင့်ချီ၍ အိမ်များကို စွန့်ပစ်ထွက်ပြေးခဲ့ရသော ရခိုင်ဒေသမှ ပဋိပက္ခပြီးကတည်းက မိတ္ထီလာမြို့မှ အကြမ်းဖက်မှုဖြစ်စဉ်သည် အဆိုးဝါးဆုံးပင် ဖြစ်သည်။

ရခိုင်ပဋိပက္ခတွင် ဗုဒ္ဓဘာသာဝင်များနှင့် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရသော ရိုဟင်ဂျာများ ပါဝင်ခဲ့ကြသည်။

အကြမ်းဖက်မှုများ ဖြစ်ပြီးသကာလ ရွှေ့ပြောင်းခံရသော ရိုဟင်ဂျာများမှာ ယာယီတဲများနှင့် ဒုက္ခသည်စခန်းများတွင် နေကြရကာလူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုများ ကြီးထွားလာလျှက် ရှိသည်။


ဂျပန်လျှပ်စစ် အင်ဂျင်နီယာနည်းပညာ ကျွမ်းကျင်မှုကို မြန်မာသို့ ကူညီဖြည့်ဆည်းမည်

(The Japan Times မှ 23 Aug 2013 ရက်စွဲပါ  “Myanmar Offered Power Know.How” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ လျှပ်စစ်အင်ဂျင်နီယာ နည်းပညာကျွမ်းကျင်မှုကို မြန်မာနိုင်ငံသို့ ဖြန့်ဖြူးကူညီပေးမည်ဟု ဂျပန်ကုန်သွယ်ရေးဝန်ကြီး တိုရှီမီဆူမိုတီဂီက မြန်မာသမ္မတဦးသိန်းစိန်အား ပြောကြားခဲ့ကြောင်း နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲများ အပြီးတွင် ဂျပန်အစိုးရတာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုသည်။

သဘာဝပတ်ဝန်းကျင်အတွက် ဘေးကင်းသော ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက် လိုကြောင်း ထုတ်ဖော်ပြောဆိုသူ သမ္မတဦးသိန်းစိန်အား ဂျပန်ဝန်ကြီး မိုတီဂီက “ ဂျပန်နည်းပညာကို မြန်မာတို့က အသုံးပြုလိမ့် မယ်ဟု မျှော်လင့်ကြောင်း”ကြာသပတေ့နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာသမ္မတကလည်း ပြည်တွင်းထွက်သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေးနှစ်မျိုးစလုံး၍ ဓါတ်အား ထုတ်လုပ်နိုင်စွမ်းကို မဖြစ်မနေလိုအပ်ကြောင်း ဂျပန်ဝန်ကြီးမိုတီဂီအားပြောကြားခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံသည် လျှပ်စစ်ဓါတ်အား မလုံလောက်မှုကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရပြီး၊ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားနေသောကြောင့် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားကုမ္မဏီများကို စိတ်ပျက်လက်ပျက် ဖြစ်စေမည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment